Zawgyiျဖင့္ဖတ္ရန္

ျမန္မာအိုင္ေဒါလ္ျပိဳင္ပြဲကေနတဆင့္ ေအာင္ျမင္လာျပီး ပရိသတ္အခိုင္အမာ ရရွိလာတဲ့အဆိုေတာ္ ျဖိဳးျမတ္ေအာင္ကေတာ့ လက္ရွိခ်ိန္မွာဆိုရင္ ေအာင္ျမင္တဲ့ အဆိုေတာ္တေယာက္ ျဖစ္ေနျပီး သူ႔အေနနဲ႔ အလွဴအတန္းေတြကို ဆက္တိုက္လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဧရာဝတီတိုင္းမွာ ထီေတြ လတိုင္းေပါက္ေနတာေၾကာင့္ ဟသၤာတမွာ ထီျပန္ထိုးမယ္လို႔ ေျပာၾကားခဲ့ျပီး ရလာတဲ့ ေငြေတြကိုလည္း ဘယ္လုိေနရာေတြမွာ လွဴဒါန္းခ်င္တယ္ဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။

ဧရာဝတီတိုင္းေတြကပဲ ထီေတြေပါက္ေနေတာ့ ျပန္ျပီးထီမထိုးခ်င္ဘူးလားဆိုတဲ့ ေမးခြန္းကိုေတာ့ ျဖိဳးျမတ္ေအာင္က “က်ေနာ္ကေတာ့ ထီထိုးတာကို ဝါသနာပါလွတယ္ေတာ့ မဟုတ္ပါဘူး။ ကိုယ့္စိတ္ထဲမွာ စိတ္ကူးရရင္ေတာ့ သြားထိုးျဖစ္တယ္။ ဒီလေတာ့ ဟသၤာတမွာ ထီထိုးမယ္ဗ်ာ။ ေပ်ာ္တာေပါ့။ က်ေနာ္တို႔ ေဒသမွာ ထီဆုၾကီးေတြမလာတာ ႏွစ္ေပါင္းမွ မနည္းေတာ့တာ။ ငယ္ငယ္တုန္းကဆို အေမက ေျပာတယ္။ ထီထိုးရင္ ရန္ကုန္တို႔ဘာတို႔မွာ သြားထိုးၾကမယ္။ ငါတို႔ ဧရာဝတီတိုင္းက ထီဆုၾကီးေတြ မလာဘူးေပါ့။ အခုလိုက်ေတာ့လည္း ဝမ္းသာတာေပါ့။ လတိုင္းအဲ့လိုေပါက္ေနေတာ့လည္း ဝမ္းသာတယ္။ ျပီးေတာ့ ေပါက္သြားတဲ့သူေတြကလည္း တကယ္လိုအပ္တဲ့သူေတြပဲဆိုေတာ့ အတိုင္းမသိဝမ္းသာပါတယ္”

“ဟသၤာတကိုေတာ့ ထီကို ျပန္ထိုးမွာပါ။ ေပါက္ရင္ေတာ့ စိတ္ကူးထားတာေတြ ရွိပါတယ္။ က်ေနာ္ ဆရာေတာ့ဆီမွာ ေက်ာင္းေတြ အၾကီးၾကီးေဆာက္မယ္။ ဆရာေတာ့္အတြက္ ဘဏ္ထဲကို သိန္း ၅ ေထာင္ေလာက္ထည့္ထားေပးခ်င္တယ္။ ဒါဆို ဆရာေတာ္လည္း စိတ္မပူရေတာ့ဘူးေပါ့ေနာ္။ အဲ့လိုလွဴခ်င္တာေတာ့ ရွိပါတယ္။ တျခားဘာလုပ္ခ်င္တာရွိလဲဆိုေတာ့ က်ေတာ္ ဘုရားတဆူတည္ဖို႔ ရွိပါတယ္။ ေလာေလာဆယ္ေတာ့ ေပၚမလာေသးဘူးေပါ့။ အေဟာင္းေတြကို ျပင္ဖို႔သေဘာက်တယ္။ ေလာေလာဆယ္ေတာ့ လာမေျပာၾကေသးပါဘူး။ ဒါေပမယ့္လည္း ကိုယ့္ဘာကိုယ္ အိမ္မက္ရတဲ့အခါမွာ သြားတာမ်ားပါတယ္။

ရန္ကုန္မွာေနရတာကေတာ့ အသားက်လာပါျပီ။ ဘာအခက္ခဲရွိလည္းဆိုေတာ့ က်ေနာ္တိ႔ု နယ္မွာ ေနသလို သြားခ်င္တိုင္းသြားလို႔မရဘူး။ က်ေနာ္တို႔ဆီမွာေတာ့ စက္ဘီးနဲ႔ပဲျဖစ္ျဖစ္ ဆိုင္ကယ္နဲ႔ပဲ ျဖစ္ျဖစ္သြားလိုက္လို႔ရတာေပါ့။ ျပီးေတာ့ အခ်ိန္ေတြ ေနာက္က်တာေပါ့ေနာ္။ ၉ နာရီသြားရမယ့္အခ်ိန္ဆို ၇ နာရီေလာက္ကတည္းက သြားရတာမ်ိဳးေတြ ရွိတာေပါ့ေနာ္။ အရင္တုန္းကဆို ရန္ကုန္လာတုန္းက တိုက္ေအာက္ကို မဆင္းရဲဲဘူး။ စက္ေလွကားေတြ စီးတဲ့အခ်ိန္မွာလည္း ရယ္စရာအေကာင္းဆံုးပဲ။ အဲ့အသံၾကီးၾကားလိုက္ေတာ့ ခုန္လိုက္တာ။ အဲ့လိုရယ္စရာေလးေတြေတာ့ ရွိတယ္” ဆိုျပီးေတာ့ ေျပာၾကားသြား ခဲ့ပါတယ္။

