Zawgyiဖြင့်ဖတ်ရန်





 

Unicode ဖြင့်ဖတ်ရန်

Oslo City Hallရဲ့ ပြသတဲ့တီဗီထဲမှာ အမေစုပါတာကိုတွေ့သွားပြီး ကြက်သီးထလောက်တဲ့အထိ ဖြစ်ခဲ့ရတဲ့ ကျော်ထက်ဇော်

Mrtv-4 မင်းသားတစ်ဦးဖြစ်တဲ့ ကျော်ထက်ဇော်ကတော့ အခုလက်ရှိမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာလုပ်ကိုင်နေတာဖြစ်ပါတယ်…။ “စိတ်၏ခြေရာ”၊ “အမုန်းမှသည်”၊ “မိုးကောင်ကင်အိမ်မက်” အစရှိသည့် Mrtv-4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး လူငယ်၊ လူကြီးမရွေး နှစ်သက်အားပေးကြတာဖြစ်ပါတယ်…။ ယောက်ျားပီသသည့် အဝတ်အစားလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အမြဲစတိုင်ကျ ခန့်ညားသေသပ်နေတဲ့ ကျော်ထက်ဇော်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ တစ်ယောက်ပင်ဖြစ်ပါတယ်…။

ကျော်ထက်ဇော်က အခုလက်ရှိမှာ နော်ဝေးနိုင်ငံသို့ရောက်ရှိနေပြီး နာမည်ကြီး နေရာတွေသို့ လည်ပတ်ခဲ့တာဖြစ်ပါတယ်…။ နော်ဝေးနိုင်ငံရဲ့ နာမည်ကြီး နေရာတစ်ခုဖြစ်တဲ့ “Oslo City Hall” သို့ရောက်ရှိခဲ့ပြီး အမှတ်တရ ဓာတ်ပုံတွေကိုလည်း ရိုက်ကူးခဲ့တာပါနော်..။ ဒါ့အပြင် နိုင်ငံအသီးသီးမမှ Novel ဆုရသူတွေကို မှတ်တမ်းတင်ပြသတဲ့ ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်တွေထဲမှာ အမေစု ပါတာကိုတွေ့သွားပြီး ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ပရိသတ်ကြီးသိရှိရအောင် Live လွှင့်ပြီး ပြန်လည်ပြသခဲ့တာဖြစ်ပါတယ်…။

Novel ဆုများစွာရရှိတဲ့ ပုဂ္ဂိုလ်တွေထဲကမှ ထိုတီဗီမှာကတော့နေ့စဉ် ပုဂ္ဂိုလ်သုံး၊ လေးဦးလောက်ကိုသာ ရွေးချယ်ပြီးပြသတဲ့ဖြစ်ပါတယ်…။ ကျော်ထက်ဇော်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးခဲ့တာဖြစ်ပြီး အခုတစ်ခါမှာဆိုရင်လည်း သူသိစေချင်တဲ့ အကြောင်းအရာလေးအား ပရိသတ်ကြီးတို့ကို Live လွှင့်ပြီး ပြသခဲ့တာပါဖြစ်ပါတယ်…။ Live ဗီဒီယိုဖိုင်ထဲမှာ ကျော်ထက်ဇော်ဘာတွေများ ထူးထူးခြားခြား ပြောထားသလဲဆိုတာကိုတော့ ကြည့်ရှုအားပေးခံစားသွားကြပါဦးနော်….။

Source Kyaw Htet Zaw,CRD-Myanmar Load

Credit: Lucky Myanmar