Zawgyiျဖင့္ဖတ္ရန္

အျပံဳး ခ်ိဳခ်ိဳေလးေတြေၾကာင့္ အမ်ိဳးသမီးပရိသတ္ေလးေတြရဲ႕ ၀န္းရံျခင္းကို ခံခဲ့ရျပီး ေန႕ခ်င္းညခ်င္းဆိုသလို စန္းတက္လာခဲ့တဲ့ တက္သစ္စ မင္းသားတစ္လက္ ျဖစ္တဲ့ ေဒါင္းကေတာ့ လက္ရွိမွာ ထိပ္တန္း မင္းသားတစ္ေယာက္အျဖစ္ ရုပ္ရွင္ေတြကို ရိုက္ကူးဖို႕ကမ္းလွမ္းခံသူ လည္းျဖစ္ပါတယ္။ ေဒါင္း ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ ” လိပ္ျပာစံအိမ္ ” နဲ႕ “ဒ႑ာရီမိုး” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီး နွစ္ကား ဟာ ရံုတင္ျပသခဲ့ျပီးျဖစ္ျပီး လက္ရွိမွာလည္း စာေရးဆရာမ ၾကီး ခင္ခင္ထူးရဲ႕ ၀တၳဳျဖစ္တဲ့ “၀တ္လဲေတာ္ ေရႊပုဆိုး” ကို ရုပ္ရွင္အျဖစ္ ရိုက္ကူးမဲ့ အေပၚ အဓိက ဇာတ္ေကာင္ျဖစ္တဲ့ ကိုက်ီးညိဳ ရဲ႕ ဇာတ္ေကာင္ကို သရုပ္ေဆာင္ ဖို႕ လက္ခံထားတာလည္းျဖစ္ပါတယ္။

“၀တ္လဲေတာ္ ေရႊပုဆိုး” ရုပ္ရွင္ကိုေတာ့ လာမည္႕ (၂၀၂၀) ခုနွစ္ရဲ႕ တေပါင္းလမွာ ဇာတ္အိမ္ အေျခတည္ရာ ေရစၾကိဳျမိဳ႕က ျဖံဳဘူးရြာေလးမွာ ျပန္လည္သြားေရာက္ကာ ရိုက္ကူးမည္႕လို႕ သိရွိရျပီး လြန္ခဲ့တဲ့ လကပဲ ေဒါင္းနဲ႕ အတူ အကယ္ဒမီ မင္းသမီးေခ်ာေလး ၀တ္မႈန္ေရႊရည္ကလည္း ရြာကို အလည္သြားေရာက္ခဲ့ပါေသးတယ္။ မင္းသမီးေလး ေရႊကစ္ နဲ႕ အတူ ရုပ္ရွင္ကားၾကီး အတူတူ ရိုက္ကူးျဖစ္တာဟာ လက္ရွိ္မွာ(၃) ကားေျမာက္ ရွိလာခဲ့ျပီျဖစ္သလို ထုတ္လုပ္ေရး အေတာ္မ်ားမ်ား နဲ႕ ပရိသတ္ေတြကလည္း သူတို႕နွစ္ေယာက္ရဲ႕ လိုက္ဖက္မႈကို အေတာ္ေလး မ်က္စိက် ၊ သေဘာေခြ႕ေနတယ္ လို႕ ဆိုရမွာပါ။

ပရိသတ္ေတြကေတာ့ ကစ္ နဲ႕ ေဒါင္းတို႕ရဲ႕ လိုက္ဖက္စြာ အတြဲညီမႈအရ ၾကိတ္သေဘာတူေနၾကျပီး အမွန္တကယ္ အျပင္မွာလည္း ခ်စ္သေူတြ ျဖစ္ေစခ်င္ၾကသလို ေဒါင္းကေတာ့ သူ႕ရဲ႕ အခ်စ္ေရး နဲ႕ ပတ္သက္လို႕ ပရိသတ္ကို တစ္စံုတရာ ဘာမွ ခ်ျပထားျခင္း မရွိပဲ Personal နဲ႕ လူမႈေရးကိစၥေတြမွာ အေတာ္ေလး သို၀ွက္သူ ျဖစ္ပါတယ္။

