Zawgyi ျဖင့္ဖတ္ရန္

လူတိုင္းမွာ စိတ္ဖိစီးမႈအနည္းနဲ႔ အမ်ားေတာ့ ရွိၾကတာပါပဲ။ ဒီေတာ့ ႐ုပ္နဲ႔ စိတ္က မဆိုင္ဘူးလို႔ေတာ့ မထင္ပါနဲ႔။ စိတ္ပ်ိဳမွ ကိုယ္ႏု ဆိုတဲ့ စကားလည္း ရွိတယ္ မဟုတ္ပါလား၊ စိတ္ဖိစီးမႈမ်ားၿပီး စိတ္လန္းဆန္းမႈ နည္းရင္ေတာ့ ႐ုပ္ခႏၶာလည္း လိုက္ၿပီး အိုမင္းမႈ ျဖစ္လာေစပါတယ္။ ဇရာေၾကာင့္ အိုမင္းမႈ အျပင္ စိတ္ေၾကာင့္လည္း အိုစာမႈေတြ ျဖစ္ႏိုင္တာေပါ့။ ဒီေတာ့ အသက္ အ႐ြယ္ေၾကာင့္ပဲျဖစ္ျဖစ္၊ စိတ္ေၾကာင့္ပဲျဖစ္ျဖစ္၊ က်ေနာ္တို႔ ကိုယ္ခႏၶာ မွာ ဘယ္အပိုင္းက အိုစာမႈ အျမန္ဆုံးပါလဲ။

ေျခ၊ လက္၊ ေခါင္း၊ ကိုယ္ပိုင္း စတဲ့ အပိုင္းတခုခ်င္းစီကို ေလ့လာေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ၿပီး သိလာရတဲ့ အေျဖကေတာ့ က်ေနာ္တို႔ ခႏၶာကိုယ္ မွာ အိုမင္းမႈ အျမန္ဆုံး အပိုင္းက ဦးေခါင္းပိုင္းပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ ဦးေခါင္း(အထူးသျဖင့္ မ်က္ႏွာ)ရဲ႕ အိုမင္းမႈႏႈန္းက တျခား အစိတ္အပိုင္းေတြထက္ စာရင္ အိုမင္းမႈႏႈန္း သိပ္ေတာ့ မမ်ားပါဘူး။ စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈ၊ စိတ္ေျပာင္းလဲမႈေတြေၾကာင့္သာ နာႏိုစကၠန႔္(ဝ.၀၀၀ ၀၀၀ ၀၀၁)စကၠန႔္နဲ႔ တိုင္းတာမယ္ဆိုရင္ အသက္ ၇၉ ႏွစ္ အ႐ြယ္ အေရာက္မွာမွ လူတေယာက္ဟာ သူရဲ႕ မ်က္ႏွာက ၉၀ နာႏိုစကၠန႔္ထက္ ေစာၿပီး အျခား ကိုယ္ခႏၶာ အစိတ္အပိုင္းေတြထက္ အိုမင္းမႈ ျမန္ဆန္ေနတာပါ။ ဒါေပမယ့္ အခုေလာက္ အခ်ိန္တိုေလး ေစာၿပီး အိုမင္းမႈက စိတ္ခံစားမႈမ်ားတဲ့ လူသားေတြမွာေတာ့ အရမ္း သိသာပါတယ္။

