Zawgyiဖြင့်ဖတ်ရန်
( ၁ ) ဗက်ဆီလင်း
( ၃ ) ကြက်သွန်နီ
( ၅ ) အုန်းဆီ ၊ သံလွင်ဆီ
Unicode ဖြင့်ဖတ်ရန်
အကြော ပြတ်ရာတွေ ၊ အမာရွတ် တွေဆိုတာ အရေပြား ထဲက တစ်သျှူး တွေ ပျက်စီးသွားလို့ ဖြစ် လာတာ ပါ ။ ဒီလို ပျက်စီး သွားတဲ့ တစ်သျှူး တွေကို ပြန်လည် ကောင်းမွန်ပြီး စိုပြည် ချော့မွေ့တဲ့ အသား အရေလေး တွေကို ပြန်လည် ပိုင်ဆိုင်နိုင် ဖို့အတွက် ဒီနည်းလမ်း လေးတွေ က ထိရောက် စွာ ကူညီ ပေးပါ လိမ့်မယ် ။ ။
( ၁ ) ဗက်ဆီလင်း
ဗက်ဆီ လင်းဟာ အမာရွတ် ပျောက်ဆေး အကောင်းစား တွေလောက်ကို ထိ ရောက်တဲ့ အာနိသင် ရှိကြောင်း သုတေသန ပြုလုပ်ချက် များ အရ အတည် ပြုခဲ့ပြီး ဖြစ်ပါတယ် ။ ဒါကြောင့် မို့လို့ ဗက်ဆီလင်းကို အမာရွတ် တွေအပေါ် တစ်နေ့ သုံးခေါက် ပုံမှန် လိမ်းပေးခြင်းဖြင့် အမာရွတ် တွေအားလုံး ပျောက်ကင်း သွားမှာ ဖြစ်ပါတယ် ။ ။
( ၂ ) ရှားစောင်း လက်ပပ်အနှစ်
ရှားစောင်း လက်ပပ်ဟာ အသားအရေနဲ့ ပတ်သက်တဲ့ ပြဿနာ တော်တော် များများကို ဖြေရှင်း ပေးနိုင်တဲ့ ဆေးကောင်း တစ်လက် ဖြစ်ပါတယ် ။ ရှားစောင်း လက်ပပ် အနှစ်ကို အမာရွတ် ပေါ်ကို လိမ်းပြီး စက်ဝိုင်းပုံ သဏ္ဍာန် နှိပ်နယ် ပေးကာ မိနစ် ၃၀ အကြာမှာ ဆေးကြောပေး လိုက်ရုံပါပဲ ။ ဒီနည်းလမ်းကို တစ်နေ့ ၂ ခါ ပုံမှန် ပြုလုပ် ပေးပါ ။ ။
( ၃ ) ကြက်သွန်နီ
ကက်သွန်နီဟာ ဘေးထွက် ဆိုးကျိုး လုံးဝမရှိတဲ့ အမာရွတ် ပျောက်ဆေး တစ်မျိုး ဖြစ်ပါတယ် ။ ဒါကြောင့် ကြက်သွန်နီကို ကြိတ်ပြီး ရလာတဲ့ အရည်ကို အမာရွတ် အပေါ် တစ်နေ့ ၃ ကြိမ် လိမ်းပေးခြင်း ဖြင့် အမာရွတ်တွေ လျင်မြန်စွာ ပျောက်ကင်း သွားမှာ ဖြစ်ပါတယ် ။ ။
( ၄ ) ပန်းသီး ရှာလကာနဲ့ ပျားရည်
ပန်းသီး ရှာလကာရည်ဟာ သဘာဝ ဆေးဖက်ဝင် ပစ္စည်းဖြစ်လို့ နေရာ တော်တော်များများမှာ တွင်ကျယ် စွာ အသုံးပြု နေကြတဲ့ ပစ္စည်း တစ်မျိုး ဖြစ်ပါတယ် ။ ပန်းသီး ရှာလကာရည်ကို အမာရွတ် ပျောက်ဆေး အနေနဲ့ အသုံးပြုချင် တယ်ဆိုရင်တော့ ပျားရည်နဲ့ ဆတူ ရောစပ်ကာ အမာရွတ် အပေါ်ကို လိမ်းပေးပြီး ၁၀ မိနစ် အကြာမှာ ရေဆေးလိုက်ပါ ။ ။
( ၅ ) အုန်းဆီ ၊ သံလွင်ဆီ
သဘာဝ အဆီတွေ ဟာ အမာရွတ် တွေကို ပျောက်ကင်း စေနိုင်တဲ့ အစွမ်း ရှိပါတယ် ။ ဒါကြောင့် အုန်းဆီ သို့မဟုတ် သံလွင်ဆီ တို့ကို အမာရွတ် အပေါ် လိမ်းပြီး ၁၅ မိနစ်ခန့် နှိပ်နယ် ပေးကာ ရေဆေး လိုက်ပါ ။ တစ်ရက်ကို ၃ ကြိမ်ခန့် ပြုလုပ်ပေး ခြင်းဖြင့် အမာရွတ် တွေကို ပျောက်ကင်း စေမှာ ဖြစ်ပါတယ် ။ ။
Source : auntymay
လေးစားမှုဖြင့် ခရက်ဒစ်