(၂၁)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့ မှ ကံထူး

(၂၁)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို ယနေ့ (ဒီဇင်ဘာ ၁)နံနက်ကပြုလုပ်ခဲ့ရာ အမြင့်ဆုံးထီဆုကြီးဖြစ်သည့် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းဒေသကြီးမှပင် ဆွတ်ခူးသွားခဲ့သည်။

အဆိုပါ ကျပ်သိန်း တစ်သောင်းဆု ဎ ၃၉၃၀၂၀ နံပတ်ကို ပဲခူးမြို့ ရှိ ရွှေမြန်မာ ရတနာမိုး ပဲခူးတက်နေဝင်းပင်ရင်းထီဆိုင်မှတစ်ဆင့်ဝေါဘုရားကြီးအနားရှိ မြတ်သိန်းစိုး(ဝေါ)ထီဆိုင်တွင် ကံစမ်းခဲ့သူတစ်ဦးကဆွတ်ခူးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် (၂၀ )ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို့ မှ စက်ဘီးပြင်ဆိုင်ဖွင့်သည့် အသက် ၇၄ နှစ်အရွယ်ရှိအဘိုးနှင့်အဘွားမောင်နှံက ဆွတ်ခူးခဲ့သလို ယခု ၂၁ ကြိမ်မြောက်တွင်လည်း ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ် ရှမ်းစုရွာမှ မဝင်းအေးက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကာ ဝေါဈေးတွင် ဈေးရောင်းချနေသူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ရတနာမိုးပဲခူးတက်နေဝင်းပင်ရင်းထီဆိုင်ကမူကျပ်သိန်း တစ်သောင်းဆုကို ၂ လဆက်တိုက်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်းနှင့် ကံထူးရှင်ကို အတိအကျ ဆက်လက်ကြေညာပေးမည်ဟု ကြေညာထားသည်ကို တွေ့ ရသည်။ Creditး Tnw Aungaung

 

minkoko110