ဒီအခ်က္ကို သိခဲ့ရတာက အိုင္းစတိုင္းရဲ႕ သီအိုရီ အေပၚ အေျခခံမႈရယ္၊ ေနာက္ပိုင္း တိုးတက္လာတဲ့ သိပၸံပညာရပ္ေတြေၾကာင့္ရယ္ ျဖစ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာ အိုမင္းမႈေတြဟာ အထက္မွာေျပာခဲ့တဲ့ စိတ္ပိုင္းဆိုင္ရာေၾကာင့္ အိုမင္းမႈအျပင္၊ သင့္အေနနဲ႔ ဘဝမွာ ဘယ္လို ႐ုန္းကန္ ေနထိုင္သလဲ၊ ဆိုလိုတာက အလုပ္ၾကမ္းလုပ္သလား၊ ဇိမ္က်က် ေနသလား၊ ေလ့က်င့္ခန္း လုပ္သလား စသျဖင့္ သင့္ရဲ႕တေန႔တာလႈပ္ရွားမႈေတြနဲ႔ ေျမဆြဲအားကြာျခားခ်က္ အေပၚ မူတည္ပါတယ္။ သင္ ေနထိုင္တဲ့ အရပ္ေဒသဟာ ပင္လယ္ေျမမ်က္ႏွာျပင္အထက္ ဘယ္ေလာက္မွာ ရွိသလဲ၊ အဆိုပါ အျမင့္ေပကြာဟခ်က္နဲ႔အတူ ေျမဆြဲအားလည္း အနည္းနဲ႔အမ်ား ကြဲျပားမႈရွိႏိုင္တာေတြက သင့္ကို အိုမင္းမႈ ျဖစ္ေစတဲ့ အေပၚမွာ ကြာျခားခ်က္ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳး အျမင့္ေပ ကြာဟခ်က္မွာ ေျမဆြဲအား ကြာဟခ်က္ရွိၿပီး အိုမင္းမႈကိုလည္း သက္ေရာက္မႈ ရွိေစတာေၾကာင့္ National Institute of Standards and Technology(NIST)ကေန ေလ့လာသူေတြဟာ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ အျမင့္ေပ ၁ ေပကြာတိုင္း အိုမင္းမႈအေပၚမွာ ဘယ္ေလာက္ထိေအာင္ သက္ေရာက္မႈရွိတယ္ ဆိုတာကို ေလ့လာခဲ့ၾကပါတယ္။ သူတို႔ဟာ Atom ေတြနဲ႔ ဖန္တီးထားတဲ့ နာရီကို သုံးခဲ့ၾကပါတယ္။ ဒီနာရီက စကၠန႔္စိတ္ ျပသမႈမွာ တစ္စကၠန႔္ရဲ႕ အပုံ တသန္းပုံရဲ႕ သန္းတစ္ေထာင္ပုံ၊ (တစ္စကၠန႔္ရဲ႕ ဝ.၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၁ အပိုင္း) ထိေအာင္ ျပသေပးႏိုင္တာ ျဖစ္ပါတယ္။

ဒီနာရီကို အသုံးျပဳၿပီး ပယ္လယ္ေရမ်က္ႏွာျပင္မွာ နာရီရဲ႕ လည္ပတ္ႏႈန္းကို မွတ္သားတယ္၊ အျမင့္ေပ ၁ ေပခ်င္းစီ တက္သြားခဲ့သလို တေပခ်င္းစီ အျမင့္မွာ နာရီရဲ႕ လည္ပတ္ႏႈန္းကို မွတ္သားခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီမွာ ေတြ႕လာရတာကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ကေန အထက္ကို ေရာက္သြားတိုင္း ေျမဆြဲအား အနည္းငယ္ ေလ်ာ့က်သြားၿပီး ျမင့္လာေလေလ နာရီက ပုံမွန္ထက္ လည္ပတ္ႏႈန္း အနည္းငယ္ ျမန္လာေလေလ ျဖစ္တယ္ဆိုတာ ေတြ႕ခဲ့ၾကရပါတယ္။

ဒီေတာ့မွ ေလ့လာသူေတြ သိလိုက္တာက သင့္ အေနနဲ႔ ေျခေထာက္နဲ႔ ဦးေခါင္းမွာ ဆိုရင္လည္း ဦးေခါင္းက အထက္မွာ ရွိၿပီး ေျခေထာက္ထက္ ေျမဆြဲအားနည္းတဲ့အရပ္မွာရွိတဲ့ ဦးေခါင္းက ပိုၿပီး အိုမင္းမႈ ျမန္တယ္ဆိုတာ အေျဖ ဆက္ ထြက္လာခဲ့ပါတယ္။ ဒါေပမယ့္ ေျမဆြဲအားေၾကာင့္ အသက္အ႐ြယ္ အိုမင္းမႈအေနနဲ႔ စကၠန႔္စိတ္ အရမ္းမ်ားလို႔ သက္ေရာက္မႈနည္းၿပီး စိတ္ေၾကာင့္ အိုမင္းမႈက အထက္မွာ ေျပာခဲ့သလို သက္ေရာက္မႈ ပိုေစတယ္လို႔ ဆိုပါတယ္။ စိတ္ပ်ိဳမွ ကိုယ္ႏု စကားက အခုလို သိပၸံ နည္းက်က် ေလ့လာသိရွိလာခ်ိန္မွာ တကယ္တမ္း အသုံးဝင္ေနပါၿပီ။ စိတ္ဖိစီးမႈ ေလ်ာ့နည္းေအာင္၊ စိတ္လန္းဆန္း ေပ်ာ္႐ႊင္ေအာင္ ႀကိဳးစားေနထိုင္မွပဲ သင့္ရဲ႕ ခႏၶာကိုယ္က အိုမင္းမႈ အျမန္ဆုံး အပိုင္း ျဖစ္တဲ့ ဦးေခါင္း(မ်က္ႏွာ)က အ႐ြယ္တင္ပါလိမ့္မယ္။

