Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အနုပညာကို တကယ်ချစ်မြတ်နိုးပြီး၊ ပရိသတ်ကိုလည်း အနှစ်သာရပြည့်ဝတဲ့ ကြိုးစားထားမှုတွေကို ချပြတတ်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ခရစ္စတီးနားခီကတော့ ပြောင်းလဲမှုကို သဘောကျသူတစ်ဦးမို့ မြန်မာပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ခရစ္စတီးနားခီက အမှားဆီမှာပဲ တဝဲလည်လည် နေချင်ကြတဲ့ သူတစ်ချို့အကြောင်းကို ပြောလာတာတာ တွေ့ရပါတယ်။ သေချာဖတ်လေ ထိမိတဲ့ အတွေးအခေါ်တွေဖြစ်မှန်းသိလာလေဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ပညာသားပါတဲ့ စကားတွေကတော့ တစ်ချို့သောသူတွေကို ထိရှသွားစေမှာ အမှန်ပါပဲနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ပညာသားပါတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ လေးနက်တဲ့ စကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခရစ္စတီးနားခီကတော့ “အမှားများလာလျှင် အမှန်ပျောက်သွားတတ်သည်။ အမှန်ပျောက်လာပြီဆိုလျှင် system ပျက်လာသည့်သဘောဖြစ်သည်။ System ပျက်နေချိန်တွင် အမှားအား ပြင်ဆင် ဖို့ ကြိုးစားတိုင်း အမှားနှင့်နေသားကျနေသူတို့နှင့်ထိပ်တိုက်တွေ့ကြရတော့သည်။ System အမှန်အား လက်ခံချင်သူများသည်လည်း မိမိအကျိုးစီးပွားထိခိုက်လာမည်ဆိုလျှင် အမှားဆီမှာသာ တဝဲလည်လည်နေချင်ကြသည်။ သူများနိုင်ငံဘာကြောင့်တိုးတက်အောင်မြင်သည်ကိုလည်း မှန်ကန်စွာမဝေခွဲနိုင်…မသုံးသပ်နိုင်…မလေ့လာနိုင်…အကျိုးစီးပွားဆိုသည်မှာ သားစဉ်မြေးဆက် တွေးတောကြံဆ လုပ်ဆောင်ရသည်ကိုလည်း system ပျက်နှင့်နေသားကျသူတို့ မမြင်နိုင်ပြန်…
သိခြင်းသည် လက်ခံ ကျင့်သုံးနိုင်ခြင်း နှင့်ဝေးကွာနေပြန်သည်။ ထို့ကြောင့်…အမှားနှင့်အမှန် တိုက်ပွဲသည် ကာလာကြာရှည်ဆင်နွဲှရဦးမည်မှာမလွဲပေ…သို့သော်…မိမိဘယ်ဘက်မှာ ရပ်တည်ခဲ့သည်ကို အကျိုးခံစားရမည့်သူသည် မိမိမဟုတ်ပဲ မိမိမျိုးဆက်သာဖြစ်သည်ကို သတိပြုမိလျှင် အမှားသည် အမှန်အောက်မှာအမြန်ဆုံးကွယ်ပျောက်သွားနိုင်မည်ဖြစ်ပါသည်။” ဆိုပြီး အမှားထဲမှာ ပိတ်နေတာကို ပျော်နေတဲ့ တစ်ချို့သောသူတွေရဲ့ အကြောင်းကို သေချာပြောထားတာပဲ ဖြစ်ပါတယ်။
“မုဒြာခေါ်သံ” ၊ “ဥပါယ်တံမျဉ်” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ လက်ရှိမှာလည်း သူမအကောင်းဆုံး ကြိုးစားထားတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ဖို့ ပြင်ဆင်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သေချာဖတ်လေ ပညာရလေဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့အတွေးအခေါ်တွေကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
credit – momolay