Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ချီချီလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ရတဲ့ နေခြည်ဦးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ဇာတ်လမ်းတွဲ အများဆုံးရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အလှအပရေးရာနဲ့ပတ်သက်ရင် အမျိုးသမီးတွေအတွက် အမြဲဝေမျှပေးလေ့ရှိတဲ့ ချီချီကိုတော့ မိန်းကလေးပရိသတ်တွေက အထူးဝန်းရံကြတာ ဖြစ်ပါတယ်။။ မကြာသေးခင်ကလည်း နေခြည်က ”Rexona Myanmar”အတွက်ကြော်ငြာအသစ်လေးတစ်ခု ရိုက်ကူးပေးနေတာ တွေ့ရပါတယ်။ အံ့အားသင့်လောက်စရာ ပြောင်းလဲသွားတဲ့ ကိုယ်ခန္ဓာအလှ ကို နေခြည်ဦးတစ်ယောက် ထုတ်ကြွားလိုက်ပါတယ်။
နေခြည်ဦး က “မဖြစ်ဘူးဆိုတာ ဘာမှမရှိဘူးမဖြစ်သေးတာဘဲ ရှိတယ်ကိုယ်လိုချင်တာတစ်ခုအတွက်ပြင်းပျတဲ့ ဆန္ဒနဲ့ ပေးဆပ်မှုရယ် ကြိုးစားမူနဲ့ ယုံကြည်မှုရယ်ရှိရင်နေခြည်အတွက်ကတော့Everything is Possible ပဲ💪🏻💪🏻💡Don’t stop believing in yourself!!PUSH YOURSELF HARDER and stay out of comfort zone 🔥🔥🔥#naychioo#bodytransformation #weightloss”ဆိုပြီးလူမှုကွန်ရက်ပေါ်မှာရေးသားထားတာပါ ။
တောင့်တင်းလှပကျစ်လျစ်တဲ့ ကိုယ်ခန္ဓာကို လူတိုင်းပိုင်ဆိုင်ချင်ကြပေမယ့် အခုလို ပြင်းပြတဲ့စိတ်ကတော့ လူတိုင်းမှာမရှိနိုင်ပါဘူး ။ နေခြည်ဦးရဲ့ စကားတွေအတွက် မှတ်ချက်ကနေတစ်ခုခုပြောပြပေးခဲ့ကြပါဦး။
Source – beautybynaychi
Credit: Noe Noe May Ju Ju