Zawgyiျဖင့္ဖတ္ရန္

ပရိသတ္ေတြအတြက္ ရယ္႐ႊင္စရာ ဟာသေလးေတြကို ဖန္တီးေပးေနတဲ့ ခင္လႈိင္ကေတာ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပါ။ ခင္လႈိင္က ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာမွာ ဇာတ္ပို႔ဇာတ္ရံတစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ထားတဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။လက္ရွိမွာေတာ့ ခင္လႈိင္က အႏုပညာအလုပ္ေတြနဲ႔အတူ ဇဝနေဖာင္ေဒးရွင္းကို တည္ေထာင္ၿပီး ဟာသပညာရွင္ အသက္အ႐ြယ္ႀကီးရင့္သူမ်ားကို ေဆးဝါးေထာက္ပံ့မႈေတြ ျပဳလုပ္ေပးေနသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ဒါ့အျပင္ အမွန္တကယ္လိုအပ္ေနတဲ့ ေနရာေတြမွာလည္း ခင္လႈိင္ဦးစီးတဲ့ ဇဝနေဖာင္ေဒးရွင္းကေန သြားေရာက္လႉဒါန္းမႈေတြကို ျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မြန္ျပည္နယ္ေရေဘးသင့္ျပည္သူမ်ားအတြက္ သြားေရာက္လွဴဒါန္းႏိုင္ေအာင္ ေရး၊ေမာ္လၿမိဳင္နဲ႔ တျခားေသာေနရာေတြမွာ သြားေရာက္အလွဴခံခဲ့တာျဖစ္ပါတယ္။ ယခုလိုသြားေရာက္အလွဴခံတဲ့ ေနရာမွာ ခင္လႈိင္အပါအဝင္၊ ေနရဲ၊ယြန္းေ႐ႊရည္၊ပြင့္နဒီေမာင္ စသျဖင့္ တျခားေသာအႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြကလည္း အႏုပညာဒါနအေနနဲ႔ ပါဝင္လွဴဒါန္းခဲ့တယ္လို႔သိရပါတယ္။

ရရွိလာတဲ့ အေလႉေငြမ်ားကို ကိုယ္တိုင္ကိုယ္က်သြားေရာက္လွဴဒါန္းခဲ့တာျဖစ္ၿပီး”ကြၽန္ေတာ္တို႔အႏုပညာညီအကိုေမာင္ႏွမမ်ားမြန္ျပည္နယ္အတြင္းေနထိုင္ၾကေသာေရေဘးသင့္ျပည္သူမ်ားရွိရာၿမိဳ႕နယ္မ်ားသို႔လွည့္လည္ၿပီး (၇) ရက္သားသမီး အလႉရွင္မ်ားဝိုင္းဝန္းလွဴဒါန္းထားေသာအလွဴပစၥည္းမ်ားကိုလွဴဒါန္းရင္းႏွင့္ေသာကေရာက္ေနေသာေရေဘးသင့္မိဘျပည္သူမ်ားကိုအႏုညာမ်ားျဖင့္ေဖ်ာ္ေျဖခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အဖြဲ႕မ်ားကိုလိုေလေစ့ မရွိရေအာင္အစစအရာရာအကူအညီမ်ားေပးၿပီးေႏြးေထြးစြာႀကိဳဆိုခဲ့ၾကေသာ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႀကီးႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ားမြန္ျပည္နယ္မွမိဘျပည္သူမ်ားႏွင့္ ကြၽန္ေတာ္တို႔အဖြဲ႕ သြားလာေနထိုင္စားေသာက္ဖို႔အတြက္အစစအရာရာပံ့ပိုးကူညီေပးပါေသာ သူမ်ားကိုလည္း အထူးပဲေက်းဇူးတင္ရွိပါတယ္” ဆိုၿပီး ခင္လႈိင္က သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန ေဖာ္ျပထားတာကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္….။

Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေအတွက် ရယ်ရွှင်စရာ ဟာသလေးတွေကို ဖန်တီးပေးနေတဲ့ ခင်လှိုင်ကတော့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ ခင်လှိုင်က ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ခင်လှိုင်က အနုပညာအလုပ်တွေနဲ့အတူ ဇဝနဖောင်ဒေးရှင်းကို တည်ထောင်ပြီး ဟာသပညာရှင် အသက်အရွယ်ကြီးရင့်သူများကို ဆေးဝါးထောက်ပံ့မှုတွေ ပြုလုပ်ပေးနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ဒါ့အပြင် အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာလည်း ခင်လှိုင်ဦးစီးတဲ့ ဇဝနဖောင်ဒေးရှင်းကနေ သွားရောက်လှူဒါန်းမှုတွေကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းနိုင်အောင် ရေး၊မော်လမြိုင်နဲ့ တခြားသောနေရာတွေမှာ သွားရောက်အလှူခံခဲ့တာဖြစ်ပါတယ်။ ယခုလိုသွားရောက်အလှူခံတဲ့ နေရာမှာ ခင်လှိုင်အပါအဝင်၊ နေရဲ၊ယွန်းရွှေရည်၊ပွင့်နဒီမောင် စသဖြင့် တခြားသောအနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း အနုပညာဒါနအနေနဲ့ ပါဝင်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ရရှိလာတဲ့ အလှေူငွေများကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး”ကျွန်တော်တို့အနုပညာညီအကိုမောင်နှမများမွန်ပြည်နယ်အတွင်းနေထိုင်ကြသောရေဘေးသင့်ပြည်သူများရှိရာမြို့နယ်များသို့လှည့်လည်ပြီး (၇) ရက်သားသမီး အလှူရှင်များဝိုင်းဝန်းလှူဒါန်းထားသောအလှူပစ္စည်းများကိုလှူဒါန်းရင်းနှင့်သောကရောက်နေသောရေဘေးသင့်မိဘပြည်သူများကိုအနုညာများဖြင့်ဖျော်ဖြေခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့များကိုလိုလေစေ့ မရှိရအောင်အစစအရာရာအကူအညီများပေးပြီးနွေးထွေးစွာကြိုဆိုခဲ့ကြသော မွန်ပြည်နယ်ဝန်ကြီးချုပ်ကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမွန်ပြည်နယ်မှမိဘပြည်သူများနှင့် ကျွန်တော်တို့အဖွဲ့ သွားလာနေထိုင်စားသောက်ဖို့အတွက်အစစအရာရာပံ့ပိုးကူညီပေးပါသော သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်” ဆိုပြီး ခင်လှိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်….။

credit – celegabar