ဇက်ကြော ကျီးပေါင်းရောဂါ ခံစားနေရသူများ လက်တွေ့ ပျောက်ဆေး

ဇက်ကြော ကျီးပေါင်းရောဂါ ခံစားနေရသူများ လက်တွေ့ ပျောက်ဆေး”

ဇက်ကြော ကျီးပေါင်းရောဂါ ခံစားရသော ဝေဒနာရှင်အတွက် စိတ်ပျက်ဖွယ် ဖြစ်ရ၏။ လည်ပင်း၏ အနောက်ဖက် ကုပ်ပိုးတွင် ကျီးပေါင်းတက်ခြင်း ဖြစ်၏။ လက်တွေ့ သက်သာရာက ပျောက်ကင်းစေသောနည်းမှာ

(၁) ရှောက်ရွက် လက်တစ်ဆုပ်

(၂) ကြက်ဟင်းခါးရွက် လက်တစ်ဆုပ်

(၃) သက်ရင်းကြီးရွက် လက်တစ်ဆုပ်

ထို ရှောက်၊ ကြက်၊ သက် အရွက် (၃) ပါးကို ရေစင်အောင် ဆေးပြီး အ၀တ် သန့်သန့်တွင် ထုပ်ရပါသည်။ အ၀တ်ကြပ်ထုပ် (၃) ထုပ်မျှ အလှည့်ကျ ကြပ်ထုပ် ထိုးနိုင်ပါရန် ပြင်ထားရပါသည်။

မီးဖိုပေါ် ရေနွေးအိုး မတည်မှီ အိုးဖုံးပေါ်တွင် အပေါက် ငယ်လေးများ ဖောက်ထားပါ။ ရေနွေးအိုး တည်ပြီး ထုပ်ထားသော ဆေးကြပ်ထုပ်များကို အပေါက် ဖောက်ထာသော အိုးဖုံးပေါ်တင်ပြီး အပေါ်မှ အဖုံးတစ်ခု ထပ်အုပ်ပါ။

ရနွေးငွေ့ကြောင့် ကြပ်ထုပ် ပူလာသောအခါ ကိုက်ခဲ နာကျင်လှသည့် ဇက်ကုပ်ပိုးပေါ်သို့ ကြပ်ထုပ် ထိုးပေးပါ။ တစ်ခါထိုး မိနစ် ၃၀ ဖြစ်ပါသည်။ ဆေးတစ်ထုပ်ပြီး တစ်ထုပ် လဲလှယ်ကာ နေ့စဉ် ကြပ်ထုပ် ထိုးပေးပါ။ သက်သာရာက အပြီးတိုင် ပျောက်ကင်းပါလိမ့်မည်။

ကိုယ်တွေ့ ကုပ်ပိုးကျီးပေါင်း ခံစားနေရသူ တစ်ဦး သက်သာ ပျောက်ကင်းခဲ့သော ဆေးကြပ်ထုပ် နည်းလမ်းလေးအား လိုသူတို့ သုံးနိုင်ပါရန် မျှဝေ လိုက်ပါသည်။ ရဲမျိုးသူ (ဗောဓိမြိုင်) -Credit: စိုက်​ပျိုး​ရေးနှင့်​ အ​ထွေ​ထွေဗဟုသုတ

 

minkoko110