Zawgyiဖြင့်ဖတ်ရန်





 

Unicode ဖြင့်ဖတ်ရန်

တင်းရင်းပြည့်ဖြိုးတဲ့ တင်ပါးတစ်စုံဟာ ပျိုမေတို့ရဲ့ အလှတရားကို အများကြီးပြောင်းလဲသွားစေပြီး ဆွဲဆောင်မှုရှိခြင်းရဲ့ စံနှုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီလို တင်ပါးအလှအတွက် လေ့ကျင့်ခန်းတွေများစွာရှိနေပြီး လေ့ကျင့်ခန်းအားလုံးကို လိုက်မလုပ်နိုင်ရင်တောင်မှ ကျွမ်းကျင်တဲ့ trainer တွေ အကြံပေးထားတဲ့ workout plan တစ်ခုကိုတော့ ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ဘယ်အရာကိုပဲဖြစ်ဖြစ် ဇွဲနဲ့ ဝီရိယစိုက်ထုတ်နိုင်မှသာ အောင်မြင်မှုရမှာပါ။ fitness မော်ဒယ်တစ်ယောက်လို ကျစ်လစ်ပြီး လှပတဲ့ ကိုယ်လုံးမျိုးကို ပိုင်ဆိုင်ဖို့အတွက် အချိန်တွေအများကြီး ပေးရနိုင်ပါတယ်။ ဘယ်အရာကို မှအလွယ်တကူတော့ မရနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားမှုရဲ့ရလာဒ်ကို ပျိုမေတို့မြင်လာတဲ့အခါနောက်ထပ်အဆင့်ပေါင်းများစွာကို တက်လှမ်းဖို့ ခွန်အားတွေအလိုလို ရလာပါလိမ့်မယ်။ အဓိကက စိတ်ဓါတ်မကျပဲ ကြိုးစားနေဖို့ပါပဲ။

ဒါ့ကြောင့် မြန်ဆန်ပြီး အနည်းငယ်ပြင်းထန်တဲ့ တင်ပါးလေ့ကျင့်ခန်း plan တစ်ခုကို မျှဝေပေးချင်ပါတယ်။ အိမ်မှာပဲ လုပ်နိုင်တဲ့အတွက် ပျိုမေအားလုံးအတွက် အဆင်ပြေစေမှာပါ။ ယခုလေ့ကျင့်ခန်းတွေအတွက် ပြုလုပ်ချိန်ဟာ ၁၀ မိနစ်ထက်ပိုမကြာပါဘူး။ ဒါပေမယ့် တပတ်နဲ့တပတ် ကြာလာတာနဲ့အမျှ မြန်ဆန်ပြီး ကောင်းမွန်တဲ့ရလာဒ်တွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။ လေ့ကျင့်ခန်းတစ်ခုပြီးတိုင်း ၁၀- ၁၅ စက္ကန့်လောက်နားပေးဖို့ မမေ့ပါနဲ့။

Credit: myannewsmedia