Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မိတ်ကပ်ပညာရှင် တယောက်ဖြစ်တဲ့ မထက်ကတော့ သူ့အနေနဲ့ တည်ငြိမ်တဲ့ပုံစံနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံတွေကြောင့် ပရိသတ်အခိုင်အမာ ရရှိထားတာလည်း ဖြစ်ပါတယ်။ မထက်ကတော့ ပြောင်းလဲမှုတွေ အများကြီးလုပ်ပြီးတဲ့ နောက်မှာတော့ သူ့အနေနဲ့ လှပတဲ့ဘဝလေးကို ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။ ဒီလိုမဖြစ်ခင် တချိန်တုန်းက သူဘယ်လိုတွေနေခဲ့ရပြီး အတုတွေကို အားကိုးခဲ့ရတဲ့ အကြောင်းလေးကိုတော့ ပြောကြားသွား ခဲ့ပါတယ်။
ခန္ဓာကိုယ် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး မထက်ကတော့ “အမကတော့ ထွေထွေထူးထူး လုပ်စရာမလိုဘူး။ အမက အရပ်လည်းရှည်တယ်။ အရင်တုန်းကဆို ပိန်လည်း ပိန်တယ်။ ခုနောက်ပိုင်း ဟော်မုန်းပြောင်းပြီးမှသာ နည်းနည်းပြည့်လာတာပေါ့။ အမရဲ့ အရင်ပုံစံက ခြေတွေ လက်တွေ အရမ်းသေးတယ်။ သူများကတော့ ပေါင်သေးသေးလေး ခြေသလုံးသေးသေးလေးတွေကို အရမ်းသဘောကျပေမယ့်လည်း အမကတော့ မုန်းတယ်။ အဲ့တော့ပေါင်ကြီးအောင် Gym ဆော့ရတယ်။ အမက ခါးတုတ်တော့ ခါးတုတ်အောင် Gym ဆော့ရတယ်။ တင်လည်းမရှိပါဘူး။ တင်နဲ့ ပေါင်အတွက်တော့ အမြဲ Gym ဆော့ရတာပေါ့နော်။
အခုနောက်ပိုင်းကတော့ အမ အမြဲအောင်ပိုင်းကိုဆော့တယ်။ အရင်တုန်းက တင်အတုကို အားကိုးရတယ်။ တင်အတုမပါပဲ အမ ဘယ်မသွားဘူး။ တင်အတုကို အိပ်ခါနီးလောက်မှပဲ ချွတ်တာ။ အခုကတော့ တင်အတုလည် တပ်စရာမလိုတော့ဘူး။ အစကတော့ ဒီလိုတွေ ဆော့ရင် မပြောင်းလဲဘူးလို့ ထင်ထားတာ အခုဆော့လိုက်တော့ တကယ်ကို ပြောင်းလဲလာတယ်။ ဘာပဲ ပြောပြော လှတာမလှတာ ထက် ကိုယ်အဆင်ပြေလောက်တဲ့ အနေအထားလေးကို ရောက်တယ်ပေါ့နော်။ရင်တုန်းကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး။ အခုနောက်ပိုင်းကျတော့ ကိုယ့်ဆီမှာ အတုတွေနည်းလာတော့ ပိုပြီးတော့ ယုံကြည်မှုရှိလာတာပေါ့နော်။
ချစ်သူကောင်လေးရွေးရင် ဘယ်လိုပုံစံကို ရွေးမလဲဆိုတဲ့ မေးခွန်းကိုတော့ “အမကို ကြိုက်တဲ့သူကိုပဲ ရွေးမှာပေါ့နော်။ အရင်တုန်းကတော့ အမက အရပ်ရှည်တာ မရှည်တာတွေးဖူးတယ်။ အခုကတော့ အရပ်ရှည်တဲ့ ကောင်လေးကိုပဲ ရွေးချင်တော့တယ်။ အရင်ကကြိုက်လာခဲ့တာတွေက ကိုယ်နဲ့ မတိမ်းမယိမ်းပြီးတော့ ကိုယ့်ထက်ပုတဲ့သူတွေဆိုတော့လေ။ ဒိတခေါက်ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ အရပ်ရှည်တဲ့သူကိုပဲ ရွေးဖြစ်မယ်ထင်ပါတယ်။ မရလည်းနေပါစေတော့လေ။ တကယ်ယူကြမယ့်သူတွေလည်းမဟုတ်ဘူး။ အဲ့တော့ ဘာဖီးလ်မှ မရှိဘူး။ သူချစ်ကိုပဲ ရှာတော့မယ်” ဆိုပြီးတော့ ရင်ဖွင့်ပြောကြားသွား ခဲ့ပါတယ်။
Credit: ပြောချင်လွန်းလို့