Zawgyiျဖင့္ဖတ္ရန္

တ႐ုတ္​ႏိုင္​ငံ၊ Xiamen ​ေဒသက အမ်ိဳးသမီးတစ္​ဦးဟာ တစ္​ရက္​သားမွာ​ေတာ့ သူအိပ္​ရာႏိုးလာခဲ့တာဟာ သူ႔အတြက္​ ထူးထူးျခားျခား ကံၾကမၼာဆိုးစိန္​​ေခၚမႈနဲ႔ ရင္​ဆိုင္​ရ​ဖို႔ ျဖစ္​လာ​ေစခဲ့ပါတယ္​။

သူဟာ အဲ့ဒီ​ေန႔မွာပဲ သူ႕ခ်စ္​သူ​ေကာင္​​ေလးရဲ႕အသံကို စိုးစဥ္​းမ​်ွမၾကားႏိုင္​​ေတာ့တာကို သိ႐ွိခဲ့ရပါတယ္​။ ခ်စ္​သူ​ေကာင္​​ေလးအဖို႔ အနည္​းငယ္​ကံ​ေကာင္​းသြားခဲ့တာက အမ်ိဳးသမီးဟာ သူအပါအဝင္​ တျခား​ေသာ ဘယ္​လို​ေယာက်ာၤးမ်ိဳးရဲ႕အသံကိုမွ ၾကားႏိုင္​စြမ္​းမ႐ွ​ိ​ေတာ့တာ ျဖစ္​ပါတယ္​။

သူဟာ reverse slope hearing loss လို႔​ေခၚတဲ့ ႐ွား႐ွားပါးပါး အၾကားအာရံုခ်ိဳ႕ယြင္​းမႈ​ေဝဒနာတစ္​မ​်ိဳးကို ခံစားခဲ့ရတာျဖစ္​ပါတယ္​။ မ်ား​ေသာအားျဖင္​့ လူ​ေတြရဲ႕အၾကားအာရံုဟာ ႀကိမ္​ႏႈန္​းျမင္​့အသံ​ေတြကိုသာ ၾကားႏိုင္​စြမ္​းကင္​းမဲ့သြားတာမ်ိဳး ျဖစ္​ပါတယ္​။

သူက​ေတာ့ ​ေျပာင္​းျပန္​အ​ေနနဲ႔ အနိမ္​့သံ​ေတြကို ၾကားႏိုိင္​စြမ္​းမ႐ွိ​ေတာ့တဲ့ အၾကား​အာရံု​ေဝဒနာကို ခံစားခဲ့ရ​တာ​ေၾကာင္​့ အမ်ိဳးသားအသံ​ေတြကို မၾကားသိႏိုင္​​ေတာ့တာပါ။ ဒါဟာ သူ႕နားရဲ႕ဘယ္​အစိတ္​အပိုင္​းက ပ်က္​စီးသြားသလဲဆိုတဲ့အခ်က္​နဲ႔ ဆက္​ႏြယ္​မႈ႐ွိ​ေနတာလဲ ျဖစ္​​ပါတယ္​။

အၾကားအာရံု အကူကိရိယာ​ေတြရဲ႕ အကူအညီနဲ႔​ေတာ့ သူ႕ရဲ႕အၾကားအာရံုကို အ​​ေထာက္​အကူျပဳ​ေပးႏုိုင္​မွာျဖစ္​ပါတယ္​။ ​ေနာက္​ထပ္​တစ္​ခ်က္​က​ေတာ့ သူဟာ ​အမ်ိဳးသား​ေတြရဲ႕ သဘာဝအ​ေလ်ာက္​အသံကိုသာၾကားႏိုင္​စြမ္​းမ႐ွိ​ေတာ့တာျဖစ္​ၿပီး အမ်ိဳးသားတစ္​​ေယာက္​က အျမင္​့သံစူးစူးဝါးဝါးနဲ႔ သီခ်င္​းတစ္​ပုဒ္​ကို​ေအာ္​ဆို​ေနရင္​​ေတာ့ သူဟာၾကားသိႏိုင္​မွာျဖစ္​ပါတယ္​။

