Zawgyiဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

Credit: Duwun

ကချင်ပြည်နယ်မြစ်ကြီးနားလေဆိပ်မှာတန်ဖိုးကျပ်သိန်းပေါင်းထောင်ချီတန်တဲ့ကျောက်စိမ်းတုံးကြီးကိုဒီနေ့ဇန်နဝါရီလ၁၆ရက်နေ့မှာစိုက်ထူလိုက်တယ်လို့ သိရပါတယ်။

Photo – Win Zaw Oo

အဲ့ဒီသိန်းထောင်ချီတန်တဲ့ကျောက်စိမ်းတုံးထားရှိရေးအတွက်ကချင်ကျောက်စိမ်းသူဌေးဒေါက်တာဘန်လွန်ဘွမ်ယွန်ကကချင်ပြည်နယ်အစိုးရမှ တဆင့် လှူဒါန်ခဲ့တာဖြစ်တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

“ကချင်ပြည်နယ်ဟာကျောက်စိမ်းအဓိကထွက်တဲ့ပြည်နယ်ဖြစ်ပြီးဂုဏ်ယူစရာတစ်ခုအနေနဲ့ခုလိုကျောက်စိမ်းတုံးကြီးစိုက်ထူခဲ့တာဖြစ်ပါတယ်။”လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကျောက်စိမ်းတုံးကြီး၏အလေးချိန်သည်အလုံးကြီးမှာတန်၉တန်ကျော်ရှိပြီးကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ်စိုက်ထူးခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီကျောက်စိမ်းတုံးကြီးကိုကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နဲ့အတူတာဝန်ရှိသူတွေနဲ့မြစ်ကြီးနားဒေသခံတွေကတက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။

Credit: Duwun