Zawgyiျဖင့္ဖတ္ရန္

အမႈကေတာ့ အျမင့္ဆံုး အပိုင္းကို ေရာက္လာၿပီ အိုင္ပီေရ ဒုရဲခ်ဳပ္ေတာ့ တစ္သက္လံုး တည္ေဆာက္လာတဲ့ ဂုဏ္သိကၡာကေလးအမႈနဲ႔မွ ေျမာင္းထဲေရာက္ေတာ့တာပဲ …သမၼတနဲ႔ အတိုင္ပင္ခံက ျပည္ထဲေရးအေနနဲ႔ ဒီအမႈမွာတာဝန္အျပည့္အဝ ယူရမယ္လို႔ သတိေပးထားတာ မေမ့ပါနဲ႔ဒုရဲခ်ဳပ္ခင္ဗ်ား …

ဗစ္တိုးရီးယားအမႈအတြက္ က်ဴးလြန္သူမ်ားမွာ ကိုကိုႏွင့္ညီညီ ျဖစ္သည္ဟု ကေလးငယ္က ဓာတ္ပုံမ်ားကို ၾကည့္၍ ေ႐ြးခ်ယ္ခဲ့ေၾကာင္း အမႈအတြက္ စြပ္စြဲခံရသည့္ ေအာင္ႀကီးဘက္မွ လိုက္ပါေဆာင္႐ြက္ေပးေနေသာ တရား လႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္က ေျပာသည္။

လိင္အၾကမ္းဖက္ခံရေသာ သုံးႏွစ္အ႐ြယ္ သမီးငယ္ ဗစ္တိုးရီးယားအမႈအတြက္ ေလးႀကိမ္ေျမာက္႐ုံးခ်ိန္ကို ၾသဂုတ္လ ၁၄ ရက္ေန႕က ေနျပည္ေတာ္ရွိ ဒကၡိဏခရိုင္တရား႐ုံးမွာ ျပဳလုပ္ခဲ့ၿပီး ဗစ္တိုးရီးယား၏ ဖခင္ျဖစ္သူက သက္ေသခံအျဖစ္ ဗီဒီယိုဖိုင္တစ္ခုကို တင္သြင္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဗီဒီယိုဖိုင္တြင္ က်ဴးလြန္သူမ်ားႏွင့္ ပတ္သက္၍ ကေလးငယ္အား ႏွင္းႏု၊ ကိုကို၊ ညီညီ၊ ေအာင္ႀကီးႏွင့္ ကိုကိုညီညီအတြဲ ႐ုံးထားေသာ ဓာတ္ပုံ ငါးပုံကို ျပ၍ ေ႐ြးခ်ယ္ေစခဲ့ရာ ဗစ္တိုးရီးယားက ကိုကိုညီညီအတြဲ ရိုက္ထားေသာ ပုံကို ေ႐ြးခ်ယ္ကာ ခဲတံျဖင့္ ထိုးျခင္း၊ ဓာတ္ပုံကို ကန္ေၾကာက္ျခင္း မ်ား ျပဳလုပ္ခဲ့သည္ဟု ေဒၚစုဒါလီေအာင္က ဆိုသည္။

“ဓာတ္ပုံငါးပုံခ်ျပတယ္။ အဲ့အထဲမွာ ဘယ္သူလုပ္တာလဲဆိုၿပီး ေ႐ြးခိုင္းတယ္။ကိုကိုညီညီကို ကေလးက ခဲတံနဲ႕ ထိုးတယ္။ သူ႕ကို ရိုက္ပစ္ ကန္ပစ္ဆိုၿပီးေျပာတယ္။ ေအာင္ႀကီးပုံျပၿပီးေမးတဲ့အခါမွာ ကေလးက သူ႕ကိုလုပ္တဲ့လူ မဟုတ္ဘူးလို႔ ေျဖတယ္”ဟု တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္က ေျပာသည္။

ယခု႐ုံးခ်ိန္တြင္ တင္သြင္းခဲ့ေသာ ဗီဒီယိုဖိုင္ကို တရား႐ုံးက သက္ေသခံအျဖစ္ လက္ခံခဲ့ေၾကာင္း သိရၿပီး ဗစ္တိုးရီးယားအမႈအတြက္ အမွန္တရားေပၚေပါက္ရန္ နီးစပ္သည့္ အေျခအေနသို႔ ေရာက္ရွိလာၿပီဟုတရားခြင္မွ ထြက္လာေသာ ေရွ႕ေနတခ်ိဳ႕က သုံးသပ္ၾကသည္။