အစီအစဥ္တစ္ခုမွာေတာ့ ခ်စ္ေနတဲ့သူ ရွိရက္နဲ႕ ဖြင့္မေျပာျဖစ္သလို ဘာေၾကာင့္ ထုတ္မေျပာျဖစ္သလဲဆိုတဲ့ အခ်စ္နဲ႕ ပတ္သက္တဲ့ ခံစားခ်က္တခ်ိဳ႕ကို ေတာ့”တခါတေလ အခ်စ္ဆိုတာ ဖြင့္ေျပာမွ ပ်က္စီးသြားတတ္မ်ိဳး လည္း ရွိတယ္။ အဲ့က် ကိုယ္႕မွာ ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့ဘူး ျဖစ္သြားတတ္တယ္။ အခ်စ္ဆိုတာကို ကိုယ္႕ဘာသာကိုယ္ ထိုင္ျပီး ၾကည္႕ေနရတာ ပိုတန္ဖိုးရွိတယ္။ အဆံုးထိေရာက္သြားရင္ အဲ့ေနရာက ေနာက္ကြယ္ အဲ့မွာ အမုန္းပဲ ရွိေတာ့တယ္။

အဲ့ေတာ့ အဲ့ေနရာကိုလည္း မေရာက္ခ်င္ဘူး။ အဆံုးထိလည္း မသြားခ်င္ဘူး။ အစလည္း မသြားခ်င္ဘူး။ အဲ့ေတာ့ အလယ္မွာ ကိုယ္႕ဘာသာကိုယ္ ခံစားခ်က္ေလးနဲ႕ ရွိေနတာ ကိုယ္႕အတြက္လည္း ေကာင္းတယ္။ သူ႕အတြက္လည္း ေကာင္းတယ္။ ” လို႕ ခုလိုပဲ ဖြင့္ဟလာခဲ့ျပီး ခံယူခ်က္ဆိုေပမဲ့လည္း ကိုယ္တိုင္ၾကံဳဆံုဖူးမွ ခုလို ခံစားခ်က္ကို ထုတ္ျပနိုင္တာမို႕ ေဒါင္းရဲ႕ ခ်စ္ရသူဟာ ဘယ္သူမ်ားလဲ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက သိခ်င္ေနၾကတာ ျဖစ္ပါတယ္။ ကဲ… ပရိသတ္ၾကီးေရ ….. ေဒါင္းဘက္က ခ်စ္လ်က္နဲ႕ ဖြင့္မေျပာျဖစ္တဲ့ မိန္းမလွေလးဟာ ဘယ္သူမ်ားလဲ ေနာ္….

Unicode ဖြင့်ဖတ်ရန်

အပြုံး ချိုချိုလေးတွေကြောင့် အမျိုးသမီးပရိသတ်လေးတွေရဲ့ ဝန်းရံခြင်းကို ခံခဲ့ရပြီး နေ့ချင်းညချင်းဆိုသလို စန်းတက်လာခဲ့တဲ့ တက်သစ်စ မင်းသားတစ်လက် ဖြစ်တဲ့ ဒေါင်းကတော့ လက်ရှိမှာ ထိပ်တန်း မင်းသားတစ်ယောက်အဖြစ် ရုပ်ရှင်တွေကို ရိုက်ကူးဖို့ကမ်းလှမ်းခံသူ လည်းဖြစ်ပါတယ်။ ဒေါင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” လိပ်ပြာစံအိမ် ” နဲ့ “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ဟာ ရုံတင်ပြသခဲ့ပြီးဖြစ်ပြီး လက်ရှိမှာလည်း စာရေးဆရာမ ကြီး ခင်ခင်ထူးရဲ့ ဝတ္ထုဖြစ်တဲ့ “ဝတ်လဲတော် ရွှေပုဆိုး” ကို ရုပ်ရှင်အဖြစ် ရိုက်ကူးမဲ့ အပေါ် အဓိက ဇာတ်ကောင်ဖြစ်တဲ့ ကိုကျီးညို ရဲ့ ဇာတ်ကောင်ကို သရုပ်ဆောင် ဖို့ လက်ခံထားတာလည်းဖြစ်ပါတယ်။

