Zawgyiဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

သမီးနဲ့သမက်ပုံလေးကို အိပ်ခန်းထဲထိအမြတ်တနိုး ထားထားတဲ့အမေ့ကြောင့် ပျော်ရွှင်ကြည်နူးနေတဲ့ သဉ္ဇာနွယ်ဝင်းကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်တော့ပဲ သားလေးကိုသာ အချိန်ပြည့် ပြုစုစောင့်ရှောက်နေတာပါ။ သားလေးတစ်နေ့တစ်ခြား အရွယ်ရောက် ကြီးပြင်းလာတာကိုကြည့်ပြီး ကြည်နူးနေရတာပါ။

မကြာခင်မှာလည်း သမီးလေးကို မွေးဖွားတော့မှာဖြစ်တဲ့အတွက် ရင်ခုန်နေရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ခင်ပွန်းသည်ရဲ့လိုလေသေးမရှိအောင် ပြုစုယုယမှုတွေကြောင့်လည်း ကြည်နူးနေတာပါ။ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ သားလေးနဲ့အတူ မကြာခဏအပန်းဖြေ ခရီးများလည်း ထွက်လေ့ရှိတာပါ။

မိဘများရဲ့ ချစ်ခြင်းတွေကိုလည်း အပြည့်အဝရရှိထားတဲ့ သဉ္ဇာကတော့ အခုတစ်ခေါက်မှာလည်း သူမရဲ့ Facebook myday လေးမှာလည်း ပုံရိပ်လေးတစ်ခုတင်ထားတာပါ။ ဒါကတော့ သူမနဲ့ခင်ပွန်းတို့ရဲ့ ပုံရိပ်လေးကို သဉ္ဇာမေမေက အိပ်ခန်းလေးထဲမှာ အမြတ်တနိုးထားရှိထားတာကို ကြည်နူးနေတာပါ။ ” ချစ်တယ်ပေါ့ သမီးနဲ့သမက်ပုံလေး အခန်းထဲထည့်ထားတယ် ကျန်တဲ့အမတွေငိုလို့ရတယ် ဟိဟိ ” ဆိုပြီး သူမရဲ့ အမတွေကိုတောင် စနောက်ထားပါသေးတယ်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

photo – Thinzar Nwe Win,CRD-Myanmar Load

Credit:Lucky Myanmar