Zawgyiျဖင့္ဖတ္ရန္

ကိုယ္၀န္ေဆာင္ေနခ်ိန္အၿပီး ေမြးဖြားၿပီးခ်ိန္မွာေတာ့ ပံုမွန္အေနနဲ႕ ၄၅ ရက္ဆိုရင္ အတူေနလို႕ရပါၿပီေနာ္။ အတူေနလို႔ရၿပီ ဆိုေပမယ့္လည္း တစ္ခုရွိတာကေတာ့ မိခင္က ႏို႕တိုက္ေနတဲ့အခ်ိန္မွာ ပံုမွန္မ်ဳိးဥက မေၾကြတတ္တာေၾကာင့္ ေဟာ္မုန္းေျပာင္းလဲမႈေတြကေတာ့ ပံုမွန္မျဖစ္ႏိုင္ေသးပါဘူး။

ဒါေၾကာင့္လည္း ခင္ပြန္းသည္နဲ႕အတူတူေနထိုင္တဲ့အခါ နာတာ၊ ေမြးလမ္းေၾကာင္းမွာ ေအာက္ကညွပ္ထားတဲ့အတြက္ နာတတ္ပါတယ္တဲ့။ တကယ္လို႕ မိခင္မွာ ေသြးဆင္းတာ၊ ေသြးသြန္တာ။ ပိုး၀င္တာေတြရွိတယ္ဆိုရင္ေတာ့ ဆရာ၀န္နဲ႕တိုင္ပင္ၿပီးမွသာ အမ်ဳိးသားနဲ႕ ဆက္ဆံဖို႕လိုအပ္ပါတယ္တဲ့။

ေဖေဖ၊ ေမေမအားလံုး ရႊင္လန္းေပ်ာ္ရႊင္ၿပီး အိမ္ေထာင္ေရးသုခ၊ မိသားစုေပ်ာ္ရႊင္မႈေတြ ျပည့္၀ႏိုင္ၾကပါေစေနာ္။

Unicode ဖြင့်ဖတ်ရန်

ကိုယ်ဝန်ဆောင်နေချိန်အပြီး မွေးဖွားပြီးချိန်မှာတော့ ပုံမှန်အနေနဲ့ ၄၅ ရက်ဆိုရင် အတူနေလို့ရပါပြီနော်။ အတူနေလို့ရပြီ ဆိုပေမယ့်လည်း တစ်ခုရှိတာကတော့ မိခင်က နို့တိုက်နေတဲ့အချိန်မှာ ပုံမှန်မျိုးဥက မကြွေတတ်တာကြောင့် ဟော်မုန်းပြောင်းလဲမှုတွေကတော့ ပုံမှန်မဖြစ်နိုင်သေးပါဘူး။

ဒါကြောင့်လည်း ခင်ပွန်းသည်နဲ့အတူတူနေထိုင်တဲ့အခါ နာတာ၊ မွေးလမ်းကြောင်းမှာ အောက်ကညှပ်ထားတဲ့အတွက် နာတတ်ပါတယ်တဲ့။ တကယ်လို့ မိခင်မှာ သွေးဆင်းတာ၊ သွေးသွန်တာ။ ပိုးဝင်တာတွေရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အမျိုးသားနဲ့ ဆက်ဆံဖို့လိုအပ်ပါတယ်တဲ့။

ဖေဖေ၊ မေမေအားလုံး ရွှင်လန်းပျော်ရွှင်ပြီး အိမ်ထောင်ရေးသုခ၊ မိသားစုပျော်ရွှင်မှုတွေ ပြည့်ဝနိုင်ကြပါစေနော်။

Credit; Dr သင္းသင္းေအာင္