ကာတွန်းကိုရွှေထူး(ပြည်)ရဲ့ ဇာတ်ကောင် ရပ်ကွက်လူကြီးဦးမောင်တင့် ကွယ်လွန်သွားပြီတဲ့

ကာတွန်းကိုရွှေထူး(ပြည်)ရဲ့ ဇာတ်ကောင် ရပ်ကွက်လူကြီးဦးမောင်တင့် ကွယ်လွန်သွားပြီတဲ့ … စိတ်ထဲမကောင်းရပြန်ပါဘူး။ ကိုရွှေထူး(ပြည်)ကိုသိပ်ကြိုက်ခဲ့တာပေါ့

သူ့အရုပ်လေးတွေကလှပြီး စာတွေက ကလေးသူငယ်တွေအဆိပ်မသင့်လို့ပါပဲ ။ ကိုမောင်တင့် မိချို သူတို့သား နိုင်ထူး သူတို့မိသားစုဟာ ကာတွန်းဆရာရဲ့ ညီဝမ်းကွဲထင်တယ် အပြင်မှာတကယ်ရှိတယ်လို့ Interview တစ်ခုမှာဖတ်ဖူးတယ် ။နောက် သူတို့ရေးနေတဲ့ ဆင်စုတို့ ဘာတို့ရပ်ကွက်တွေက ပြည်မှာတကယ်ရှိသတဲ့ ဦးမောင်တင့် ဇာတ်ကောင်ဟာ တိုက်ပုံအကျီ လည်ကတုံးအကျီအဖြူ ပုဆိုးအမြဲဝတ်ဆင်တက်ကာ စိတ်သဘောကောင်းပြီး လူတွေကို ကူညီတက်ပေမယ့် အလွဲလွဲအချော်ချော်တွေလုပ်တက်လွန်းလို့ ဟာသဖြစ်ရသူ တစ်ခါတလေ အာဏာလေးပြချင် ။ သူ့လက်ဖက်ရည်တိုက်ရင် သူ့မိန်းမ မိချိုက ဈေးဝယ်လို့ ပိုထည့်ပေးရင် မျက်နှာသာလေးပေးချင်ချင် လုပ်တက်သေးရဲ့ နောက် အရက်သမားကြီး ပုလုံး သူကတော့ကွယ်လွန်တာကြာပြီ

အဲ့ကာတွန်းတွေနဲ့ ကြီးလာသူတွေသိတယ် သူ့ကြောင့် ရပ်ကွက်ထဲကလူတွေ အကောင်းနေရသူ ချောက်မကျဖူးသူ ခပ်ရှားရှားရယ် မူးရင် ပတ်ရမ်းချင်ပေမယ့် ဦးမောင်တင့်မြင်ရင်တော့ အရူးကွက်နင်းတက်တဲ့ဘအမူးပါး ။ အဲ့ဒါကိုပဲ ငါ့ကြောက်ရှာသားလို့ ဂုဏ်ယူနေသူက ဦးမောင်တင့်ပေါ့ ….

သူကွယ်ရင်တော့ ကိုပုလုံးက ခွီတာပေါ့လေ ။အရက်ဖိုးလေးရရင် ငြိမ်သွားတက်တာကပါသေး ” ကျွန်တော်တို့ရပ်ကွက်ထဲမှာဗျာ” ကိုဖတ်တိုင်း သူတို့နဲ့ တစ်ရပ်ကွက်ထဲနေချင်မိခဲ့တယ် ။ ကိုမြေကြီး ကိုဝင်းအောင် အစုံပဲ (ကိုတွေတက်ပြီးရေးပေမယ့်တကယ်က အသက်ဘ၆၀လောက်ရှိကြတော့မလားပဲ) အပြင်က ကာတွန်းဆရာ စာရေးဆရာတွေကိုရေးထားတာ ။ သူတို့ ရပ်ကွက်လေးက စည်းလုံးပြီး မရှိမရှားလေးနဲ့ နေချင်စဖွယ်လေးပေါ့

အခုတော့ အပြင်မှာ ဦးမောင်တင့်ကွယ်လွန်ပါပြီတဲ့ …..ကာတွန်းတွေထဲ ဆက်လက်ရှင်သန်ခွင့် မြင်တွေ့ခွင့်ရှိတာသိပေမယ့်လည်း…… R.I. P ကာစိတ်မကောင်းဖြစ်ရပြန်ပါပြီ

Source – Shwe Yeye

minkoko110