Zawgyiျဖင့္ဖတ္ရန္

ခႏၶာကိုယ္က်န္းမာလွပဖို႔ ေလ့က်င့္ခန္းလည္း လုပ္ခ်င္တယ္၊ ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္းေတြလည္း မလုပ္ခ်င္ဘူးဆိုတဲ့သူေလးေတြအတြက္ အသင့္ေတာ္ဆုံးေလ့က်င့္ခန္းကေတာ့ ေန႔စဥ္ထိုင္ထလုပ္ေပးတာပါပဲ။ ထိုင္ထေလ့က်င့္ခန္းက အရမ္း႐ိုးရွင္းလြန္းေပမယ့္ ရလာမယ့္ အက်ိဳးသက္ေရာက္မႈေတြက အံ့မခန္းမို႔ အထင္ေသးလို႔ေတာ့ မရဘူးေနာ္။

(၁) တင္းေနတဲ့ႂကြက္သားေတြကို ေျပေလ်ာ့ေစတယ္

ထိုင္ထေလ့က်င့္ခန္းက ခႏၶာကိုယ္က ႂကြက္သားေတြ တင္းက်ပ္ေနတာကို ေျပေလ်ာ့ေစႏိုင္ၿပီး ဝမ္းဗိုက္ႂကြက္သား၊ ေျခသလုံးနဲ႔ေပါင္ႂကြက္သားေတြကို က်စ္လစ္သြားေစတာေၾကာင့္ သြယ္လ်လွပတဲ့ ေျခေထာက္ေလးေတြကို ရရွိေစၿပီး ဗိုက္ေလးေတြကိုလည္း ခ်ပ္လာေစပါတယ္။

တစ္ေန႔ ထိုင္ထ အခါ (၂၀) လုပ္႐ုံနဲ႔ သင့္ခႏၶာကိုယ္မွာ ျဖစ္လာမယ့္ ေကာင္းက်ိဳးေတြ..

(၂) ေလးလံထိုင္းမႈိင္းမႈေတြကို ေျပေပ်ာက္ေစတယ္

ထိုင္ထလုပ္တာက တစ္ကိုယ္လုံးမွာရွိတဲ့ ေသြးေၾကာေတြကို ပြင့္ေစၿပီး ေသြးလွည့္ပတ္မႈ ေကာင္းေစတာေၾကာင့္ ေလးလံထိုင္းမႈိင္းမႈေတြကို ေျပေပ်ာက္ေစၿပီး သြားလာလႈပ္ရွားရတာ အရင္ကထက္ အမ်ားႀကီးေပါ့ပါးသြက္လက္လာပါလိမ့္မယ္။

(၃) အဆီက်ေစတယ္

တင္ပါးမွာ ရွိတဲ့အဆီပိုေတြကို အခ်ိန္တိုအတြင္း က်ေစၿပီး က်စ္လစ္လွပတဲ့ တင္ပါးေလးေတြကို ပိုင္ဆိုင္ေစႏိုင္တာကလည္း ထိုင္ထေလ့က်င့္ခန္းပါပဲ။ ဒါေၾကာင့္ တင္ပါးလွခ်င္တယ္၊ တင္ပါးက အဆီပိုေတြကို ေလွ်ာ့ခ်ခ်င္တယ္၊ တင္ပါးေဘးခ်ိဳင့္တာေတြကို ျပည့္ခ်င္တယ္ဆိုရင္ ေန႔စဥ္ထိုင္ထေလ့က်င့္ခန္းလုပ္႐ုံပါပဲ။တစ္ေန႔ ထိုင္ထ အခါ (၂၀) လုပ္႐ုံနဲ႔ သင့္ခႏၶာကိုယ္မွာ ျဖစ္လာမယ့္ ေကာင္းက်ိဳးေတြ..

(၄) ႂကြက္သားနဲ႔အ႐ိုးအဆစ္ေတြကို က်န္းမာသန္စြမ္းေစတယ

ထိုင္ထေလ့က်င့္ခန္းကို ပုံမွန္လုပ္တာက ေျခေထာက္ႂကြက္သားနဲ႔ အ႐ိုးအဆစ္ေတြကိူ က်န္းမာသန္စြမ္းေစတာေၾကာင့္ အသက္ႀကီးလာတဲ့အခါ ေျခေထာက္ေသြးေၾကာပိတ္တာေတြ၊ ေလျဖတ္တာေတြ မျဖစ္ေအာင္ ကာကြယ္ထားၿပီးသားလည္းျဖစ္သြားပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီးေတြ အသက္ရလာရင္ျဖစ္တတ္တဲ့ အ႐ိုးပါး၊ အ႐ိုးပြေရာဂါ မျဖစ္ေအာင္လည္း ကာကြယ္တားဆီးေပးႏိုင္ပါတယ္။

(၅) ခႏၶာကိုယ္ေကာက္ေၾကာင္းလွပေစတယ္

ထိုင္ထေလ့က်င့္ခန္းကို ေန႔တိုင္းပုံမွန္လုပ္ေပးသြားမယ္ဆို ခႏၶာကိုယ္အလွကို ဖ်က္ေနတဲ့ အဆီပိုေတြကို ဖယ္ရွားေပးၿပီး ေကာက္ေၾကာင္းလွလွေလးကို ရရွိေစႏိုင္တာေၾကာင့္ တျခားေလ့က်င့္ခန္းေတြကို အပင္ပန္းခံၿပီးလုပ္ေနတာထက္ ဒါကိုပဲ ပုံမွန္လုပ္ေပးသြားရင္ ရပါၿပီေနာ္။

