Zawgyiဖြင့်ဖတ်ရန်
















ဆုအိမ့်စံ နဲ့ သူရိယ




Unicode ဖြင့်ဖတ်ရန်

(၂၀၁၉)ခုနှစ်ရဲ့ မိုးတွင်းရာသီကာလကတော့ ဆယ်လီတွေ လမ်းခွဲတဲ့ ရာသီလို့ တောင် ပြောရမလို ဖြစ်နေပါပြီ။ ဆက် တိုက် ဆိုသလိုပဲ နာမည်ကြီး ဆယ်လီစုံတွဲ တွေရဲ့ လမ်းခွဲ သတင်းတွေက ထွက် ပေါ် နေပါတယ်။ဘယ်တော့ မှ လမ်း ခွဲ မယ်လို့ တောင် ဘယ်သူကမှ ထင်မထားတဲ့ တကယ့် ဒိတ် ဒိတ်ကြဲ စံပြစုံတွဲ တွေကပါ လမ်းခွဲ ခဲ့ ကြတာပါ။

Song Joong Ki နဲ့ Song Hye Kyo

ပရိသတ်တွေရဲ့ စံပြ ဆယ်လီစုံတွဲလေးပါ။(၂၀၁၉)ဇွန်လ (၂၇)ရက်နေ့မှာတော့ ဆောင်ဂျွန်ကီဘက်ကနေ ဆောင်း ဟေ ကိုနဲ့ ကွာရှင်းတော့မယ်လို့ အရင်ဆုံး ကြေညာခဲ့တာပါ။ဆောင်ဂျွန်ကီဘက်ကနေ ဘာကြောင့် ကွာရှင်းတယ် ဆိုပြီး ထုတ်မပြောခဲ့ပဲ ကွာရှင်းတဲ့ ကိစ္စမှာ ဘယ်သူ့ဘယ်သူမှ အပြစ်ဖို့ မနေပဲ အေးအေးဆေးဆေး အခင်အမင်မပျက်ပဲ ပြီးသွားဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ကွာ ရှင်းရတဲ့ အကြောင်းအရင်း ကတော့ တစ်ယော က်နဲ့ တစ်ယောက် ပင်ကိုယ်စရိုက်တွေက အရမ်းကို ကွာခြားနေလို့ပါ..။

ဒီခြားနားချက်တွေကို သူတို့ နှစ်ယောက် လုံးက ကျော်လွှားနိုင်စွမ်းမရှိတော့လို့ ဒီ လို ဆုံးဖြတ်ချက်ကို ချဖို့ အထိ ဖြစ်လာခဲ့တာပါလို့ ဆောင်းဟေကို ဘက်က ပြောခဲ့ပါတယ်။ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကို ကတော့ (၂၀၁၇) အောက်တိုဘာကမှ လက်ထပ်ခဲ့ကြတာပါ။ “Descendants of the Sun.” ဇာတ်ကားထဲမှာ အတူ သရုပ် ဆောင်ကြရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက် သွားကြပြီး လက်ထပ်ခဲ့ ကြပြီး စံပြစွဲလို့ အားလုံးက သတ်မှတ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ လမ်းခွဲ ခဲ့တာပါ။

Fan Bingbing နဲ့ Li Chen

တရုတ်နိုင်ငံရဲ့ စံပြဆယ်လီစုံတွဲ ဖြစ်တဲ့ တရုတ်မင်းသမီးချော Fan Bingbing နဲ့ သူမရဲ့ ချစ်သူ တရုတ်မင်းသား Li Chen တို့ လည်း (၂၀၁၉) ဇွန်မှာ လမ်းခွဲခဲ့ပါတယ်။ ဇွန်လ(၂၇)ရက်နေ့မှာတော့ လမ်းခွဲ လိုက်တဲ့ အ ကြောင်း ကို Weibo အကောင့်မှာ တင်ခဲ့ကြတာပါ။Fan Bingbing နဲ့ သူမရဲ့ ချစ်သူ တရုတ်မင်းသား Li Chen တို့ကတော့ (၂၀၁၅)မှာ တွဲနေတယ်ဆိုတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာကနေ အသိပေးခဲ့တာပါ။

သူတို့နှစ်ယောက်ဟာ (၂၀၁၄) တုန်းက The Empress Of China မှာ အတူတူသရုပ်ဆောင်ခဲ့ကြပြီး (၂၀၁၅)မှာ တွဲခဲ့ကြတာပါ။စေ့စပ်ထားတဲ့ အကြောင်းကိုတော့ (၂၀၁၇) စက် တင်ဘာ မှာ ကြေညာခဲ့တာပါ။Fan ရဲ့ အသက် (၃၆)နှစ်ပြည့် မွေးနေ့မှာပဲ Li က Fan ကို လက်ထပ်ခွင့် တောင်း ခဲ့တာပါ။မကြာခင်မှာပဲ လက်ထပ်ပွဲ ဆင်နွှဲတော့မယ်လို့ အားလုံးက ထင်ခဲ့ ပေမယ့် လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားခဲ့တာပါ။