ဒါ့ျပင္​ အမ်ိဳးသမီးအခ်င္​းခ်င္​းမွာလဲ အနိမ္​့သံကိုပိုင္​ဆိုင္​ထားတဲ့ အမ်ိဳးသမီး​ေတြရဲ႕အသံကုိ သူၾကားႏိုင္​ျခင္​း မ႐ွိ​ေတာ့ပါဘူး။ အၾကားအာရံုအကူကိရိယာ​ေတြ​နဲ႔​ေတာ့ သူ႕ရဲ႕အၾကားအာရံုကိုျပန္​လည္​​ေထာက္​ကူ​ေပးႏိုိင္​မွာျဖစ္​ပါတယ္​။

Unicode ဖြင့်ဖတ်ရန်

တရုတ်နိုင်ငံ၊ Xiamen ဒေသက အမျိုးသမီးတစ်ဦးဟာ တစ်ရက်သားမှာတော့ သူအိပ်ရာနိုးလာခဲ့တာဟာ သူ့အတွက် ထူးထူးခြားခြား ကံကြမ္မာဆိုးစိန်ခေါ်မှုနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာစေခဲ့ပါတယ်။

သူဟာ အဲ့ဒီနေ့မှာပဲ သူ့ချစ်သူကောင်လေးရဲ့အသံကို စိုးစဉ်းမျှမကြားနိုင်တော့တာကို သိရှိခဲ့ရပါတယ်။ ချစ်သူကောင်လေးအဖို့ အနည်းငယ်ကံကောင်းသွားခဲ့တာက အမျိုးသမီးဟာ သူအပါအဝင် တခြားသော ဘယ်လိုယောကျာၤးမျိုးရဲ့အသံကိုမှ ကြားနိုင်စွမ်းမရှိတော့တာ ဖြစ်ပါတယ်။

သူဟာ reverse slope hearing loss လို့ခေါ်တဲ့ ရှားရှားပါးပါး အကြားအာရုံချို့ယွင်းမှုဝေဒနာတစ်မျိုးကို ခံစားခဲ့ရတာဖြစ်ပါတယ်။ များသောအားဖြင့် လူတွေရဲ့အကြားအာရုံဟာ ကြိမ်နှုန်းမြင့်အသံတွေကိုသာ ကြားနိုင်စွမ်းကင်းမဲ့သွားတာမျိုး ဖြစ်ပါတယ်။

သူကတော့ ပြောင်းပြန်အနေနဲ့ အနိမ့်သံတွေကို ကြားနိုင်စွမ်းမရှိတော့တဲ့ အကြားအာရုံဝေဒနာကို ခံစားခဲ့ရတာကြောင့် အမျိုးသားအသံတွေကို မကြားသိနိုင်တော့တာပါ။ ဒါဟာ သူ့နားရဲ့ဘယ်အစိတ်အပိုင်းက ပျက်စီးသွားသလဲဆိုတဲ့အချက်နဲ့ ဆက်နွယ်မှုရှိနေတာလဲ ဖြစ်ပါတယ်။

အကြားအာရုံ အကူကိရိယာတွေရဲ့ အကူအညီနဲ့တော့ သူ့ရဲ့အကြားအာရုံကို အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ သူဟာ အမျိုးသားတွေရဲ့ သဘာဝအလျောက်အသံကိုသာကြားနိုင်စွမ်းမရှိတော့တာဖြစ်ပြီး အမျိုးသားတစ်ယောက်က အမြင့်သံစူးစူးဝါးဝါးနဲ့ သီချင်းတစ်ပုဒ်ကိုအော်ဆိုနေရင်တော့ သူဟာကြားသိနိုင်မှာဖြစ်ပါတယ်။

ဒါ့ပြင် အမျိုးသမီးအချင်းချင်းမှာလဲ အနိမ့်သံကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေရဲ့အသံကို သူကြားနိုင်ခြင်း မရှိတော့ပါဘူး။ အကြားအာရုံအကူကိရိယာတွေနဲ့တော့ သူ့ရဲ့အကြားအာရုံကိုပြန်လည်ထောက်ကူပေးနိုင်မှာဖြစ်ပါတယ်။

Credit: ေျပာခ်င္လြန္းလို႔