Zawgyiဖြင့်ဖတ်ရန်



 

 



Source:Kyaw Naing Oo,CRD-Myanmarload

Unicode ဖြင့်ဖတ်ရန်

သရုပ်ဆောင် ကျော်ကျော်၊ သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးတို့သုံးယောက်ကတော့ မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲ ဖြစ်ကြပါတယ်။ ပျော်ပျော်နေတတ်ပြီး တစ်ယောက်ကိုတစ်ယောက် အမြဲဆေးထိုးစနောက်လေ့ရှိတဲ့ သူတို့သုံးယောက်က “ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ” ဆိုတဲ့အဖွဲ့လေးကိုလည်း ဖွဲ့ထားကြတာ ဖြစ်ပါတယ်။ ဟာသတွေလုပ်တတ်လွန်းတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကြောင့် ပရိသတ်တွေပါ ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ထဲက ဆုမြတ်နိုးဦးတစ်ယောက်ကတော့ မကြာသေးခင်ရက်ပိုင်းလောက်က car accident ဖြစ်ပြီး ဆေးရုံမှာဆေးကုသမှုခံခဲ့ရပါတယ်။ ကားတိုက်မှုကြောင့် လက်ကျိုးသွားတဲ့ ဆုမြတ်နိုးဦးရဲ့ဆေးရုံပေါ်က အလွဲလေးတွေကိုလည်း ကျော်ကျော်က အခုလိုပြောပြလာခဲ့ပါတယ်။ “ကားတိုက်မူဖြစ်ပီးတော့ ဆုမြတ်နိုးဦးရော..ကားပေါ်မှာသူနဲ့တူတူ ပါလာတဲ့သူငယ်ချင်းရော အခြေအနေသိပ်မကောင်းလို့ ဆေးရုံချက်ချင်းပို့လိုက်တယ်..ဆေးရုံရဲ့ Emergency Ward ထဲရောက်တော့ ဆေးရုံရဲ့ကုတင်တွေပေါ်မှာ သူတို့နှစ်ယောက်လှဲနေရတာပေါ့အပြာရောင်လိုက်ကာလေးတွေပဲ သူတို့နှစ်ယောက်ကြားမှာခြားတယ်..တာဝန်ကျတဲ့ ဆရာမတွေက ဘာဖြစ်တာလဲမေးတော့ ဆရာမကြီးဆုမြတ်နိုးဦးက ကားတိုက်လာတယ်ဆိုရင် သူတို့ကို မကုပေးမှာစိုးလို့ ဆရာဝန်ကိုလိမ်လိုက်ပါတယ်..တံခါးညပ်တာတဲ့

အဲ့တစ်ချိန်တည်းမှာပဲ လိုက်ကာလေးပဲခြားနေတဲ့ ဆုမြတ်နိုးဦး သူငယ်ချင်းကကြားသွားပီး ငါလည်း ဟိုကောင်မနဲ့တစ်လေသံတည်းထွက်မှရမယ်ဆိုပီး ဆရာမကလာမေးတော့ ခပ်တည်တည်နဲ့ သမီးလည်းတံခါးနဲ့ညပ်မိတာပါဆရာမတဲ့ ဆရာမတွေက တွေးမှာပဲလေ သူတို့နှစ်ယောက်ပူးကြီး ဘယ်လိုတံခါးမျိုးညပ်မိတာလဲပေါ့ မပြောသေးဘူး ဆရာဝန်နဲ့ဆရာမတွေက ကြည့်နေတယ်..ဓာတ်မှန်ရိုက်လိုက်တော့ မြတ်နိုးက လက်ကျိုးနေတယ်..သူ့သူငယ်ချင်းကတော့ ဘားမှမကျိုးပု..ဒါနဲ့ပဲ ဆရာမတွေကေ အော် သူတို့တံခါးနဲ့ညပ်မိတာ ဖြစ်မှာပါလို့ တွေးရင်လဲ တွေးမှာပဲ..

ဒါပေမယ့် နှစ်ယောက်လုံး ခဏနေကြတော့ ကားနဲ့စောင့်မိထားတဲ့ ဒဏ်တွေက အရမ်းနာလာပီး အညိုအမဲတွေ ရင်ဘတ်တွေ ခြေထောက်တွေ ပေါင်တွေမှာ ဖြစ်လာပီလေ..မခံနိုင်တော့ဘူး..နေရာစုံက နာလာပီဆိုတော့ မခံနိုင်တဲ့အဆုံး..ဆရာမကြီးဆုမြတ်နိုးဦးက ဆရာမရယ် သမီးရင်ဘတ်တွေလဲ အရမ်းနာနေပီ မခံနိုင်တော့ဘူးလို့်ပြောရတော့တာပေါ့..အဲ့တော့မှတာဝန်ကျဆရာမကလဲ..သမီး ဒီပုံဆို သမီးတို့တွေ တံခါးညပ်တာတော့မဖြစ်လောက်ပုနော်..မလိမ်ပါနဲ့ သမီးတို့ကို ကုပေးမှာပါလို့ ပြောတော့မှ..ဟုတ်တယ်.. သမီးတို့ကား accident ဖြစ်လာတာပါ ဆရာမ ဟီး ဆိုပြီး အမှန်အတိုင်းပြောတော့တယ်ဗျာ…ကဲ ဘယ်လောက်တောင်ရိုက်ချင်စရာကောင်းလဲ” ဆိုပြီး ဆုမြတ်နိုးဦးအကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။

Credit: Lucky Myanmar