Liam Hemsworth နဲ့ Miley Cyrus

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်နှစ်တောင် မပြည့်သေးတဲ့အချိန်မှာ ကွဲခဲ့ကြတာ ဖြစ်ပါတယ်။(2019) သြဂုတ်လ (၁၀)ရက်နေ့ အစောပိုင်းလောက်မှာတော့ လမ်းခွဲ လိုက်ပြီဆိုတဲ့ သတင်းတွေ စထွက်လာခဲ့ပါတယ်။Miley တင်လိုက်တဲ့ Post တစ်ခုမှာ လက်ထပ်လက်စွပ် မတွေ့တာက နေစပြီး အဲ့လို သတင်းထွက်ခဲ့တာပါ။

သြဂုတ် (၁၀)ရက်နေ့မှာတော့ လမ်းခွဲလိုက်ပြီလို့ တရားဝင် သတင်းထွက်လာ ခဲ့ပါတယ်။လက် ရှိမှာတော့ ကွာရှင်းဖို့ ကိစ္စတွေကို ဆက်ပြီး လုပ်ဆောင် နေပါတယ်။

နေခြည်ဦး နဲ့ အောင်နွေဦး

နေခြည်ဦးကတော့ သူမရဲ့ ချစ်သူ အောင်နွေဦးနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကို သြဂုတ်လ (၁၃)ရက်နေ့က သူမရဲ့ Facebook ရဲ့ My Day မှာ တင်ထားတာပါ။Relationship Status မှာဆိုရင် Single ဆိုပြီး ပြောင်းလဲ ပစ် ခဲ့ပါတယ်။နောက်ထပ် Story မှာတော့ “အလုပ်နဲ့ Personal မရောပါနဲ့…” ဆိုပြီး တင်ထားပါတယ်။ (၂)နှစ်နီးပါးလောက် လက်တွဲခဲ့ပြီး နောက် လမ်းခွဲခဲ့တာပါ။

Ahn Jae Hyun နဲ့ GooHye Sun

တောင်ကိုရီးယားရဲ့ စံပြစုံတွဲ တစ်တွဲဖြစ်တဲ့ Goo Hyesun နဲ့ Ahn Jaehyun တို့ကလည်း လမ်းခွဲ လိုက်ပြီလို့ (၂၀၁၉) သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။သြဂုတ် (၁၈)ရက်နေ့မှာ နှစ်ယောက်လုံးရဲ့ အေဂျင်စီ HB Entertai nment ကနေ အတည်ပြု ကြေညာပေးလိုက်တာပါ။Goo Hyesun ကတော့ (၃၄)ဖြစ်ပြီး Ahn Jaehyun ကတော့ (၃၂)မို့ သူတို့စုံတွဲကလည်း မ နဲ့ မောင် စုံတွဲ ပါ။

Ahn Jaehyun က သူမအပေါ် သစ္စာမဲ့၊အနိုင်ကျင့် တာတွေ ရှိတယ်ဆိုပြီး ကွာရှင်းရတဲ့ အကြောင်းအရင်းတွေကိုတော့ Goo Hyesun က သူမရဲ့ IG မှာ Post တွေ တင်ခဲ့ပါတယ်။Ahn Jaehyun နဲ့ Goo Hye Sun တို့ဟာ Blood ဇာတ်ကားမှာ တွေ့ဆုံခဲ့ပြီး ချစ်ကြိုက် သွားခဲ့ပြီး (၂၀၁၆) မေ မှာလ က်ထပ်ခဲ့ကြတာပါ။ဒါပေမယ့် (၃)နှစ်လောက်အကြာမှာတော့ တစ်ချိန်က အရမ်းချစ်ခဲ့ အရမ်းကို ရိုခဲ့ ကြတဲ့ သူတို့ အိမ်ထောင်ရေးဟာ အကျည်းတန်စွာ ပြိုပျက်ခဲ့ရပါတယ်။

ဆုအိမ့်စံ နဲ့ သူရိယ

အနုပညာလောကရဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ ဆုအိမ့်စံနဲ့ သူရိယ တို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်တဲ့ သတင်းတော့ (၂၀၁၉)ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သူရိယက Myanmar Celeb rity ရဲ့ အင်တာဗျူးတစ်ခုမှာ ဆုအိမ့်စံနဲ့ လမ်းခွဲ လိုက်ပြီလို့ ကြေညာ ခဲ့ပါတယ်။သူရိယရဲ့ အင်တာဗျူး ထွက် ပေါ် လာပြီး သိပ်မကြာခင်မှာပဲ ဆုအိမ့်စံ ကလည်း

သူမရဲ့ အကောင့်ကနေ “သူရိယ၏ လမ်းခွဲသတင်းအား ဖြေရှင်းချက်…” ဆိုပြီး Post တင်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာ (၂၀၁၉)ဖဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူ များနေ့မှာ စေ့စပ်ခဲ့ပါတယ်။နှစ်ဖက်သောမိဘအသိုင်းအဝိုင်းတွေ၊မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ရှေ့မှောက် မှာ စေ့စပ်ခဲ့ကြတာပါ။တွဲလာတဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာပဲ နှစ်ယောက်တစ်ဘဝထူထောင်ဖို့ ခြေလှမ်း စခဲ့ပေမယ့်လည်း လမ်းခွဲ ခြင်းနဲ့ အဆုံးသတ်ခဲ့တာပါ။

Ref;:Soompi/Asia One /yahoo/အနုပညာရှင်များရဲ့ fb

Credit: ;shwemon