Zawgyiျဖင့္ဖတ္ရန္

ထြန္းထြန္း ကေတာ့ အိမ္ေထာင္ျပဳဖို႔ရည္႐ြယ္ထားသူျဖစ္လို႔ လက္တြဲေဖာ္ရွာသင့္ တဲ့အ႐ြယ္ေရာက္ေနၿပီလို႔ဆိုပါတယ္။ သူလက္တြဲမယ့္ အခ်စ္ေရးကိုလည္း အေကာင္းဆုံးေတြပဲ ျဖစ္ေစခ်င္ပါတယ္တဲ့။

ထြန္းထြန္းကေတာ့ ခ်စ္သူအသစ္ရေနၿပီဆိုတဲ့အေၾကာင္းကို မၾကာေသးခင္က သူ႔ရဲ႕ Facebook Story မွာ အရိပ္အႁမြတ္ျပသခဲ့တာေတြ႕ရပါတယ္။ ဒါေၾကာင့္ လက္ရွိ ပိုင္ဆိုင္ထားတဲ့ အခ်စ္ေရးကိုလည္း မီဒီယာအင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

‘’ကြၽန္ေတာ္ ထာဝရ စိုေျပေနပါတယ္။ စိုစိုေျပေျပျဖစ္ေအာင္လည္းေနပါတယ္။ ေတာ္ေတာ္မ်ားမ်ားကိုလည္းအေကာင္းျမင္တဲ့စိတ္နဲ႔ပဲ ေတြးပါတယ္။ အေျခအေနနဲ႔ အေၾကာင္းေတြက ဘာေတြျဖစ္လာမလဲမသိရေသးတဲ့အတြက္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွ မေျဖခ်င္ေသးပါဘူး။

ေသခ်ာတာ တစ္ခုကေတာ့ ကြၽန္ေတာ္ေနတဲ့ပုံစံက ကြၽန္ေတာ္ပဲ ျဖစ္ေနဦးမွာပဲ။ ကြၽန္ေတာ္ရည္းစားထားလို႔ အရင္လိုမ်ိဳး လုပ္မယ္ မလုပ္ဘူူးဆိုတာ အာမ မခံႏိုင္ပါဘူး။ ကြၽန္ေတာ့္ပုံစံအတိုင္းပဲ ကြၽန္ေတာ္ ေနထိုင္သြားမွာပါ’’ လို႔ သူကဆိုပါတယ္။

ထြန္းထြန္းရဲ႕ အခ်စ္ေရးကိုေတာ့ ပရိသတ္ေတြက စိတ္ဝင္တစားရွိလွပါတယ္။ ထြန္းထြန္းကိုယ္တိုင္ကလည္း အိမ္ေထာင္ျပဳဖို႔ ရည္႐ြယ္ထားတဲ့ လူငယ္တစ္ေယာက္ျဖစ္တယ္လို႔ဆိုပါတယ္။

‘’ ကြၽန္ေတာ္လည္း မငယ္ေတာ့ဘူးဆိုေတာ့ လုပ္စရာရွိတဲ့ အလုပ္ေတြလည္း လုပ္ေနတာျဖစ္သလို အိမ္ေထာင္ျပဳဖို႔ရည္႐ြယ္ခ်က္ ရွိတဲ့အတြက္ အိမ္ေထာင္ဖက္ေတာ့ ရွာရမွာပဲ။ အရာရာကို အေကာင္းဘက္ကပဲ ေတြးပါတယ္။ အခ်စ္ေၾကာင့္လည္းမဟုတ္ပါဘူး။ ျဖစ္လာတယ္ မျဖစ္လာဘူးဆိုတာကေတာ့ ကံတရားပဲေပါ့’’ လို႔ ဆိုပါတယ္။

အဲဒီေနာက္ လမ္းခြဲခဲ့ၿပီးသားျဖစ္တဲ့ အခ်စ္ေရးနဲ႔ မတူတဲ့ ေကာင္းမြန္တဲ့ အခ်စ္တစ္ခုကို ပိုင္ဆိုင္ခ်င္တယ္လို႔ ထြန္းထြန္းက ေျပာပါတယ္။ အသက္အ႐ြယ္တစ္ခုလည္းရွိလာၿပီလို႔ ဆိုပါတယ္။

‘’တကယ္ ခ်စ္ခဲ့ၾကတဲ့သူေတြလည္း အမ်ားႀကီးရွိတယ္။ အဆင္မေျပခဲ့တာေတြလည္း အမ်ားႀကီးရွိပါတယ္။ ဆိုလိုခ်င္တာကေတာ့ အေကာင္းေတြပဲျဖစ္ခ်င္တဲ့ အ႐ြယ္ကိုလည္းေရာက္လာပါၿပီ။ ေဝဖန္လာတဲ့ သေဘာေဆာင္တဲ့အရာေတြကို အရင္တုန္းကေတာ့ ေတြးခဲ့ဖူးတာရွိတယ္။ အခုခ်ိန္မွာေတာ့ ကိုယ္လိုခ်င္တဲ့ Comment ကိုပဲယူတယ္။ က်န္တာကေတာ့ ေခါင္းထဲမေရာက္ပါဘူး’’ လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

