Zawgyiျဖင့္ဖတ္ရန္

ေဖ့စ္ဘုတ္ ဟာ ျမန္မာနုိင္ငံမွ ေဖ့စ္ဘုတ္သံုးစြဲသူ အေကာင့္အတုေတြနဲ့ ၊ ေပ့ခ်္ နွင့္ ဂရု ေတြကို ေဖ့စ္ဘုတ္စာမ်က္နွာေပၚမွာ ဖယ္ရွားလိုက္တယ္လို့ ၾသဂုတ္ ၂၁ ရက္ေန့က ထုတ္ျပန္လိုက္ပါတယ္။ ေဖ့စ္ဘုတ္စာမ်က္နွာေပၚမွာ အေကာင့္တုေတြ ၊ ေပ့ခ်္ေတြကေန လူေတြကို မေကာင္းျမင္ဝါဒနဲ့ နိုင္ငံေရး ေလာ္ဘီျပဳလုပ္သူမ်ားကိုလည္း မ်က္စိေဒါက္ေထာက္ ၾကည့္ရူေနၿပီး ဖယ္ရွားပစ္ခဲ့တာျဖစ္ပါတယ္။

ေဖ့စ္ဘုတ္ဟာ မွန္မွန္ကန္ကန္ အသံုးမျပဳတဲ့ အေကာင့္တုေတြကို ဦးတည္ၿပီး ဖယ္ရွားခဲ့တာျဖစ္ၿပီး ပိုမိုေကာင္းမြန္တဲ့ နည္းပညာကြန္ယက္ၾကီးေပၚမွာ လံုျခံဳစြာ အသံုးျပဳနိုင္ေစဖို့ ရည္ရြယ္တယ္လို့ သိရပါတယ္။ ေဖ့စ္ဘုတ္သံုးစြဲသူတိုင္းကို လံုျခံဳမွဳရေစဖို့အတြက္ ကြ်မ္းက်င္ အိုင္တီလုံၿခဳံေရးပညာရွင္ေတြနဲ့ အျခားအိုင္တီကုမၸဏီ အဖြဲ႕အစည္းေတြနဲ႔ ပူေပါင္းကာ ေဆာင္ရြတ္ေနျခင္းျဖစ္ပါတယ္။

ေဖ့စ္ဘုတ္က ျမန္မာနုိင္ငံတဲ့ သက္ဆိုင္တဲ့ သတင္းတုေတြျဖန္ေဝတဲ့ ေပ့ခ်္ (၁၀၇) ခု၊ အေကာင့္ (၈၉) ခု ၊ ေဖ့စ္ဘုတ္ ဂရု (၁၅) တိုကို ဖယ္ရွားလိုက္တယ္လို့ သိရပါတယ္။ ဒါ့အျပင္ ေဖ့စ္ဘုတ္နဲ့ စပ္လ်ဥ္းတဲ့ အင္စတာဂရမ္မွ အေကာင့္ (၅) ခုကိုလည္း ဖယ္ရွားလိုက္တယ္လို့ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တစ္ခ်ိဳ့ေပ့ေတြမွာဆိုရင္ Follower ေထာင္ ၊ ေသာင္းခ်ီရွိတဲ့ ေပ့ေတြပါဝင္တယ္လို့ သိရပါတယ္။ ၿပီးခဲ့တဲ့ နွစ္တုန္းကလည္း ေဖ့စ္ဘုတ္က ျမန္မာတပ္မေတာ္မွ အၾကီးအကဲေတြနဲ ၊ ရိုဟင္ဂ်ာ အေရးနဲ့ ပါတ္သတ္ၿပီး အမုန္းစကားေတြ ျဖန့္ေဝတဲ့ အေကာင့္ ၊ ေပ့ခ်္ေတြကို ပိတ္ပစ္နိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းမွ မတ္လအတြင္း ေဖ့ဘုတ္က အေကာင့္တု (fake account) ေပါင္း (၃) သန္းေက်ာ္ ေဖ့စ္ဘုတ္စာမ်က္နွာေပၚမွာ ဖယ္ရွားခဲ့ပါတယ္။

Unicode ဖြင့်ဖတ်ရန်

ဖေ့စ်ဘုတ်ဟာ မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ်သုံးစွဲသူ အကောင့်အတုတွေနဲ့ ၊ ပေ့ချ် နှင့် ဂရု တွေကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဖယ်ရှားလိုက်တယ်လို့ သြဂုတ် ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အကောင့်တုတွေ ၊ ပေ့ချ်တွေကနေ လူတွေကို မကောင်းမြင်ဝါဒနဲ့ နိုင်ငံရေး လော်ဘီပြုလုပ်သူများကိုလည်း မျက်စိဒေါက်ထောက် ကြည့်ရူနေပြီး ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ဟာ မှန်မှန်ကန်ကန် အသုံးမပြုတဲ့ အကောင့်တုတွေကို ဦးတည်ပြီး ဖယ်ရှားခဲ့တာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းပညာကွန်ယက်ကြီးပေါ်မှာ လုံခြုံစွာ အသုံးပြုနိုင်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဖေ့စ်ဘုတ်သုံးစွဲသူတိုင်းကို လုံခြုံမှုရစေဖို့အတွက် ကျွမ်းကျင် အိုင်တီလုံခြုံရေးပညာရှင်တွေနဲ့ အခြားအိုင်တီကုမ္ပဏီ အဖွဲ့အစည်းတွေနဲ့ ပူပေါင်းကာ ဆောင်ရွတ်နေခြင်းဖြစ်ပါတယ်။

ဖေ့စ်ဘုတ်က မြန်မာနိုင်ငံတဲ့ သက်ဆိုင်တဲ့ သတင်းတုတွေဖြန်ဝေတဲ့ ပေ့ချ် (၁၀၇) ခု၊ အကောင့် (၈၉) ခု ၊ ဖေ့စ်ဘုတ် ဂရု (၁၅) တိုကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖေ့စ်ဘုတ်နဲ့ စပ်လျဉ်းတဲ့ အင်စတာဂရမ်မှ အကောင့် (၅) ခုကိုလည်း ဖယ်ရှားလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တစ်ချို့ပေ့တွေမှာဆိုရင် Follower ထောင် ၊ သောင်းချီရှိတဲ့ ပေ့တွေပါဝင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဖေ့စ်ဘုတ်က မြန်မာတပ်မတော်မှ အကြီးအကဲတွေနဲ ၊ ရိုဟင်ဂျာ အရေးနဲ့ ပါတ်သတ်ပြီး အမုန်းစကားတွေ ဖြန့်ဝေတဲ့ အကောင့် ၊ ပေ့ချ်တွေကို ပိတ်ပစ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှ မတ်လအတွင်း ဖေ့ဘုတ်က အကောင့်တု (fake account) ပေါင်း (၃) သန်းကျော် ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဖယ်ရှားခဲ့ပါတယ်။

 

Credit: POPOLAY
Ref ; reuters