Zawgyiျဖင့္ဖတ္ရန္

မမကို ဘယ္ေလာက္ခ်စ္ေၾကာင္းသီခ်င္းေတြနဲ႔ပါ ဖြဲ႔ႏြဲ႔ျပီး ေရးသားသီဆိုတက္တဲ့ G Fatt တစ္ေယာက္ မမနဲ႔ ဘယ္လိုေတြ စခန္းသြားဆက္သြားဖို႔ရွိတယ္ဆိုတဲ့အေၾကာင္းေလးရယ္၊ အခုလက္ရွိသူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို G Fatt က ပြင့္ပြင့္လင္းလင္းေျပာျပသြားပါတယ္။

ဒီရက္ပိုင္းမမ က အဖီလ္းပိုစ့္ေတြ ဆက္တုိက္တင္ေနတာ ကၽြန္ေတာ္နဲ႔ အေနနီးသြားလို႔ျဖစ္ပါလိမ့္မယ္။ ပရိသတ္ၾကီး ဘာမွစိတ္မပူပါနဲ႔လို႔ ေျပာသြားခဲ့ပါတယ္။ ဆက္လက္ျပီး GFatt က ႏွစ္ေယာက္လံုး ေအးေအးေဆးေဆးပါပဲ။ သူလဲသူ႔အလုပ္သူလုပ္၊ ကိုယ္လဲကိုယ့္အလုပ္ကိုယ္လုပ္။ တစ္ခါတစ္ေလ အရမ္းအစလြန္သြားရင္ေတာ့ စိတ္ဆိုးသြားတာေလးေတာ့ရွိပါတယ္။ အဆင္မေျပမႈေလးေတြေတာ့ရွိတာေပါ့။ ဒါေပမယ့္လည္း ဒီလိုပဲ နားလည္မႈနဲ႔ေရွ႕ဆက္ရတာေပါ့။

ကၽြန္ေတာ္ကေတာ့ အျမဲအေလ်ာ့ေပးျပီးပဲဆက္ဆံပါတယ္။ မိန္းကေလးဆိုေတာ့ ဂရုစိုက္တာေတာ့ခံခ်င္ၾကတာပဲေလ။ ျပီးေတာ့ သူကအိမ္မွာ အငယ္ဆံုးလိုျဖစ္ေနေတာ့ ပိုျပီး အေလ်ာ့ေပးဆက္ဆံေပးရတာေပါ့။ တစ္ခါတစ္ေလအေလ်ာ့မေပးတဲ့အခါေတြလည္းရွိပါတယ္။ ႏွစ္ေယာက္သားဘာမွမဟုတ္တဲ့ကိုယ္မွန္တာထင္တဲ့အရာကုိ ျငင္းခုန္ရင္းနဲ႔လည္း ကေတာက္ကစေလးေတြေတာ့ရွိပါတယ္။ ဥပမာ ဘုရင့္ေနာင္အေၾကာင္းေျပာရင္းနဲ႔ျဖစ္ျဖစ္ေပါ့။

ႏွစ္ေယာက္သားကေတာ့ ဒီလိုပဲ နားလည္မႈပဲအျမဲရွိပါတယ္။ ရည္စားေတာ္ေတာ္မ်ားမ်ားက စစတြဲျခင္းဆို အျပစ္မျမင္ၾကဘူးေလ။ ၾကာလာမွ အားနည္းခ်က္ေတြျမင္လာျပီး မၾကိဳက္ေတာ့တာျဖစ္ႏိုင္တယ္။ ဒါကို ဥာဏ္သံုးျပီး ဘယ္လိုေျဖရွင္းမလဲစဥ္းစားရမွာပါ။ သူမၾကိဳက္တာကိုယ္ျပင္၊ ကိုယ္မၾကိဳက္တာကိုလည္းသူက ျပင္ေပး။ မျပင္ႏိုင္ဘူးဆို နားလည္မႈယူ။ အဲ့ဒါကိုညွိႏႈိုင္းႏုိင္ရင္ ရည္ရွည္ဆက္သြားလို႔ရျပီ။ နားလည္ေပးႏုိင္စြမ္းကို သုညထိခ်ျပီး နားလည္ေပးႏုိင္မွ RS တစ္ခုက တည္ျမဲတယ္လုိ႔အကိုတစ္ေယာက္က ဆံုးမဖူးတယ္။

ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကအခုကေတာ့ေအးေအးေဆးေဆးပဲ ဆက္သြားေနပါတယ္။ အမ်ားၾကီးလည္း ၾကိဳမေျပာထားခ်င္ဘူး။ ေရႊလက္တြဲ သြားတာလည္းျဖစ္ႏုိင္တယ္။ အေၾကာင္းမတိုက္ဆိုင္တာလည္းျဖစ္ႏုိင္တယ္။ ကၽြန္ေတာ္တုိ႔အေကာင္းဆံုးေနထိုင္ပါမယ္။ ပရိသတ္ၾကီးကို စိတ္မပူေစခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လက္တြဲႏိုင္ေအာင္လည္း ၾကိဳးစားသြားပါမယ္လို႔ေျပာသြားခဲ့ပါတယ္။