အြန္ေစာရဲ႕ ပရိသတ္တစ္ဦးျဖစ္တဲ့ ထြန္းထြန္းကလည္း ျမန္မာႏိုင္ငံက အႏုပညာရွင္တစ္ဦးပါပဲ။ သူ႔ကိုေတာ့ Examplez ဆိုတဲ့ Rapper အဆိုေတာ္အဖြဲ႕ကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ ဂီတအလုပ္ေတြထက္ သ႐ုပ္ေဆာင္အလုပ္ကို ပိုၿပီးေတာ့ အာ႐ုံစိုက္ေနတာကို ေတြ႕ရပါတယ္။

ဂီတဘက္မွာလည္း ေအာင္ျမင္မႈမ်ားစြာရရွိခဲ့သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း ‘’အုတ္ၾကားျမက္ေပါက္’’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာ ျဖစ္ပါတယ္။

Credit Duwun

Unicode ဖြင့်ဖတ်ရန်

အိမ်ထောင်ပြုဖို့ရည်ရွယ်ထားတာကြောင့် အိမ်ထောင်ဘက်ရှာရမှာပဲဆိုတဲ့ ထွန်းထွန်း

ထွန်းထွန်းကတော့ အိမ်ထောင်ပြုဖို့ရည်ရွယ်ထားသူဖြစ်လို့ လက်တွဲဖော်ရှာသင့် တဲ့အရွယ်ရောက်နေပြီလို့ဆိုပါတယ်။ သူလက်တွဲမယ့် အချစ်ရေးကိုလည်း အကောင်းဆုံးတွေပဲ ဖြစ်စေချင်ပါတယ်တဲ့။

ထွန်းထွန်းကတော့ ချစ်သူအသစ်ရနေပြီဆိုတဲ့အကြောင်းကို မကြာသေးခင်က သူ့ရဲ့ Facebook Story မှာ အရိပ်အမြွတ်ပြသခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကိုလည်း မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော် ထာဝရ စိုပြေနေပါတယ်။ စိုစိုပြေပြေဖြစ်အောင်လည်းနေပါတယ်။ တော်တော်များများကိုလည်းအကောင်းမြင်တဲ့စိတ်နဲ့ပဲ တွေးပါတယ်။ အခြေအနေနဲ့ အကြောင်းတွေက ဘာတွေဖြစ်လာမလဲမသိရသေးတဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မဖြေချင်သေးပါဘူး။

သေချာတာ တစ်ခုကတော့ ကျွန်တော်နေတဲ့ပုံစံက ကျွန်တော်ပဲ ဖြစ်နေဦးမှာပဲ။ ကျွန်တော်ရည်းစားထားလို့ အရင်လိုမျိုး လုပ်မယ် မလုပ်ဘူူးဆိုတာ အာမ မခံနိုင်ပါဘူး။ ကျွန်တော့်ပုံစံအတိုင်းပဲ ကျွန်တော် နေထိုင်သွားမှာပါ’’ လို့ သူကဆိုပါတယ်။

ထွန်းထွန်းရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။ ထွန်းထွန်းကိုယ်တိုင်ကလည်း အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

‘’ ကျွန်တော်လည်း မငယ်တော့ဘူးဆိုတော့ လုပ်စရာရှိတဲ့ အလုပ်တွေလည်း လုပ်နေတာဖြစ်သလို အိမ်ထောင်ပြုဖို့ရည်ရွယ်ချက် ရှိတဲ့အတွက် အိမ်ထောင်ဖက်တော့ ရှာရမှာပဲ။ အရာရာကို အကောင်းဘက်ကပဲ တွေးပါတယ်။ အချစ်ကြောင့်လည်းမဟုတ်ပါဘူး။ ဖြစ်လာတယ် မဖြစ်လာဘူးဆိုတာကတော့ ကံတရားပဲပေါ့’’ လို့ ဆိုပါတယ်။

အဲဒီနောက် လမ်းခွဲခဲ့ပြီးသားဖြစ်တဲ့ အချစ်ရေးနဲ့ မတူတဲ့ ကောင်းမွန်တဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်ချင်တယ်လို့ ထွန်းထွန်းက ပြောပါတယ်။ အသက်အရွယ်တစ်ခုလည်းရှိလာပြီလို့ ဆိုပါတယ်။

‘’တကယ် ချစ်ခဲ့ကြတဲ့သူတွေလည်း အများကြီးရှိတယ်။ အဆင်မပြေခဲ့တာတွေလည်း အများကြီးရှိပါတယ်။ ဆိုလိုချင်တာကတော့ အကောင်းတွေပဲဖြစ်ချင်တဲ့ အရွယ်ကိုလည်းရောက်လာပါပြီ။ ဝေဖန်လာတဲ့ သဘောဆောင်တဲ့အရာတွေကို အရင်တုန်းကတော့ တွေးခဲ့ဖူးတာရှိတယ်။ အခုချိန်မှာတော့ ကိုယ်လိုချင်တဲ့ Comment ကိုပဲယူတယ်။ ကျန်တာကတော့ ခေါင်းထဲမရောက်ပါဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

အွန်စောရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းကလည်း မြန်မာနိုင်ငံက အနုပညာရှင်တစ်ဦးပါပဲ။ သူ့ကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။

ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။

Credit Duwun