Zawgyiျဖင့္ဖတ္ရန္

ေကာင္မေလးေတြ သည္းသည္းလွုပ္အားေပးၾကတဲ့ ကိုးရီယားမင္းသားေခ်ာေလး အန္ဂ်ယ္ဟြန္းဟာ ဇနီးသည္ ဂူဟဲေဆာင္းန္နဲ႔ ကြာရွင္းျပတ္စဲေတာ့မွာျဖစ္ပါတယ္။ အန္ဂ်ယ္ဟြန္း ကြာရွင္းမယ့္ သတင္းကို ၾသဂုတ္လ ၁၈ ဂူဟဲေဆာင္းန္ အင္စတာဂရမ္ကေနတစ္ဆင့္ ပရိတ္သတ္ သိခြင့္ရခဲ့ပါတယ္။ ဂူဟဲေဆာင္းန္ ဟာ သူမဘက္ ကြာရွင္းဖို႔ သေဘာတူထားျခင္းမရွိေၾကာင္း ေအဂ်င္စီမွ တစ္ဆင့္ ထုတ္ျပန္ေၾကညာၿပီးေနာက္ အန္ဂ်ယ္ဟြန္းက အင္စတာဂရမ္ကေန ျပန္လည္ေျဖရွင္းလာပါတယ္။ အန္ဂ်ယ္ဟြန္း ေျဖရွင္းၿပီးေနာက္ ဂူဟဲေဆာင္းန္ကလဲ ျပန္လည္ေျဖရွင္းထားတာေၾကာင့္ ျပႆနာေတြ ပိုမိုရွုပ္ေထြးလာပါတယ္။ ဒီအျဖစ္အပ်က္ေတြအၿပီးမွာ အန္ဂ်ယ္ဟြန္း ေၾကာ္ျငာေမာ္ဒယ္အျဖစ္ ရိုက္ကူးေပးတဲ့ Merbliss brand မွ သူ႔ကို ေမာ္ဒယ္အျဖစ္ ထုတ္ပယ္ေၾကာင္း ေအာက္ပါအတုိင္း ေၾကညာထားပါတယ္။

“ကုမၸဏီဘက္က အန္ဂ်ယ္ဟြန္း ကြာရွင္းတဲ့ သတင္းကိုၾကားၾကားခ်င္း အႀကီးအက်ယ္ေရွာ့ခ္ရခဲ့ပါတယ္။ Merbliss ကိုဝယ္ယူအားေပးတဲ့ သူတိုင္းကို ေက်းဇူးတင္ပါတယ္။ ကုမၸဏီရဲ႕ brand image ကေတာ့ Wedding theme ပါ။ ေပ်ာ္ရႊင္မွုနဲ႔ အခ်စ္ကို ဦးစားေပးပါတယ္။ ၿပီးခဲ့တဲ့ (၂) ႏွစ္က အန္ဂ်ယ္ဟြန္းတုိ႔ ဇနီးေမာင္ႏွံဟာ ရုိမန္တစ္ဆန္ၿပီး လူတကာအားက်ရတဲ့ စုံတြဲေလးျဖစ္တာေၾကာင့္ သူ႔ကို ဒီ brand အတြက္ သင့္ေတာ္တဲ့ ေမာ္ဒယ္အေနနဲ႔ ေရြးခ်ယ္ခဲ့တာပဲျဖစ္ပါတယ္။

 

 

အခုလို အန္ဂ်ယ္ဟြန္းနဲ႔ ဂူဟဲေဆာင္းန္ကြာရွင္းလိုက္တာက ကၽြန္မတို႔ ကုမၸဏီရဲ႕ brand image ကို ထိခိုက္ေစတာေၾကာင့္ ေၾကာ္ျငာေမာ္ဒယ္အျဖစ္ကေန ရပ္စဲလုိက္ဖို႔ ဆုံးျဖတ္လိုက္ရပါတယ္။ သူ ေမာ္ဒယ္အျဖစ္ပါဝင္ရုိက္ကူးထားတဲ့ ဓာတ္ပုံေတြကိုလဲ page ကေန ဖ်က္သြားမွာျဖစ္ပါတယ္။” ဆုိၿပီး ထုတ္ျပန္ေၾကညာသြားပါတယ္။

အန္ဂ်ယ္ဟြန္းဟာ ပုဂၢိဳလ္ေရး ကိစၥေတြ လူသိရွင္ၾကား ျဖစ္သြားရတဲ့အတြက္ ပရိတ္သတ္ကို ေတာင္းပန္ထားေပမယ့္ ဂူဟဲေဆာင္းန္ရဲ႕ျပန္လည္ေျဖရွင္းခ်က္ေၾကာင့္ လူေတြ ေရွာ့ခ္ရသြားခဲ့ပါတယ္။ အန္ဂ်ယ္ဟြန္းက ဂူဟဲေဆာင္န္းရဲ႕ ရင္သားက ဆြဲေဆာင္မွုမရွိလို႔ ကြာရွင္းခ်င္တယ္ဆုိၿပီး ဆုိရွယ္မီဒီယာမွာ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြားခဲ့ပါတယ္။

