Zawgyiျဖင့္ဖတ္ရန္

ပလက္စတစ္ေတြကို ျပန္လည္အသံုးျပဳျခင္းဟာလည္း လက္တေလာ ဖက္ရွင္အသိုက္အ၀န္းမွာ ေခတ္စားေနပါတယ္။ ေနာက္ၿပီး နာမည္ႀကီးအမွတ္တံဆိပ္ေတြကအစ ပလက္စတစ္ေတြကို ဖိနပ္ေတြမွာ ျပန္လည္အသံုးျပဳလာတာကို ေတြ႕ရပါတယ္ေနာ္။ အဲဒီ့ နာမည္ႀကီး အမွတ္တံဆိပ္ေတြကေတာ့ Adidas၊ Parley၊ Rothy’s နဲ႔ Veja တို႔ပဲ ျဖစ္ပါတယ္ေနာ္။

ဒါဟာ အသစ္အသစ္ေတြကို အၿမဲတမ္းထုတ္ေဖာ္တီထြင္ေနတဲ့ ဒီေန႔ေခတ္ႀကီးအတြက္ ေကာင္းေသာလုပ္ေဆာင္ခ်က္ေတြလို႔ပဲ ေျပာရမွာပါပဲ။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ပလက္စတစ္ေတြက ကၽြန္မတို႔ ကမာၻႀကီးကို ေနာက္ၿပီး ကၽြန္မတို႔သတၱ၀ါေတြကို ဘယ္ေလာက္ေတာင္ အဆိပ္သင့္ေစလဲဆိုတာ အားလံုး သိမွာပါ။ ဒီေတာ့ ဖန္တီးထုတ္လုပ္လိုက္ၿပီးမွ ထိန္းမႏုိင္သိမ္းမႏိုင္ ထြက္ေပၚလာတဲ့ ပလက္စတစ္ေတြကို ျဗဟၼာ့ဦးေခါင္းႀကီးလို ေရထဲလည္း ခ်မရ၊ ေျမေပၚလည္း တင္လို႔မရ ျဖစ္ေနၾကမယ့္အစား တက္ႏုိင္သေလာက္ အသစ္ေတြ ထပ္မထုတ္လုပ္ေတာ့ဘဲနဲ႔ ရွိတာေလးေတြပဲ ျပန္လည္အသံုးျပဳေနျခင္းက ပိုၿပီး ေကာင္းပါတယ္ေလေနာ္။

ပလက္စတစ္ကို ျပန္လည္အသံုးျပဳဖို႔ ႀကိဳးစားရာမွာ အဆင့္ေပါင္းမ်ားစြာလည္း ေက်ာ္ျဖတ္ရပါေသးတယ္။ အရင္ဆံုးေတာ့ စြန္႔ပစ္ပလက္စတစ္ေတြ လိုက္စုေဆာင္းရတာေပါ့ေလ။ ၂၀၁၇ခုနစ္မွာ National Geographic ဟာ ကမာၻႀကီးေပၚမွာ ပလက္စတစ္စြန္႔ပစ္ပစၥည္းေတြ မတ္ထရစ္ တန္ ၆ ဘီလီယံေက်ာ္ေတာင္ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ တကယ္ကို တုန္လႈပ္ေျခာက္ျခားစရာလည္း ေကာင္းပါတယ္ေနာ္။

Veja ကေတာ့ ျပင္သစ္အမွတ္တံဆိပ္တစ္ခုျဖစ္ၿပီး အထူးသျဖင့္ Rio de Janeiro နဲ႔ Sao Paulo က စြန္႔ပစ္ပလက္စတစ္ေတြကို စုေဆာင္းအသံုးျပဳၿပီး ဖိနပ္ေတြထဲမွာ ျပန္လည္အသံုးျပဳေနတာပဲ ျဖစ္ပါတယ္။ Rothy’s ကေတာ့ အေမရိကန္အမွတ္တံဆိပ္ပါ။ သူကလည္း အေမရိကန္တစ္ခြင္က စြန္႔ပစ္ပလက္စတစ္ေတြကို ျပန္လည္စုေဆာင္းၿပီး အသံုးျပဳေနပါတယ္။ Parley ကေတာ့ Adidas နဲ႔ မိတ္ဖက္အမွတ္တံဆိပ္အျဖစ္ ၂၀၁၅ခုနစ္က ခံယူခဲ့ၿပီး ပင္လယ္ထဲမွာ စြန္႔ပစ္ထားတဲ့ ပလက္စတစ္အမႈိက္ေတြကို ျပန္လည္သန္႔စင္အသံုးျပဳေပးေနတာပါ။

ဒီလို သဘာ၀ပတ္၀န္းက်င္ကို နာမည္ႀကီးဖက္ရွင္အမွတ္တံဆိပ္ေတြကပါ တစ္ဖက္တစ္လမ္းက ကူညီေဆာင္ရြက္ေပးေနတာေတြဟာ အားရစရာႀကီးပါပဲ။ အခု ေဖာ္ျပေပးတဲ့ အမွတ္တံဆိပ္ေတြအျပင္ ဒီလို စြန္႔ပစ္ပစၥည္းေတြကို ျပန္လည္အသံုးျပဳေပးေနတဲ့ အျခား Stella McCartney တို႔လို အမွတ္တံဆိပ္ေတြလည္း ရွိပါေသးတယ္။ ဒါ့အျပင္ တခ်ိဳ႕ ႏိုင္ငံေတြမွာ နာမည္ႀကီးစားေသာက္ဆိုင္ေတြကလည္း ပလက္စတစ္ပိုက္ေတြကို မေပးေတာ့တာေတြလည္း ေတြ႕ရပါတယ္။ ကမာၻေလာကႀကီးကို ဒုကၡေကာင္းေကာင္းေပးေနတဲ့ ဒီပလက္စတစ္ေတြကို ကၽြန္မတို႔လည္း ကိုယ္ထူကိုယ္ထစနစ္နဲ႔ တုိက္ဖ်က္ၾကပါစို႔ေနာ္။