“ဝတ်လဲတော် ရွှေပုဆိုး” ရုပ်ရှင်ကိုတော့ လာမည့် (၂၀၂၀) ခုနှစ်ရဲ့ တပေါင်းလမှာ ဇာတ်အိမ် အခြေတည်ရာ ရေစကြိုမြို့က ဖြုံဘူးရွာလေးမှာ ပြန်လည်သွားရောက်ကာ ရိုက်ကူးမည့်လို့ သိရှိရပြီး လွန်ခဲ့တဲ့ လကပဲ ဒေါင်းနဲ့ အတူ အကယ်ဒမီ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကလည်း ရွာကို အလည်သွားရောက်ခဲ့ပါသေးတယ်။ မင်းသမီးလေး ရွှေကစ် နဲ့ အတူ ရုပ်ရှင်ကားကြီး အတူတူ ရိုက်ကူးဖြစ်တာဟာ လက်ရှိမှာ(၃) ကားမြောက် ရှိလာခဲ့ပြီဖြစ်သလို ထုတ်လုပ်ရေး အတော်များများ နဲ့ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုကို အတော်လေး မျက်စိကျ ၊ သဘောခွေ့နေတယ် လို့ ဆိုရမှာပါ။

ပရိသတ်တွေကတော့ ကစ် နဲ့ ဒေါင်းတို့ရဲ့ လိုက်ဖက်စွာ အတွဲညီမှုအရ ကြိတ်သဘောတူနေကြပြီး အမှန်တကယ် အပြင်မှာလည်း ချစ်သေူတွ ဖြစ်စေချင်ကြသလို ဒေါင်းကတော့ သူ့ရဲ့ အချစ်ရေး နဲ့ ပတ်သက်လို့ ပရိသတ်ကို တစ်စုံတရာ ဘာမှ ချပြထားခြင်း မရှိပဲ Personal နဲ့ လူမှုရေးကိစ္စတွေမှာ အတော်လေး သိုဝှက်သူ ဖြစ်ပါတယ်။

အစီအစဉ်တစ်ခုမှာတော့ ချစ်နေတဲ့သူ ရှိရက်နဲ့ ဖွင့်မပြောဖြစ်သလို ဘာကြောင့် ထုတ်မပြောဖြစ်သလဲဆိုတဲ့ အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်တချို့ကို တော့”တခါတလေ အချစ်ဆိုတာ ဖွင့်ပြောမှ ပျက်စီးသွားတတ်မျိုး လည်း ရှိတယ်။ အဲ့ကျ ကိုယ့်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး ဖြစ်သွားတတ်တယ်။ အချစ်ဆိုတာကို ကိုယ့်ဘာသာကိုယ် ထိုင်ပြီး ကြည့်နေရတာ ပိုတန်ဖိုးရှိတယ်။ အဆုံးထိရောက်သွားရင် အဲ့နေရာက နောက်ကွယ် အဲ့မှာ အမုန်းပဲ ရှိတော့တယ်။

အဲ့တော့ အဲ့နေရာကိုလည်း မရောက်ချင်ဘူး။ အဆုံးထိလည်း မသွားချင်ဘူး။ အစလည်း မသွားချင်ဘူး။ အဲ့တော့ အလယ်မှာ ကိုယ့်ဘာသာကိုယ် ခံစားချက်လေးနဲ့ ရှိနေတာ ကိုယ့်အတွက်လည်း ကောင်းတယ်။ သူ့အတွက်လည်း ကောင်းတယ်။ ” လို့ ခုလိုပဲ ဖွင့်ဟလာခဲ့ပြီး ခံယူချက်ဆိုပေမဲ့လည်း ကိုယ်တိုင်ကြုံဆုံဖူးမှ ခုလို ခံစားချက်ကို ထုတ်ပြနိုင်တာမို့ ဒေါင်းရဲ့ ချစ်ရသူဟာ ဘယ်သူများလဲ ပရိသတ်တော်တော်များများက သိချင်နေကြတာ ဖြစ်ပါတယ်။ ကဲ… ပရိသတ်ကြီးရေ ….. ဒေါင်းဘက်က ချစ်လျက်နဲ့ ဖွင့်မပြောဖြစ်တဲ့ မိန်းမလှလေးဟာ ဘယ်သူများလဲ နော်….

Credit: Myannewsmedia