ထိုင္ထေလ့က်င့္ခန္းကို နည္းမွန္လမ္းမွန္ဘယ္လိုလုပ္မလဲထိုင္ထလုပ္တဲ့အခါ ဒူးေတြကို မထိခိုက္ေအာင္ လုပ္တတ္ဖို႔လိုပါတယ္။ ဒါေၾကာင့္ အျပည့္ထိုင္ထေလ့က်င့္ခန္းထက္၊ တစ္ဝက္ထိုင္ထေလ့က်င့္ခန္းက လူတိုင္းနဲ႔ ပိုၿပီးသင့္ေတာ္ပါတယ္။ ၿပီးေတာ့ တစ္ေန႔ကို အခါ ၂၀ ေလာက္ လုပ္ရင္ လုံေလာက္ပါၿပီ။

Unicode ဖြင့်ဖတ်ရန်

ခန္ဓာကိုယ်ကျန်းမာလှပဖို့ လေ့ကျင့်ခန်းလည်း လုပ်ချင်တယ်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေလည်း မလုပ်ချင်ဘူးဆိုတဲ့သူလေးတွေအတွက် အသင့်တော်ဆုံးလေ့ကျင့်ခန်းကတော့ နေ့စဉ်ထိုင်ထလုပ်ပေးတာပါပဲ။ ထိုင်ထလေ့ကျင့်ခန်းက အရမ်းရိုးရှင်းလွန်းပေမယ့် ရလာမယ့် အကျိုးသက်ရောက်မှုတွေက အံ့မခန်းမို့ အထင်သေးလို့တော့ မရဘူးနော်။

(၁) တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေတယ်

ထိုင်ထလေ့ကျင့်ခန်းက ခန္ဓာကိုယ်က ကြွက်သားတွေ တင်းကျပ်နေတာကို ပြေလျော့စေနိုင်ပြီး ဝမ်းဗိုက်ကြွက်သား၊ ခြေသလုံးနဲ့ပေါင်ကြွက်သားတွေကို ကျစ်လစ်သွားစေတာကြောင့် သွယ်လျလှပတဲ့ ခြေထောက်လေးတွေကို ရရှိစေပြီး ဗိုက်လေးတွေကိုလည်း ချပ်လာစေပါတယ်။

တစ်နေ့ ထိုင်ထ အခါ (၂၀) လုပ်ရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ကောင်းကျိုးတွေ..

(၂) လေးလံထိုင်းမှိုင်းမှုတွေကို ပြေပျောက်စေတယ်

ထိုင်ထလုပ်တာက တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေကို ပွင့်စေပြီး သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် လေးလံထိုင်းမှိုင်းမှုတွေကို ပြေပျောက်စေပြီး သွားလာလှုပ်ရှားရတာ အရင်ကထက် အများကြီးပေါ့ပါးသွက်လက်လာပါလိမ့်မယ်။

(၃) အဆီကျစေတယ်

တင်ပါးမှာ ရှိတဲ့အဆီပိုတွေကို အချိန်တိုအတွင်း ကျစေပြီး ကျစ်လစ်လှပတဲ့ တင်ပါးလေးတွေကို ပိုင်ဆိုင်စေနိုင်တာကလည်း ထိုင်ထလေ့ကျင့်ခန်းပါပဲ။ ဒါကြောင့် တင်ပါးလှချင်တယ်၊ တင်ပါးက အဆီပိုတွေကို လျှော့ချချင်တယ်၊ တင်ပါးဘေးချိုင့်တာတွေကို ပြည့်ချင်တယ်ဆိုရင် နေ့စဉ်ထိုင်ထလေ့ကျင့်ခန်းလုပ်ရုံပါပဲ။တစ်နေ့ ထိုင်ထ အခါ (၂၀) လုပ်ရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ကောင်းကျိုးတွေ..

(၄) ကြွက်သားနဲ့အရိုးအဆစ်တွေကို ကျန်းမာသန်စွမ်းစေတယ

ထိုင်ထလေ့ကျင့်ခန်းကို ပုံမှန်လုပ်တာက ခြေထောက်ကြွက်သားနဲ့ အရိုးအဆစ်တွေကိူ ကျန်းမာသန်စွမ်းစေတာကြောင့် အသက်ကြီးလာတဲ့အခါ ခြေထောက်သွေးကြောပိတ်တာတွေ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ထားပြီးသားလည်းဖြစ်သွားပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အသက်ရလာရင်ဖြစ်တတ်တဲ့ အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင်လည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

(၅) ခန္ဓာကိုယ်ကောက်ကြောင်းလှပစေတယ်

ထိုင်ထလေ့ကျင့်ခန်းကို နေ့တိုင်းပုံမှန်လုပ်ပေးသွားမယ်ဆို ခန္ဓာကိုယ်အလှကို ဖျက်နေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးပြီး ကောက်ကြောင်းလှလှလေးကို ရရှိစေနိုင်တာကြောင့် တခြားလေ့ကျင့်ခန်းတွေကို အပင်ပန်းခံပြီးလုပ်နေတာထက် ဒါကိုပဲ ပုံမှန်လုပ်ပေးသွားရင် ရပါပြီနော်။

ထိုင်ထလေ့ကျင့်ခန်းကို နည်းမှန်လမ်းမှန်ဘယ်လိုလုပ်မလဲထိုင်ထလုပ်တဲ့အခါ ဒူးတွေကို မထိခိုက်အောင် လုပ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် အပြည့်ထိုင်ထလေ့ကျင့်ခန်းထက်၊ တစ်ဝက်ထိုင်ထလေ့ကျင့်ခန်းက လူတိုင်းနဲ့ ပိုပြီးသင့်တော်ပါတယ်။ ပြီးတော့ တစ်နေ့ကို အခါ ၂၀ လောက် လုပ်ရင် လုံလောက်ပါပြီ။

Credit:MAY THAZINHTOO