Unicode ဖြင့်ဖတ်ရန်

ထီပေါက်ခဲ့ရင် သိန်း ၅ ထောင်လောက်ကို လှူဒါန်းချင်တယ်ဆိုတဲ့ ဖြိုးမြတ်အောင်

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေတဆင့် အောင်မြင်လာပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့အဆိုတော် ဖြိုးမြတ်အောင်ကတော့ လက်ရှိချိန်မှာဆိုရင် အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်နေပြီး သူ့အနေနဲ့ အလှူအတန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဧရာဝတီတိုင်းမှာ ထီတွေ လတိုင်းပေါက်နေတာကြောင့် ဟင်္သာတမှာ ထီပြန်ထိုးမယ်လို့ ပြောကြားခဲ့ပြီး ရလာတဲ့ ငွေတွေကိုလည်း ဘယ်လိုနေရာတွေမှာ လှူဒါန်းချင်တယ်ဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

ဧရာဝတီတိုင်းတွေကပဲ ထီတွေပေါက်နေတော့ ပြန်ပြီးထီမထိုးချင်ဘူးလားဆိုတဲ့ မေးခွန်းကိုတော့ ဖြိုးမြတ်အောင်က “ကျနော်ကတော့ ထီထိုးတာကို ဝါသနာပါလှတယ်တော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ စိတ်ကူးရရင်တော့ သွားထိုးဖြစ်တယ်။ ဒီလတော့ ဟင်္သာတမှာ ထီထိုးမယ်ဗျာ။ ပျော်တာပေါ့။ ကျနော်တို့ ဒေသမှာ ထီဆုကြီးတွေမလာတာ နှစ်ပေါင်းမှ မနည်းတော့တာ။ ငယ်ငယ်တုန်းကဆို အမေက ပြောတယ်။ ထီထိုးရင် ရန်ကုန်တို့ဘာတို့မှာ သွားထိုးကြမယ်။ ငါတို့ ဧရာဝတီတိုင်းက ထီဆုကြီးတွေ မလာဘူးပေါ့။ အခုလိုကျတော့လည်း ဝမ်းသာတာပေါ့။ လတိုင်းအဲ့လိုပေါက်နေတော့လည်း ဝမ်းသာတယ်။ ပြီးတော့ ပေါက်သွားတဲ့သူတွေကလည်း တကယ်လိုအပ်တဲ့သူတွေပဲဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်”

“ဟင်္သာတကိုတော့ ထီကို ပြန်ထိုးမှာပါ။ ပေါက်ရင်တော့ စိတ်ကူးထားတာတွေ ရှိပါတယ်။ ကျနော် ဆရာတော့ဆီမှာ ကျောင်းတွေ အကြီးကြီးဆောက်မယ်။ ဆရာတော့်အတွက် ဘဏ်ထဲကို သိန်း ၅ ထောင်လောက်ထည့်ထားပေးချင်တယ်။ ဒါဆို ဆရာတော်လည်း စိတ်မပူရတော့ဘူးပေါ့နော်။ အဲ့လိုလှူချင်တာတော့ ရှိပါတယ်။ တခြားဘာလုပ်ချင်တာရှိလဲဆိုတော့ ကျတော် ဘုရားတဆူတည်ဖို့ ရှိပါတယ်။ လောလောဆယ်တော့ ပေါ်မလာသေးဘူးပေါ့။ အဟောင်းတွေကို ပြင်ဖို့သဘောကျတယ်။ လောလောဆယ်တော့ လာမပြောကြသေးပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဘာကိုယ် အိမ်မက်ရတဲ့အခါမှာ သွားတာများပါတယ်။

ရန်ကုန်မှာနေရတာကတော့ အသားကျလာပါပြီ။ ဘာအခက်ခဲရှိလည်းဆိုတော့ ကျနော်တို့ နယ်မှာ နေသလို သွားချင်တိုင်းသွားလို့မရဘူး။ ကျနော်တို့ဆီမှာတော့ စက်ဘီးနဲ့ပဲဖြစ်ဖြစ် ဆိုင်ကယ်နဲ့ပဲ ဖြစ်ဖြစ်သွားလိုက်လို့ရတာပေါ့။ ပြီးတော့ အချိန်တွေ နောက်ကျတာပေါ့နော်။ ၉ နာရီသွားရမယ့်အချိန်ဆို ရ နာရီလောက်ကတည်းက သွားရတာမျိုးတွေ ရှိတာပေါ့နော်။ အရင်တုန်းကဆို ရန်ကုန်လာတုန်းက တိုက်အောက်ကို မဆင်းရဲဲဘူး။ စက်လှေကားတွေ စီးတဲ့အချိန်မှာလည်း ရယ်စရာအကောင်းဆုံးပဲ။ အဲ့အသံကြီးကြားလိုက်တော့ ခုန်လိုက်တာ။ အဲ့လိုရယ်စရာလေးတွေတော့ ရှိတယ်” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

Credit: ေျပာခ်င္လြန္းလို႔