Moethaesay (Akhayar)

Unicode ဖြင့်ဖတ်ရန်

ပလက်စတစ်တွေကို ပြန်လည်အသုံးပြုခြင်းဟာလည်း လက်တလော ဖက်ရှင်အသိုက်အဝန်းမှာ ခေတ်စားနေပါတယ်။ နောက်ပြီး နာမည်ကြီးအမှတ်တံဆိပ်တွေကအစ ပလက်စတစ်တွေကို ဖိနပ်တွေမှာ ပြန်လည်အသုံးပြုလာတာကို တွေ့ရပါတယ်နော်။ အဲဒီ့ နာမည်ကြီး အမှတ်တံဆိပ်တွေကတော့ Adidas၊ Parley၊ Rothy’s နဲ့ Veja တို့ပဲ ဖြစ်ပါတယ်နော်။

ဒါဟာ အသစ်အသစ်တွေကို အမြဲတမ်းထုတ်ဖော်တီထွင်နေတဲ့ ဒီနေ့ခေတ်ကြီးအတွက် ကောင်းသောလုပ်ဆောင်ချက်တွေလို့ပဲ ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုရင်တော့ ပလက်စတစ်တွေက ကျွန်မတို့ ကမ္ဘာကြီးကို နောက်ပြီး ကျွန်မတို့သတ္တဝါတွေကို ဘယ်လောက်တောင် အဆိပ်သင့်စေလဲဆိုတာ အားလုံး သိမှာပါ။ ဒီတော့ ဖန်တီးထုတ်လုပ်လိုက်ပြီးမှ ထိန်းမနိုင်သိမ်းမနိုင် ထွက်ပေါ်လာတဲ့ ပလက်စတစ်တွေကို ဗြဟ္မာ့ဦးခေါင်းကြီးလို ရေထဲလည်း ချမရ၊ မြေပေါ်လည်း တင်လို့မရ ဖြစ်နေကြမယ့်အစား တက်နိုင်သလောက် အသစ်တွေ ထပ်မထုတ်လုပ်တော့ဘဲနဲ့ ရှိတာလေးတွေပဲ ပြန်လည်အသုံးပြုနေခြင်းက ပိုပြီး ကောင်းပါတယ်လေနော်။

ပလက်စတစ်ကို ပြန်လည်အသုံးပြုဖို့ ကြိုးစားရာမှာ အဆင့်ပေါင်းများစွာလည်း ကျော်ဖြတ်ရပါသေးတယ်။ အရင်ဆုံးတော့ စွန့်ပစ်ပလက်စတစ်တွေ လိုက်စုဆောင်းရတာပေါ့လေ။ ၂၀၁၇ခုနစ်မှာ National Geographic ဟာ ကမ္ဘာကြီးပေါ်မှာ ပလက်စတစ်စွန့်ပစ်ပစ္စည်းတွေ မတ်ထရစ် တန် ၆ ဘီလီယံကျော်တောင် ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ တကယ်ကို တုန်လှုပ်ခြောက်ခြားစရာလည်း ကောင်းပါတယ်နော်။

Veja ကတော့ ပြင်သစ်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အထူးသဖြင့် Rio de Janeiro နဲ့ Sao Paulo က စွန့်ပစ်ပလက်စတစ်တွေကို စုဆောင်းအသုံးပြုပြီး ဖိနပ်တွေထဲမှာ ပြန်လည်အသုံးပြုနေတာပဲ ဖြစ်ပါတယ်။ Rothy’s ကတော့ အမေရိကန်အမှတ်တံဆိပ်ပါ။ သူကလည်း အမေရိကန်တစ်ခွင်က စွန့်ပစ်ပလက်စတစ်တွေကို ပြန်လည်စုဆောင်းပြီး အသုံးပြုနေပါတယ်။ Parley ကတော့ Adidas နဲ့ မိတ်ဖက်အမှတ်တံဆိပ်အဖြစ် ၂၀၁၅ခုနစ်က ခံယူခဲ့ပြီး ပင်လယ်ထဲမှာ စွန့်ပစ်ထားတဲ့ ပလက်စတစ်အမှိုက်တွေကို ပြန်လည်သန့်စင်အသုံးပြုပေးနေတာပါ။

ဒီလို သဘာဝပတ်ဝန်းကျင်ကို နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်တွေကပါ တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးနေတာတွေဟာ အားရစရာကြီးပါပဲ။ အခု ဖော်ပြပေးတဲ့ အမှတ်တံဆိပ်တွေအပြင် ဒီလို စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပေးနေတဲ့ အခြား Stella McCartney တို့လို အမှတ်တံဆိပ်တွေလည်း ရှိပါသေးတယ်။ ဒါ့အပြင် တချို့ နိုင်ငံတွေမှာ နာမည်ကြီးစားသောက်ဆိုင်တွေကလည်း ပလက်စတစ်ပိုက်တွေကို မပေးတော့တာတွေလည်း တွေ့ရပါတယ်။ ကမ္ဘာလောကကြီးကို ဒုက္ခကောင်းကောင်းပေးနေတဲ့ ဒီပလက်စတစ်တွေကို ကျွန်မတို့လည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ တိုက်ဖျက်ကြပါစို့နော်။

Credit; Moethaesay (Akhayar)