Zawgyiျဖင့္ဖတ္ရန္

ပရိသတ္ေတြကုိ ရယ္ေမာ္ေပ်ာ္ရႊင္ေအာင္ စိတ္ႏွလုံးေအးခ်မ္းဖုိ႔အတြက္ ဟာသေတြနဲ႔ တင္ဆက္ေပးေနတဲ့ ဟာသသ႐ုပ္ေတာင္ စည္သူပလပ္ကြၽတ္ကေတာ့ အခုေခတ္မွာ ျဖစ္ေနပ်က္ေနတဲ့အေၾကာင္းအရာေတြကုိ သီခ်င္းေလးတစ္ပုဒ္ဖန္တီးၿပီး အြန္လုိင္းေပၚတင္ခဲ့ရာ ပရိသတ္ေတြရဲ႕ အားေပးမႈကုိရခဲ့တယ္လုိ႔ Cele 7 ရဲ႕အင္တာဗ်ဴးတစ္ခုမွာေျပာသြားခဲ့ပါတယ္။

စည္သူပလပ္ကြၽတ္က “အြန္လုိင္းေပၚတင္တာကေတာ့ ကြၽန္ေတာ့္သီခ်င္းေလးပါပဲ ဒီဘက္ေခါတ္နဲ႔ကုိက္ညီတဲ့သီခ်င္းေလးေပါ့ေနာ္ ေၾကာက္စရာေကာင္းတဲ့ေခတ္ ေပါ့။ ဒီစာသားေတြကေတာ့ ကြၽန္ေတာ္တုိ႔ နာမည္ႀကီးဆရာေတာ္ႀကီးဘုရားတစ္ပါးရဲ႕စာသားနဲ႔ကြၽန္ေတာ့္စာသားေပါင္းၿပီးေတာ့ စပ္ထားလုိက္တာေပါ့ေနာ္။ ေၾကာက္စရာေကာင္းတဲ့ေခတ္လုိ႔ အမည္ရပါတယ္။ အဲ့သီခ်င္းေလးက ဒီဘက္ေခတ္မွာ ျဖစ္ပ်က္ေနတာေတြနဲ႔ကုိက္ညီတယ္။

ကြၽန္ေတာ္အြန္လုိုင္းေပၚမွာပဲ ဆရာေတာ္ဘုရားႀကီးရဲ႕စာသားေတြကုိေတြ႔လုိက္ေတာ့ ကြၽန္ေတာ္စိတ္ကူးရၿပီးေတာ့ ဒီဘက္က ကြၽန္ေတာ့္ရဲ႕ စာသားေလးနဲ႔ထပ္ေပါင္းလုိက္တယ္ေပါ့ေနာ္။ အဓိပၸါယ္ကေတာ့ ဒီဘက္ေခတ္မွာ အြန္လုိင္းသုံးတဲ့လူေတြအတြက္ေရာ ၿပီးေတာ့ မိဘစကားနားမေထာင္တဲ့လူေတြအတြက္ေရာ ၿပီးေတာ့ ဆရာသမားရဲ႕စကားကုိ နားမေထာင္တဲ့သူေတြအတြက္ေရာ။ လင္ႀကီး႐ွိၿပီးေတာ့လင္ငယ္မက္ မရားႀကီး႐ွိၿပီးေတာ့ မယားငယ္မယ္ၿပီးရင္ သက္ငယ္မုဒိမ္းေတြျဖစ္တယ္ဆုိတဲ့ စာသားေတြအကုန္လုံးပါတယ္။ အေၾကာင္းအရာကေတာ့ဗ်ာ Facebook မွာလည္းဆဲလုိ႔ဆဲ ကုိယ္ခ်င္းမစာတဲ့ေခတ္ အြန္လုိင္းေပၚမွာရည္းစားထား ၾကဴစိန္လုပ္တဲ့ေခတ္ သက္ငယ္မုဒိမ္းေတြျဖစ္လုိ႔ျဖစ္ ေၾကာက္စရာေကာင္းတဲ့ေခတ္။

တိရစာၦန္စိတ္လားလူစိတ္လားခြဲျခားမရတဲ့ေခတ္။ အဲ့လုိမ်ိဳးေလးေပါ့ေနာ္။ ဆရာမိဘအေလးမထား မေလးစားတဲ့ေခတ္ အဲ့ဒီစာသားေလးေတြေပါ့ဗ်ာ။ ကြၽန္ေတာ့္ wall ထဲမွာ တင္ထားကုိၾကည့္လုိက္ေတာ့ မဆုိးဘူးဗ် Share တာေတာ့ ၉၀၀ေက်ာ္သြားၿပီ တစ္ပတ္အတြင္းေပါ့ေနာ္။ ၾကည့္႐ွဴ႕သူကေတာ့ ၃ေသာင္းေက်ာ္သြားၿပီ ကြၽန္ေတာ္ၾကည့္တဲ့အခ်ိန္မွာ စာသားေလးေတြမုိက္တယ္တဲ့ အဲ့ထဲက တစ္ေယာက္တစ္ေလကေတာ့ သီခ်င္းျဖစ္ၿပီးေရာဆုိၿပီး ရပါတယ္ေပါ့ေနာ္။ တခ်ိဳ႕ၾကေတာ့လည္း ေျပာခံရတယ္ေပါ့ေနာ္။ဒါေပမဲ့ Comment ေတြကေတာ့ေကာင္းတာမ်ားပါတယ္ေနာ္။

Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေကို ရယ်မော်ပျော်ရွှင်အောင် စိတ်နှလုံးအေးချမ်းဖို့အတွက် ဟာသတွေနဲ့ တင်ဆက်ပေးနေတဲ့ ဟာသသရုပ်တောင် စည်သူပလပ်ကျွတ်ကတော့ အခုခေတ်မှာ ဖြစ်နေပျက်နေတဲ့အကြောင်းအရာတွေကို သီချင်းလေးတစ်ပုဒ်ဖန်တီးပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ ပရိသတ်တွေရဲ့ အားပေးမှုကိုရခဲ့တယ်လို့ Cele 7 ရဲ့အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

စည်သူပလပ်ကျွတ်က “အွန်လိုင်းပေါ်တင်တာကတော့ ကျွန်တော့်သီချင်းလေးပါပဲ ဒီဘက်ခေါတ်နဲ့ကိုက်ညီတဲ့သီချင်းလေးပေါ့နော် ကြောက်စရာကောင်းတဲ့ခေတ် ပေါ့။ ဒီစာသားတွေကတော့ ကျွန်တော်တို့ နာမည်ကြီးဆရာတော်ကြီးဘုရားတစ်ပါးရဲ့စာသားနဲ့ကျွန်တော့်စာသားပေါင်းပြီးတော့ စပ်ထားလိုက်တာပေါ့နော်။ ကြောက်စရာကောင်းတဲ့ခေတ်လို့ အမည်ရပါတယ်။ အဲ့သီချင်းလေးက ဒီဘက်ခေတ်မှာ ဖြစ်ပျက်နေတာတွေနဲ့ကိုက်ညီတယ်။

ကျွန်တော်အွန်လိုင်းပေါ်မှာပဲ ဆရာတော်ဘုရားကြီးရဲ့စာသားတွေကိုတွေ့လိုက်တော့ ကျွန်တော်စိတ်ကူးရပြီးတော့ ဒီဘက်က ကျွန်တော့်ရဲ့ စာသားလေးနဲ့ထပ်ပေါင်းလိုက်တယ်ပေါ့နော်။ အဓိပ္ပါယ်ကတော့ ဒီဘက်ခေတ်မှာ အွန်လိုင်းသုံးတဲ့လူတွေအတွက်ရော ပြီးတော့ မိဘစကားနားမထောင်တဲ့လူတွေအတွက်ရော ပြီးတော့ ဆရာသမားရဲ့စကားကို နားမထောင်တဲ့သူတွေအတွက်ရော။ လင်ကြီးရှိပြီးတော့လင်ငယ်မက် မရားကြီးရှိပြီးတော့ မယားငယ်မယ်ပြီးရင် သက်ငယ်မုဒိမ်းတွေဖြစ်တယ်ဆိုတဲ့ စာသားတွေအကုန်လုံးပါတယ်။ အကြောင်းအရာကတော့ဗျာ Facebook မှာလည်းဆဲလို့ဆဲ ကိုယ်ချင်းမစာတဲ့ခေတ် အွန်လိုင်းပေါ်မှာရည်းစားထား ကြူစိန်လုပ်တဲ့ခေတ် သက်ငယ်မုဒိမ်းတွေဖြစ်လို့ဖြစ် ကြောက်စရာကောင်းတဲ့ခေတ်။

တိရစ္ဆာန်စိတ်လားလူစိတ်လားခွဲခြားမရတဲ့ခေတ်။ အဲ့လိုမျိုးလေးပေါ့နော်။ ဆရာမိဘအလေးမထား မလေးစားတဲ့ခေတ် အဲ့ဒီစာသားလေးတွေပေါ့ဗျာ။ ကျွန်တော့် wall ထဲမှာ တင်ထားကိုကြည့်လိုက်တော့ မဆိုးဘူးဗျ Share တာတော့ ၉၀၀ကျော်သွားပြီ တစ်ပတ်အတွင်းပေါ့နော်။ ကြည့်ရှူ့သူကတော့ ၃သောင်းကျော်သွားပြီ ကျွန်တော်ကြည့်တဲ့အချိန်မှာ စာသားလေးတွေမိုက်တယ်တဲ့ အဲ့ထဲက တစ်ယောက်တစ်လေကတော့ သီချင်းဖြစ်ပြီးရောဆိုပြီး ရပါတယ်ပေါ့နော်။ တချို့ကြတော့လည်း ပြောခံရတယ်ပေါ့နော်။ဒါပေမဲ့ Comment တွေကတော့ကောင်းတာများပါတယ်နော်။

Credit: ေျပာခ်င္လြန္းလို႔