Unicode ဖြင့်ဖတ်ရန်

ကောင်မလေးတွေ သည်းသည်းလှုပ်အားပေးကြတဲ့ ကိုးရီယားမင်းသားချောလေး အန်ဂျယ်ဟွန်းဟာ ဇနီးသည် ဂူဟဲဆောင်းန်နဲ့ ကွာရှင်းပြတ်စဲတော့မှာဖြစ်ပါတယ်။ အန်ဂျယ်ဟွန်း ကွာရှင်းမယ့် သတင်းကို သြဂုတ်လ ၁၈ ဂူဟဲဆောင်းန် အင်စတာဂရမ်ကနေတစ်ဆင့် ပရိတ်သတ် သိခွင့်ရခဲ့ပါတယ်။ ဂူဟဲဆောင်းန် ဟာ သူမဘက် ကွာရှင်းဖို့ သဘောတူထားခြင်းမရှိကြောင်း အေဂျင်စီမှ တစ်ဆင့် ထုတ်ပြန်ကြေညာပြီးနောက် အန်ဂျယ်ဟွန်းက အင်စတာဂရမ်ကနေ ပြန်လည်ဖြေရှင်းလာပါတယ်။ အန်ဂျယ်ဟွန်း ဖြေရှင်းပြီးနောက် ဂူဟဲဆောင်းန်ကလဲ ပြန်လည်ဖြေရှင်းထားတာကြောင့် ပြဿနာတွေ ပိုမိုရှုပ်ထွေးလာပါတယ်။ ဒီအဖြစ်အပျက်တွေအပြီးမှာ အန်ဂျယ်ဟွန်း ကြော်ငြာမော်ဒယ်အဖြစ် ရိုက်ကူးပေးတဲ့ Merbliss brand မှ သူ့ကို မော်ဒယ်အဖြစ် ထုတ်ပယ်ကြောင်း အောက်ပါအတိုင်း ကြေညာထားပါတယ်။

“ကုမ္ပဏီဘက်က အန်ဂျယ်ဟွန်း ကွာရှင်းတဲ့ သတင်းကိုကြားကြားချင်း အကြီးအကျယ်ရှော့ခ်ရခဲ့ပါတယ်။ Merbliss ကိုဝယ်ယူအားပေးတဲ့ သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကုမ္ပဏီရဲ့ brand image ကတော့ Wedding theme ပါ။ ပျော်ရွှင်မှုနဲ့ အချစ်ကို ဦးစားပေးပါတယ်။ ပြီးခဲ့တဲ့ (၂) နှစ်က အန်ဂျယ်ဟွန်းတို့ ဇနီးမောင်နှံဟာ ရိုမန်တစ်ဆန်ပြီး လူတကာအားကျရတဲ့ စုံတွဲလေးဖြစ်တာကြောင့် သူ့ကို ဒီ brand အတွက် သင့်တော်တဲ့ မော်ဒယ်အနေနဲ့ ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

အခုလို အန်ဂျယ်ဟွန်းနဲ့ ဂူဟဲဆောင်းန်ကွာရှင်းလိုက်တာက ကျွန်မတို့ ကုမ္ပဏီရဲ့ brand image ကို ထိခိုက်စေတာကြောင့် ကြော်ငြာမော်ဒယ်အဖြစ်ကနေ ရပ်စဲလိုက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ သူ မော်ဒယ်အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလဲ page ကနေ ဖျက်သွားမှာဖြစ်ပါတယ်။” ဆိုပြီး ထုတ်ပြန်ကြေညာသွားပါတယ်။

အန်ဂျယ်ဟွန်းဟာ ပုဂ္ဂိုလ်ရေး ကိစ္စတွေ လူသိရှင်ကြား ဖြစ်သွားရတဲ့အတွက် ပရိတ်သတ်ကို တောင်းပန်ထားပေမယ့် ဂူဟဲဆောင်းန်ရဲ့ပြန်လည်ဖြေရှင်းချက်ကြောင့် လူတွေ ရှော့ခ်ရသွားခဲ့ပါတယ်။ အန်ဂျယ်ဟွန်းက ဂူဟဲဆောင်န်းရဲ့ ရင်သားက ဆွဲဆောင်မှုမရှိလို့ ကွာရှင်းချင်တယ်ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်။

Ref:allkpop

Credit: (ပိုပိုေလး)