ဧရာဝတီစင်တာအတွက် အလှူငွေ (၁၀)သိန်းလှူဒါန်းခဲ့တဲ့ အာဇာနည်တို့မိသားစု
Unicodeဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ဦးဇော်ဇော် ဦးဆောင်တဲ့ ဧရာဝတီစင်တာဟာ Covid-19 ကာလမှာ လိုအပ်နေတဲ့ နေရာတွေကို သိန်းပေါင်းများစွာ အကုန်ကျခံပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတာပါ ။ လိုအပ်နေတဲ့ နေရာတွေအတွက် စက်ပစ္စည်းတွေ အစားသောက်တွေ နဲ့ တခြားလိုအပ်နေတာတွေကို လှူဒါန်းနေပြီး တခြားသော စေတနာရှင်တွေကလည်း ပါဝင်လှူဒါန်းနေကြတာပဲဖြစ်ပါတယ် ။
အခုလို လှူဒါန်းမှုမှာ အနုပညာရှင်တွေလည်း အားတက်သရောပါဝင်လှူဒါန်းခဲ့ကြပြီး ဧရာဝတီစင်တာအတွက် အဆိုတော် အာဇာနည်နဲ့ ဝမ်းတို့မိသားစုက အလှူငွေ (၁၀)သိန်းကျပ်တိတိကို လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ ဧရာဝတီဖောင်ဒေးရှင်းက အဓိက ပံံ့ပိုးကူညီဦးဆောင်မှုနဲ့ Covid-19 လူနာများကို လက်ခံကုသပေးမယ့် ဧရာဝတီစင်တာအတွက် အခုလိုလှူဒါန်းခဲ့တဲ့ အာဇာနည် တို့မိသားစုရဲ့အလှူလေးကို ဧရာဝတီဖောင်ဒေးရှင်း ပေ့ချ်ကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ်
အာကြီးတို့မိသားစုလေးကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ ဒီထက်မကလှူနိုင်ပြီး ကျန်းမာချမ်းသာကြပါစေဆိုတဲ့ ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြပြီး အလှူအတွက်လည်း သာဓုတွေ ခေါ်ဆိုခဲ့ကြပါတယ် ။ အာကြီးကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်တွေအတွက်လည်း မွန်မြတ်တဲ့အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Ayarwady Foundation
Crd Rainbow- Cele Gabar
Zawgyiဖြင့်ဖတ်ရန်
Crd Rainbow- Cele Gabar
Focus Myanmar Team
Leave a Reply
Your email address will not be published. Required fields are marked *
Post comment