Zawgyiျဖင့္ဖတ္ရန္

တစ္ေခတ္တစ္ခါက ေယာက္်ားေလးပရိသတ္ေတြ သည္းသည္းလႈပ္အားေပးၾကတဲ႕ ဆံပင္အရွည္ၾကီးနဲ႕ ျမန္ျမန္ဆန္ဆန္လွေနတဲ႕ မင္းသမီးေခ်ာေလး နဒီဝင္႕နိုင္ကေတာ႕ ပရိသတ္ေတြနဲ႕ ရင္နွီးျပီးသားျဖစ္ေနမွာပါ။ေနာက္ပိုင္းမွာေတာ႕ နဒီဝင္႕နိုင္ကေတာ႕ ရုပ္ရွင္ဇာတ္ကားေတြရိုက္ကူးမႈကို ရပ္နားကာ အနုပညာေလာကကေန အခ်ိန္ေတာ္ေတာ္ၾကာေပ်ာက္ကြယ္သြားခဲ႕တာျဖစ္ျပီး လတ္တေလာမွာေတာ႕ “ေအာက္ဆီဂ်င္”ဆိုတဲ႕ ဇာတ္ကားၾကီးမွာ ပထမဆံုးျပန္လည္ပါဝင္ရိုက္ကူးေတာ႕မွာပဲျဖစ္ပါတယ္။

အနုပညာအလုပ္ေတြကို မလုပ္ျဖစ္ဘဲနားေနခဲ႕တာနဲ႕ ပတ္သက္ျပီး “ေခတ္ကလည္းမေကာင္းဘူး။ျပီးေတာ႕ ေအာက္မင္းသမီး နယ္မင္းသမီး လို႕ အေျပာခံရတဲ႕ အေပၚမွာလည္း စိတ္ဓာတ္ေတြက်တယ္။လံုးဝကို အနုပညာေလာကထဲကထြက္ျပီး မရိုက္ေတာ႕ဘူး တျခားစီးပြားေရးပဲလုပ္ေတာ႔မယ္။လို႕ေတာင္မွစဥ္းစားထားတယ္။”လို႕ အနုပညာအလုပ္ေတြမလုပ္ပဲ တျခားစီးပြားေရးေျပာင္းလုပ္ဖို႕ စိတ္ကူးခဲ႕တာလို႕ ရင္ဖြင္႕ေျပာၾကားလာတာပဲျဖစ္ပါတယ္။

“တစ္ခ်ိဳ႕ဆိုရင္ ပရိုဂ်ဴဆာက ကိုယ္႕ကို ေခါင္းေဆာင္မင္းသမီးတင္ရိုက္မယ္ဆိုရင္ေတာင္ တစ္ခ်ိဳ႕မင္းသားေတြဆိုရင္ သူတို႕က ေအာက္ကားေတြရိုက္တာ ဒီကားနဲ႕ဆိုရင္ အဆင္မေျပပါဘူဆိုျပီးအေျပာခံရတာ။နယ္ကပရိသတ္ေတြပဲကိုယ္႕ကို အားေပးၾကတာေလ။ဘာပဲျဖစ္ျဖစ္နယ္ကအားေပးတယ္ဆိုလည္းေက်နပ္တယ္ေလ။အဓိက ကေတာ႕ အဲ႕လိုမ်ိဳးမခြဲျခားေစခ်င္ဘူးေပါ႕ေနာ္ “ဆိုျပီး ခြဲျခားဆက္ဆံခံရတဲ႕ အေပၚကိုလည္း စိတ္မေကာင္းျဖစ္မိတယ္ဆိုျပီး ေျပာၾကားလာတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးထဲမွာေရာ နဒီဝင္႕နိုင္ကို အားေပးတဲ႕ ပရိသတ္ေတြရွိလား။

Unicode ဖြင့်ဖတ်ရန်

တစ်ခေတ်တစ်ခါက ယောက်ျားလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ ဆံပင်အရှည်ကြီးနဲ့ မြန်မြန်ဆန်ဆန်လှနေတဲ့ မင်းသမီးချောလေး နဒီဝင့်နိုင်ကတော့ ပရိသတ်တွေနဲ့ ရင်နှီးပြီးသားဖြစ်နေမှာပါ။နောက်ပိုင်းမှာတော့ နဒီဝင့်နိုင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးမှုကို ရပ်နားကာ အနုပညာလောကကနေ အချိန်တော်တော်ကြာပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ “အောက်ဆီဂျင်”ဆိုတဲ့ ဇာတ်ကားကြီးမှာ ပထမဆုံးပြန်လည်ပါဝင်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို မလုပ်ဖြစ်ဘဲနားနေခဲ့တာနဲ့ ပတ်သက်ပြီး “ခေတ်ကလည်းမကောင်းဘူး။ပြီးတော့ အောက်မင်းသမီး နယ်မင်းသမီး လို့ အပြောခံရတဲ့ အပေါ်မှာလည်း စိတ်ဓာတ်တွေကျတယ်။လုံးဝကို အနုပညာလောကထဲကထွက်ပြီး မရိုက်တော့ဘူး တခြားစီးပွားရေးပဲလုပ်တော့မယ်။လို့တောင်မှစဉ်းစားထားတယ်။”လို့ အနုပညာအလုပ်တွေမလုပ်ပဲ တခြားစီးပွားရေးပြောင်းလုပ်ဖို့ စိတ်ကူးခဲ့တာလို့ ရင်ဖွင့်ပြောကြားလာတာပဲဖြစ်ပါတယ်။

“တစ်ချို့ဆိုရင် ပရိုဂျူဆာက ကိုယ့်ကို ခေါင်းဆောင်မင်းသမီးတင်ရိုက်မယ်ဆိုရင်တောင် တစ်ချို့မင်းသားတွေဆိုရင် သူတို့က အောက်ကားတွေရိုက်တာ ဒီကားနဲ့ဆိုရင် အဆင်မပြေပါဘူဆိုပြီးအပြောခံရတာ။နယ်ကပရိသတ်တွေပဲကိုယ့်ကို အားပေးကြတာလေ။ဘာပဲဖြစ်ဖြစ်နယ်ကအားပေးတယ်ဆိုလည်းကျေနပ်တယ်လေ။အဓိက ကတော့ အဲ့လိုမျိုးမခွဲခြားစေချင်ဘူးပေါ့နော် “ဆိုပြီး ခွဲခြားဆက်ဆံခံရတဲ့ အပေါ်ကိုလည်း စိတ်မကောင်းဖြစ်မိတယ်ဆိုပြီး ပြောကြားလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော နဒီဝင့်နိုင်ကို အားပေးတဲ့ ပရိသတ်တွေရှိလား။

Credit: Celefamily