Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ၊ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဆိုဆုံးမမှုတွေထဲမှာ ဒါန ၊ သီလ ၊ ဘာဝနာ ၊ ဝိပဿနာ တရားများကို တတ်စွမ်းသမျှ ကျင့်ကြံအားထုတ်ဖို့ ဆိုတဲ့ အချက်ပါဝင်ပါတယ် ။ လက်ရှိ မြန်မာပြည်တွင်းမှာရှိတဲ့ ဆရာတော်ဘုရားတော်တော်များများရဲ့ ဟောကြားမှုအမှားတစ်ခုအတွက် ရဲရဲဝံ့ဝံ့ထောက်ပြလိုက်သူက ဆရာတော် စာရေးဆရာ မိုးသု (မန္တလေးပါ)။
ဆရာတော် ရဲ့ ပြောင်မြောက်တဲ့အရေးအသားကြောင့် လူမှုကွန်ရက်ပေါ်မှာ ပွဲဆူနေပါတယ် ။ ဆရာတော်က “ဂျင်းဘုန်းကြီးနဲ့ ဂျင်းတရားအောင်မြတ်သိန်း မင်း အဲဒီကျောင်းဆောင်ကြီးကို ကြည့်လိုက်။ အဲဒါ တစ်ဦးတည်းလှူထားတာ။အဲဒီဒကာမကြီးက နှစ်စဉ် တစ်နှစ်ကို သိန်းထောင်ချီလှူတာ။သူကိုးကွယ်တဲ့ စစ်ကိုင်းတောင်ရိုးက ဆရာတော်ကြီးက မြှောက်ပေးတာလေ။
အခု မွဲသွားပြီ။ နေစရာအိမ်တောင် မရှိတော့ဘူး။မရှိလို့မလှူ မလှူလို့မရှိဆိုတာ ဂျင်းတရားပဲ။အဲဒီတရားဟောရင် ဂျင်းဘုန်းကြီးပဲ။တို့ဘုရားက အဲဒီလို အသိဉာဏ်မဲ့စေတဲ့တရားကို မဟောဘူး။ဘုရားဟောတာက စားသင့်တာစား ထားသင့်တာထား လှူသင့်တာလှူ၊ ဝင်ငွေထွက်ငွေ မျှတအောင် ကြည့်သုံးလို့ပဲ ဟောခဲ့တာ။အဲဒီလို ဂျင်းတရားဟောတဲ့ဘုန်းကြီးဆို ဝေးဝေးကသာ မင်း ရှောင်ပေတော့။” ဆိုပြီးရေးသားထားတာပါ။
လူမှုကွန်ရက် အသုံးပြုသူတွေကတော့ ဆရာတော် ရဲ့ အရေးအသားတော်တော်များများ ကို ထောက်ခံထားကြတာကိုလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဆရာတော်ရဲ့ ရေးသားချက်အပေါ်မှတ်ချက်ကနေ တစ်ခုခုပြောပြခဲ့ကြပါဦး ။
Source – Ashin Khema Nanda
Credit; Noe Noe May Ju Ju