Credit : burma irrawaddy

Unicode ဖြင့်ဖတ်ရန်

ခန္ဓာကိုယ်မှာ အိုမင်းမှုအမြန်ဆုံး အပိုင်းက ဘာဖြစ်မလဲ

လူတိုင်းမှာ စိတ်ဖိစီးမှုအနည်းနဲ့ အများတော့ ရှိကြတာပါပဲ။ ဒီတော့ ရုပ်နဲ့ စိတ်က မဆိုင်ဘူးလို့တော့ မထင်ပါနဲ့။ စိတ်ပျိုမှ ကိုယ်နု ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်ပါလား၊ စိတ်ဖိစီးမှုများပြီး စိတ်လန်းဆန်းမှု နည်းရင်တော့ ရုပ်ခန္ဓာလည်း လိုက်ပြီး အိုမင်းမှု ဖြစ်လာစေပါတယ်။ ဇရာကြောင့် အိုမင်းမှုအပြင် စိတ်ကြောင့်လည်း အိုစာမှုတွေ ဖြစ်နိုင်တာပေါ့။ ဒီတော့ အသက် အရွယ်ကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ကိုယ်ခန္ဓာမှာ ဘယ်အပိုင်းက အိုစာမှု အမြန်ဆုံးပါလဲ။

ခြေ၊ လက်၊ ခေါင်း၊ ကိုယ်ပိုင်း စတဲ့ အပိုင်းတခုချင်းစီကို လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင်ပြီး သိလာရတဲ့ အဖြေကတော့ ကျနော်တို့ ခန္ဓာကိုယ်မှာ အိုမင်းမှု အမြန်ဆုံး အပိုင်းက ဦးခေါင်းပိုင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဦးခေါင်း(အထူးသဖြင့် မျက်နှာ)ရဲ့ အိုမင်းမှုနှုန်းက တခြား အစိတ်အပိုင်းတွေထက် စာရင် အိုမင်းမှုနှုန်း သိပ်တော့ မများပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိတ်ပြောင်းလဲမှုတွေကြောင့်သာ နာနိုစက္ကန့်(ဝ.၀၀၀ ၀၀၀ ၀၀၁)စက္ကန့်နဲ့ တိုင်းတာမယ်ဆိုရင် အသက် ၇၉ နှစ် အရွယ် အရောက်မှာမှ လူတယောက်ဟာ သူရဲ့ မျက်နှာက ၉၀ နာနိုစက္ကန့်ထက် စောပြီး အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေထက် အိုမင်းမှု မြန်ဆန်နေတာပါ။ ဒါပေမယ့် အခုလောက် အချိန်တိုလေး စောပြီး အိုမင်းမှုက စိတ်ခံစားမှုများတဲ့ လူသားတွေမှာတော့ အရမ်း သိသာပါတယ်။

ဒီအချက်ကို သိခဲ့ရတာက အိုင်းစတိုင်းရဲ့ သီအိုရီအပေါ် အခြေခံမှုရယ်၊ နောက်ပိုင်း တိုးတက်လာတဲ့ သိပ္ပံပညာရပ်တွေကြောင့်ရယ် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အိုမင်းမှုတွေဟာ အထက်မှာပြောခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် အိုမင်းမှုအပြင်၊ သင့်အနေနဲ့ ဘဝမှာ ဘယ်လို ရုန်းကန် နေထိုင်သလဲ၊ ဆိုလိုတာက အလုပ်ကြမ်းလုပ်သလား၊ ဇိမ်ကျကျ နေသလား၊ လေ့ကျင့်ခန်း လုပ်သလား စသဖြင့် သင့်ရဲ့တနေ့တာလှုပ်ရှားမှုတွေနဲ့ မြေဆွဲအားကွာခြားချက် အပေါ် မူတည်ပါတယ်။ သင် နေထိုင်တဲ့ အရပ်ဒေသဟာ ပင်လယ်မြေမျက်နှာပြင်အထက် ဘယ်လောက်မှာ ရှိသလဲ၊ အဆိုပါ အမြင့်ပေကွာဟချက်နဲ့အတူ မြေဆွဲအားလည်း အနည်းနဲ့အများ ကွဲပြားမှုရှိနိုင်တာတွေက သင့်ကို အိုမင်းမှု ဖြစ်စေတဲ့ အပေါ်မှာ ကွာခြားချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး အမြင့်ပေ ကွာဟချက်မှာ မြေဆွဲအား ကွာဟချက်ရှိပြီး အိုမင်းမှုကိုလည်း သက်ရောက်မှု ရှိစေတာကြောင့် National Institute of Standards and Technology(NIST)ကနေ လေ့လာသူတွေဟာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁ ပေကွာတိုင်း အိုမင်းမှုအပေါ်မှာ ဘယ်လောက်ထိအောင် သက်ရောက်မှုရှိတယ် ဆိုတာကို လေ့လာခဲ့ကြပါတယ်။ သူတို့ဟာ Atom တွေနဲ့ ဖန်တီးထားတဲ့ နာရီကို သုံးခဲ့ကြပါတယ်။ ဒီနာရီက စက္ကန့်စိတ် ပြသမှုမှာ တစ်စက္ကန့်ရဲ့ အပုံ တသန်းပုံရဲ့ သန်းတစ်ထောင်ပုံ၊ (တစ်စက္ကန့်ရဲ့ ဝ.၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၁ အပိုင်း) ထိအောင် ပြသပေးနိုင်တာ ဖြစ်ပါတယ်။

ဒီနာရီကို အသုံးပြုပြီး ပယ်လယ်ရေမျက်နှာပြင်မှာ နာရီရဲ့ လည်ပတ်နှုန်းကို မှတ်သားတယ်၊ အမြင့်ပေ ၁ ပေချင်းစီ တက်သွားခဲ့သလို တပေချင်းစီ အမြင့်မှာ နာရီရဲ့ လည်ပတ်နှုန်းကို မှတ်သားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ တွေ့လာရတာကတော့ ပင်လယ်ရေမျက်နှာပြင်ကနေ အထက်ကို ရောက်သွားတိုင်း မြေဆွဲအား အနည်းငယ် လျော့ကျသွားပြီး မြင့်လာလေလေ နာရီက ပုံမှန်ထက် လည်ပတ်နှုန်း အနည်းငယ် မြန်လာလေလေ ဖြစ်တယ်ဆိုတာ တွေ့ခဲ့ကြရပါတယ်။

ဒီတော့မှ လေ့လာသူတွေ သိလိုက်တာက သင့် အနေနဲ့ ခြေထောက်နဲ့ ဦးခေါင်းမှာ ဆိုရင်လည်း ဦးခေါင်းက အထက်မှာ ရှိပြီး ခြေထောက်ထက် မြေဆွဲအားနည်းတဲ့အရပ်မှာရှိတဲ့ ဦးခေါင်းက ပိုပြီး အိုမင်းမှု မြန်တယ်ဆိုတာ အဖြေ ဆက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မြေဆွဲအားကြောင့် အသက်အရွယ် အိုမင်းမှုအနေနဲ့ စက္ကန့်စိတ် အရမ်းများလို့ သက်ရောက်မှုနည်းပြီး စိတ်ကြောင့် အိုမင်းမှုက အထက်မှာ ပြောခဲ့သလို သက်ရောက်မှု ပိုစေတယ်လို့ ဆိုပါတယ်။ စိတ်ပျိုမှ ကိုယ်နု စကားက အခုလို သိပ္ပံ နည်းကျကျ လေ့လာသိရှိလာချိန်မှာ တကယ်တမ်း အသုံးဝင်နေပါပြီ။ စိတ်ဖိစီးမှု လျော့နည်းအောင်၊ စိတ်လန်းဆန်း ပျော်ရွှင်အောင် ကြိုးစားနေထိုင်မှပဲ သင့်ရဲ့ ခန္ဓာကိုယ်က အိုမင်းမှု အမြန်ဆုံး အပိုင်း ဖြစ်တဲ့ ဦးခေါင်း(မျက်နှာ)က အရွယ်တင်ပါလိမ့်မယ်။

Credit : burma irrawaddy