Zawgyiဖြင့်ဖတ်ရန်







Credit winkie (momolay)

Ref : Koreaboo

Unicode ဖြင့်ဖတ်ရန်

ကံစမ်းမဲစနစ်နဲ့သာလက်မှတ်ဝယ်ယူခွင့်ပေးတော့မယ့် BTS ရဲ့ဖျော်ဖြေပွဲများ

BTS အဖွဲ့ရဲ့အေဂျင်စီဖြစ်တဲ့ Bighit Entertainment ကနေမကြာသေးခင်ကပဲ နောင် နိုင်ငံခြားတွေမှာပြုလုပ်မယ့် BTS World Tour နိုင်ငံခြားပွဲစဉ်တွေအတွက် ပွဲလက်မှတ်တွေကို ကံစမ်းမဲစနစ်နဲ့သာဝယ်ယူနိုင်ဖို့ပြုလုပ်သွားမယ်လို့ကြေညာခဲ့ပါတယ်။အရင်ကလို ကိုယ်ဝယ်ချင်တိုင်းဝယ်လို့ရတော့မှာ မဟုတ်ပဲ ကံထူးသူများတွေသာလက်မှတ်ကို ဝယ်ခွင့်ရရှိစေနိုင်မှာပါ။

ဒီလိုကံစမ်းမဲစနစ်နဲ့ လက်မှတ်တွေကိုဝယ်ယူစေခဲ့တဲ့စနစ်ကိုတော့ Bighit Entertainment အနေနဲ့ June လကပြုလုပ်ခဲ့တဲ့ BTS ပရိသတ်တွေ့ဆုံပွဲနဲ့ October လမှာပြုလုပ်သွားမယ့် BTS ရဲ့ Seoul concert တွေမှာအသုံးပြုခဲ့ပြီးသားလည်းဖြစ်ပါတယ်။

ကိုရီးယားကပရိသတ် ARMY တွေကတော့ ဒီစနစ်ဟာ သူတို့အနေနဲ့ ကံစမ်းမဲစနစ်ဖြစ်တာမို့လို့ ရွေးချယ်ခံရမှသာလက်မှတ်ဝယ်နိုင်သာဖြစ်တဲ့အတွက် အရင်လိုဦးသူစနစ်လက်မှတ်ဝယ်ရတာထက် ပိုမိုခက်ခဲတယ်လို့ဆိုထားကြတာလည်းဖြစ်ပါတယ်။

သို့သော်လည်း Bighit entertainment ရဲ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Yoon Seok Jun ကတော့ ဒီလိုသတ်မှတ်ရခြင်းဟာ ပွဲလက်မှတ်ကိုအဆမတန်ဈေးတင်ရောင်းခြင်းစတာတွေကနေ ပိုမိုကာကွယ်နိုင်စေရန်နဲ့ ပရိသတ်တွေကိုပွဲကြည့်စဉ်ပိုမိုအဆင်ပြေစေနိုင်ဖို့ ဒီလိုစီစဉ်ခဲ့တာဖြစ်ကြောင်းပြောကြားထားပါတယ်။

ကံစမ်းမဲစနစ်နဲ့ပြုလုပ်လိုက်တာကြောင့် BTS ကိုတကယ်ကံကောင်းတဲ့သူတွေပဲတွေ့ရှိခွင့်ရတော့မှာပါ၊တချို့ပရိသတ်တွေကလည်း ဒီလိုစီစဉ်လိုက်တာကို လက်မခံချင်ကြပါဘူး။BTS နဲ့တွေ့ဆုံခွင့်ကတော့ တစ်ဆနဲ့တစ်ဆအဖိုးတန်လာခဲ့ပြီဖြစ်ပါတယ်။

ပရိသတ်ကြီးကရော Bighit ရဲ့ပြောင်းလဲလိုက်တဲ့စနစ်အပေါ်ဘယ်လိုမြင်ကြသလဲ..?

Credit winkie (momolay)

Ref : Koreaboo