Unicode ဖြင့်ဖတ်ရန်

မမကို ဘယ်လောက်ချစ်ကြောင်းသီချင်းတွေနဲ့ပါ ဖွဲ့နွဲ့ပြီး ရေးသားသီဆိုတက်တဲ့ G Fatt တစ်ယောက် မမနဲ့ ဘယ်လိုတွေ စခန်းသွားဆက်သွားဖို့ရှိတယ်ဆိုတဲ့အကြောင်းလေးရယ်၊ အခုလက်ရှိသူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို G Fatt က ပွင့်ပွင့်လင်းလင်းပြောပြသွားပါတယ်။

ဒီရက်ပိုင်းမမ က အဖီလ်းပိုစ့်တွေ ဆက်တိုက်တင်နေတာ ကျွန်တော်နဲ့ အနေနီးသွားလို့ဖြစ်ပါလိမ့်မယ်။ ပရိသတ်ကြီး ဘာမှစိတ်မပူပါနဲ့လို့ ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီး GFatt က နှစ်ယောက်လုံး အေးအေးဆေးဆေးပါပဲ။ သူလဲသူ့အလုပ်သူလုပ်၊ ကိုယ်လဲကိုယ့်အလုပ်ကိုယ်လုပ်။ တစ်ခါတစ်လေ အရမ်းအစလွန်သွားရင်တော့ စိတ်ဆိုးသွားတာလေးတော့ရှိပါတယ်။ အဆင်မပြေမှုလေးတွေတော့ရှိတာပေါ့။ ဒါပေမယ့်လည်း ဒီလိုပဲ နားလည်မှုနဲ့ရှေ့ဆက်ရတာပေါ့။

ကျွန်တော်ကတော့ အမြဲအလျော့ပေးပြီးပဲဆက်ဆံပါတယ်။ မိန်းကလေးဆိုတော့ ဂရုစိုက်တာတော့ခံချင်ကြတာပဲလေ။ ပြီးတော့ သူကအိမ်မှာ အငယ်ဆုံးလိုဖြစ်နေတော့ ပိုပြီး အလျော့ပေးဆက်ဆံပေးရတာပေါ့။ တစ်ခါတစ်လေအလျော့မပေးတဲ့အခါတွေလည်းရှိပါတယ်။ နှစ်ယောက်သားဘာမှမဟုတ်တဲ့ကိုယ်မှန်တာထင်တဲ့အရာကို ငြင်းခုန်ရင်းနဲ့လည်း ကတောက်ကစလေးတွေတော့ရှိပါတယ်။ ဥပမာ ဘုရင့်နောင်အကြောင်းပြောရင်းနဲ့ဖြစ်ဖြစ်ပေါ့။

နှစ်ယောက်သားကတော့ ဒီလိုပဲ နားလည်မှုပဲအမြဲရှိပါတယ်။ ရည်စားတော်တော်များများက စစတွဲခြင်းဆို အပြစ်မမြင်ကြဘူးလေ။ ကြာလာမှ အားနည်းချက်တွေမြင်လာပြီး မကြိုက်တော့တာဖြစ်နိုင်တယ်။ ဒါကို ဉာဏ်သုံးပြီး ဘယ်လိုဖြေရှင်းမလဲစဉ်းစားရမှာပါ။ သူမကြိုက်တာကိုယ်ပြင်၊ ကိုယ်မကြိုက်တာကိုလည်းသူက ပြင်ပေး။ မပြင်နိုင်ဘူးဆို နားလည်မှုယူ။ အဲ့ဒါကိုညှိနှိုင်းနိုင်ရင် ရည်ရှည်ဆက်သွားလို့ရပြီ။ နားလည်ပေးနိုင်စွမ်းကို သုညထိချပြီး နားလည်ပေးနိုင်မှ RS တစ်ခုက တည်မြဲတယ်လို့အကိုတစ်ယောက်က ဆုံးမဖူးတယ်။

ကျွန်တော်တို့နှစ်ယောက်ကအခုကတော့အေးအေးဆေးဆေးပဲ ဆက်သွားနေပါတယ်။ အများကြီးလည်း ကြိုမပြောထားချင်ဘူး။ ရွှေလက်တွဲ သွားတာလည်းဖြစ်နိုင်တယ်။ အကြောင်းမတိုက်ဆိုင်တာလည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့အကောင်းဆုံးနေထိုင်ပါမယ်။ ပရိသတ်ကြီးကို စိတ်မပူစေချင်ပါဘူး။ ကျွန်တော်တို့နှစ်ယောက်လက်တွဲနိုင်အောင်လည်း ကြိုးစားသွားပါမယ်လို့ပြောသွားခဲ့ပါတယ်။

Credit: Cantwait2say