အသက်အကြီးဆုံး ကိုဗစ်လူနာဖြစ်တဲ့ အသက် (၉၈)နှစ်အရွယ်အဘွား ရောဂါပျောက်ကင်းကာ ဆေးရုံကဆင်းခွင့်ရ

Unicodeဖြင့်ဖတ်ရန်

 

မိသားစုလိုက် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်ကူးစက်ခံရပြီး ဆေးကုသမှုခံယူနေတဲ့ (၉၈)နှစ်အရွယ် အဘွားတစ်ဦး ရောဂါပျောက်ကင်းကာ ဆေးရုံက ဆင်းခွင့်ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အဘွားက ပုသိမ်က ကိုဗစ်လူနာတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပြီး စက်တင်ဘာလ (၂၉)ရက်နေ့ကပဲ ဆေးရုံက ဆင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့မှာ အဘွားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေရှိခဲ့ပါတယ်။ ဘာလို့လဲဆို အဘွားကအသက်လည်းအရမ်းကြီးနေပြီဆိုတော့ ဒီရောဂါဒဏ်ကို ခံနိုင်ပါ့မလားဆိုတာပါ။ ဆေးရုံတက်နေတဲ့ကာလတစ်လျှောက်မှာလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ နေထိုင်စားသောက်မှုပုံစံတွေကအစ စနစ်တကျနဲ့ လုပ်ခဲ့တာပါ။ အခုလိုရောဂါပျောက်ကင်းသွားတာတော့ မိသားစုတွေနဲ့ ထပ်တူ ပျော်ရွှင်ရတာပေါ့ဗျာ”လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က Duwun ကိုပြောပါတယ်။

အဖွားတို့က မိသားစုလိုက် ကိုဗစ်ကူးစက်ခံရတာဖြစ်ပြီး အဲဒီမှာ အသက် (၉၈)နှစ်အရွယ် အဖွားပါသလို အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ခဲ့တာပါ။

လက်ရှိမှာ အဆိုပါ အသက် (၅)နှစ်အရွယ် ကလေးအပါအဝင် မိသားစု (၆)ဦးလုံးက ရောဂါပျောက်ကင်းကာ ဆေးရုံကဆင်းခွင့်ရထားပြီးဖြစ်တယ်လို့ သိရပါတယ်။

တစ်မိသားစုလုံးကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မိသားစုအားလုံးရောဂါပျောက်ကင်းသွားပြီဖြစ်တယ်လိုဒါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ လက်ရှိအချိန်ထိတစ်နိုင်ငံလုံး ကိုဗစ်လူနာ(၁၂၄၂၅) ဦးမှာ ပုသိမ်က (၉၂)ဦးပါဝင်ပါတယ်။

ပုသိမ်က ကိုဗစ်လူနာ (၉၂)ဦးလုံးကကျန်းမာရေးအခြေအနေကောင်းမွန်လျှက်ရှိပြီး (၃၂)ဦးကတော့ ဆေးရုံက ဆင်းခွင့်ရရှိထားပြီဖြစ်ပါတယ်။

Credit:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

အသက္အႀကီးဆုံး ကိုဗစ္လူနာျဖစ္တဲ့ အသက္ (၉၈)ႏွစ္အ႐ြယ္အဘြား ေရာဂါေပ်ာက္ကင္းကာ ေဆး႐ုံကဆင္းခြင့္ရ

 

မိသားစုလိုက္ ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။

ပုသိမ္ေဆး႐ုံႀကီးမွာ ကိုဗစ္ကူးစက္ခံရၿပီး ေဆးကုသမႈခံယူေနတဲ့ (၉၈)ႏွစ္အ႐ြယ္ အဘြားတစ္ဦး ေရာဂါေပ်ာက္ကင္းကာ ေဆး႐ုံက ဆင္းခြင့္ရရွိသြားၿပီျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ အဘြားက ပုသိမ္က ကိုဗစ္လူနာေတြထဲမွာ အသက္အႀကီးဆုံး ျဖစ္ၿပီး စက္တင္ဘာလ (၂၉)ရက္ေန႔ကပဲ ေဆး႐ုံက ဆင္းခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

“ ကြၽန္ေတာ္တို႔မွာ အဘြားနဲ႔ ပတ္သက္ၿပီး စိုးရိမ္စိတ္ေတြရွိခဲ့ပါတယ္။ ဘာလို႔လဲဆို အဘြားကအသက္လည္းအရမ္းႀကီးေနၿပီဆိုေတာ့ ဒီေရာဂါဒဏ္ကို ခံႏိုင္ပါ့မလားဆိုတာပါ။ ေဆး႐ုံတက္ေနတဲ့ကာလတစ္ေလွ်ာက္မွာလည္း က်န္းမာေရးနဲ႔ ပတ္သက္လို႔ ေနထိုင္စားေသာက္မႈပုံစံေတြကအစ စနစ္တက်နဲ႔ လုပ္ခဲ့တာပါ။ အခုလိုေရာဂါေပ်ာက္ကင္းသြားတာေတာ့ မိသားစုေတြနဲ႔ ထပ္တူ ေပ်ာ္႐ႊင္ရတာေပါ့ဗ်ာ”လို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္က Duwun ကိုေျပာပါတယ္။

အဖြားတို႔က မိသားစုလိုက္ ကိုဗစ္ကူးစက္ခံရတာျဖစ္ၿပီး အဲဒီမွာ အသက္ (၉၈)ႏွစ္အ႐ြယ္ အဖြားပါသလို အသက္ (၅)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးလည္းပါဝင္ခဲ့တာပါ။

လက္ရွိမွာ အဆိုပါ အသက္ (၅)ႏွစ္အ႐ြယ္ ကေလးအပါအဝင္ မိသားစု (၆)ဦးလုံးက ေရာဂါေပ်ာက္ကင္းကာ ေဆး႐ုံကဆင္းခြင့္ရထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

တစ္မိသားစုလုံးကူးစက္ခံခဲ့ရတာျဖစ္ၿပီး လက္ရွိမွာ မိသားစုအားလုံးေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္တယ္လိုဒါက္တာ သန္းမင္းထြဋ္ကေျပာပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ အရ လက္ရွိအခ်ိန္ထိတစ္ႏိုင္ငံလုံး ကိုဗစ္လူနာ(၁၂၄၂၅) ဦးမွာ ပုသိမ္က (၉၂)ဦးပါဝင္ပါတယ္။

ပုသိမ္က ကိုဗစ္လူနာ (၉၂)ဦးလုံးကက်န္းမာေရးအေျခအေနေကာင္းမြန္လွ်က္ရွိၿပီး (၃၂)ဦးကေတာ့ ေဆး႐ုံက ဆင္းခြင့္ရရွိထားၿပီျဖစ္ပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment