Zawgyiဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

နိုင်ငံကျော်သရုပ်ဆောင် အက်ရှင်မင်းသား မင်းရာဇာ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးပါ။ သူ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ကားများစွာကို ရိုက်ကူးထားတာကြောင့် ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေရှေ့ချပြလေ့ရှိတဲ့ မင်းရာဇာ မှာဆိုရင် အရမ်းချစ်စရာကောင်းတဲ့ သမီးလေး နဲ့ နောက်ထပ် သားလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် Line Walker ရုပ်ရှင်ကြောင့် မြန်မာနိုင်ငံရဲ့အလှအပတွေကို နိုင်ငံတကာဈေးကွက်မှာသတိထားမိ သွားတယ်လို့ပြောလာတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားက ခုဆိုရင် မြန်မာနိုင်ငံမှ ပရိသတ်တွေကြည့်ခွင့်ရနေပြီပဲ ဖြစ်ပါတယ်။ Line Walker 2 ဇာတ်ကားဟာ ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလအတွင်းက ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာလူထုရဲ့ စိတ်အာရုံကို အပြည့်အဝဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။Line Walker 2 ဇာတ်ကားမှာ သရုပ်ဆောင် မင်းရာဇာ အပါအဝင် မြန်မာနိုင်ငံမှ အနုပညာရှင်တစ်ချို့လည်း ပါဝင်ခဲ့ပါတယ်။

Line Walker 2 တ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ ရွှတိဂုံဘုရားအနီး ၊ မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရားအနီးတို့မှာ လာရောက် ရိုက်ကူးသွားခဲ့တာပါ။

မင်းရာဇာ က သူကိုယ်တိုင် ပါဝင်သရုပ်ဆောင် ခဲ့တဲ့ ရုပ်ရှင်ကို သွားကြည့်ခဲ့ပြီး ခုလိုပြောထားပါတယ်။ “ခုလောက်ဆို ကျွန်တော်တို့နိုင်ငံမှာဘာတွေရိုက်လို့ရမလဲဆိုတာ နိုင်ငံတစ်ကာဈေးကွက်မှာသတိထားမိသွားပြီ ဘယ်သူတွေဘာတွေဘယ်လိုဘဲပြောနေပါစေ ကိုတွေတော့ဝမ်းသာတယ်ဂုဏ်ယူတယ်။အတွေ့အကြုံတွေရခဲ့တယ်။congratulations ပါ Line walker (2)”

မင်းရာဇာ က Line Walker ရုပ်ရှင်ကြောင့် မြန်မာနိုင်ငံရဲ့အလှအပတွေကို နိုင်ငံတကာဈေးကွက်မှာသတိထားမိသွားပြီဖြစ်တယ်လို့ ပြောထားတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းရာဇာ ပြောပြတဲ့ အကြောင်းကို ပရိသတ်တွေသိလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

credit – momolay