“အမႈမွန္ေပၚေပါက္ဖို႔အတြက္ကေတာ့ ေအာင္ႀကီးေပၚမွာ ဟန္ထ႐ြက္ပါစင့္ ယုံတယ္။ အမႈမွန္ေပၚေတာ့မယ္လို႔ ထင္တယ္။”ဟု ေဒၚစုဒါလီေအာင္က ဆက္ေျပာသြားသည္။အဆိုပါအမႈအတြက္ ေနာက္တစ္ပတ္႐ုံးခ်ိန္ကို ၾသဂုတ္လ ၂၈ရက္ေန႕သို႔ ျပန္လည္ခ်ိန္းဆိုခဲ့သည္။

Unicode ဖြင့်ဖတ်ရန်

အမှုကတော့ အမြင့်ဆုံး အပိုင်းကို ရောက်လာပြီ အိုင်ပီရေ ဒုရဲချုပ်တော့ တစ်သက်လုံး တည်ဆောက်လာတဲ့ ဂုဏ်သိက္ခာကလေးအမှုနဲ့မှ မြောင်းထဲရောက်တော့တာပဲ …သမ္မတနဲ့ အတိုင်ပင်ခံက ပြည်ထဲရေးအနေနဲ့ ဒီအမှုမှာတာဝန်အပြည့်အဝ ယူရမယ်လို့ သတိပေးထားတာ မမေ့ပါနဲ့ဒုရဲချုပ်ခင်ဗျား …

ဗစ်တိုးရီးယားအမှုအတွက် ကျူးလွန်သူများမှာ ကိုကိုနှင့်ညီညီ ဖြစ်သည်ဟု ကလေးငယ်က ဓာတ်ပုံများကို ကြည့်၍ ရွေးချယ်ခဲ့ကြောင်း အမှုအတွက် စွပ်စွဲခံရသည့် အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော တရား လွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

လိင်အကြမ်းဖက်ခံရသော သုံးနှစ်အရွယ် သမီးငယ် ဗစ်တိုးရီးယားအမှုအတွက် လေးကြိမ်မြောက်ရုံးချိန်ကို သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့ပြီး ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက သက်သေခံအဖြစ် ဗီဒီယိုဖိုင်တစ်ခုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် ကျူးလွန်သူများနှင့် ပတ်သက်၍ ကလေးငယ်အား နှင်းနု၊ ကိုကို၊ ညီညီ၊ အောင်ကြီးနှင့် ကိုကိုညီညီအတွဲ ရုံးထားသော ဓာတ်ပုံ ငါးပုံကို ပြ၍ ရွေးချယ်စေခဲ့ရာ ဗစ်တိုးရီးယားက ကိုကိုညီညီအတွဲ ရိုက်ထားသော ပုံကို ရွေးချယ်ကာ ခဲတံဖြင့် ထိုးခြင်း၊ ဓာတ်ပုံကို ကန်ကြောက်ခြင်း များ ပြုလုပ်ခဲ့သည်ဟု ဒေါ်စုဒါလီအောင်က ဆိုသည်။

“ဓာတ်ပုံငါးပုံချပြတယ်။ အဲ့အထဲမှာ ဘယ်သူလုပ်တာလဲဆိုပြီး ရွေးခိုင်းတယ်။ကိုကိုညီညီကို ကလေးက ခဲတံနဲ့ ထိုးတယ်။ သူ့ကို ရိုက်ပစ် ကန်ပစ်ဆိုပြီးပြောတယ်။ အောင်ကြီးပုံပြပြီးမေးတဲ့အခါမှာ ကလေးက သူ့ကိုလုပ်တဲ့လူ မဟုတ်ဘူးလို့ ဖြေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

ယခုရုံးချိန်တွင် တင်သွင်းခဲ့သော ဗီဒီယိုဖိုင်ကို တရားရုံးက သက်သေခံအဖြစ် လက်ခံခဲ့ကြောင်း သိရပြီး ဗစ်တိုးရီးယားအမှုအတွက် အမှန်တရားပေါ်ပေါက်ရန် နီးစပ်သည့် အခြေအနေသို့ ရောက်ရှိလာပြီဟုတရားခွင်မှ ထွက်လာသော ရှေ့နေတချို့က သုံးသပ်ကြသည်။

“အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကတော့ အောင်ကြီးပေါ်မှာ ဟန်ထရွက်ပါစင့် ယုံတယ်။ အမှုမှန်ပေါ်တော့မယ်လို့ ထင်တယ်။”ဟု ဒေါ်စုဒါလီအောင်က ဆက်ပြောသွားသည်။အဆိုပါအမှုအတွက် နောက်တစ်ပတ်ရုံးချိန်ကို သြဂုတ်လ ၂၈ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

Source: Mizzima

Credit ZN.H