Zawgyiျဖင့္ဖတ္ရန္

ေရစက္ပါလို႔ ယူၾကၿပီး ေရစက္ကုန္လို႔ လမ္းခြဲရတဲ့အခါ အမုန္းနဲ႔လမ္းခြဲၾကရတာ မ်ားပါတယ္။ ဒါေပမယ့္ မၾကာေသးခင္ကမွ သတင္းထြက္လာတဲ့ F4 မင္းသမီး Goo Hye Sun နဲ႔ မင္းသား Ahn Jae Hyun တုိ႔ရဲ႕ ကြာရွင္းျခင္းကေတာ့ မင္းသမီးဘက္က မခံမရပ္ႏုိင္ထြက္လာတဲ့အသံတစ္ခ်ဳိ႕ေၾကာင့္ အေစာပိုင္းမွာ ျပတ္စဲခဲ့ၾကတဲ့ အြန္ေစာ တုိ႔လင္မယားထက္ ပိုၿပီးဆူညံေနခဲ့ပါတယ္။

ရုပ္သံစီးရီးတစ္ခု အတူရုိက္ရင္းပဲ ဖူးစာပါခဲ့ၾကတဲ့ Ahn Jae Hyun နဲ႔ Goo Hye Sun တုိ႔ရဲ႕ ကြာရွင္းဖုိ႔ ႀကိဳးစားျခင္းဟာ ကုိရီးယားေဖ်ာ္ေျဖေရးေလာကရဲ႕ အရႈပ္ေထြးဆုံး Scandal ေတြထဲက တစ္ခုလို႔ အခုခ်ိန္မွာ ေျပာေနၾကၿပီး မင္းသမီးက သူတုိ႔ႏွစ္ဦးၾကား ေျပာဆုိညွိႏႈိင္းတာေတြကို ဆုိရွယ္မီဒီယာေတြေပၚမွာ ျပန္တင္ခဲ့လို႔လည္း ပါပါတယ္။

အခုတစ္ခါလည္း သူမကပဲ Ahn Jae Hyun ကို ဘာလို႔ကြာရွင္းခ်င္တာလဲလို႔ ေမးတဲ့အခါမွာ သူျပန္ေျဖခဲ့တဲ့ စကားကို တင္ခဲ့ၿပီး ရွည္လ်ားအေသးစိတ္တဲ့ သူမရဲ႕ ေျပာစကားထဲမွာ အမ်ားအံ့ၾသတုန္လႈပ္စရာ အခ်က္တစ္ခု ပါခဲ့ပါတယ္။

သူမေရးထားတဲ့အထဲမွာ “ငါ့ဘက္က ဘာမွားတာရွိလို႔လဲလို႔ သူ႕ကို ကၽြန္မ ေမးခဲ့တဲ့အခ်ိန္မွာ သူက ကၽြန္မက ဆက္စီ မက်ဘူး၊ ကၽြန္မရဲ႕ သားျမတ္(ခ်ဳိသီး)ကလည္း ဆက္စီ မက်ဘူး ဒါေၾကာင့္ ကြာရွင္းခ်င္ေနၿပီလို႔ ေျပာပါတယ္” လို႔ ပါဝင္လာတာပါ။

နာမည္ေက်ာ္ႏွစ္ေယာက္ရဲ႕ သတင္းကို ေစာင့္ဖတ္ေနတဲ့ အင္တာနက္ေလာကအတြက္ေတာ့ အခုလို ထြက္ေပၚလာတဲ့ စကားအေပၚ အံ့ၾသမွင္သက္ၿပီး အမ်ဳိးမ်ဳိးတုံ႔ျပန္ခဲ့ၾကပါတယ္။ ဒါ့အျပင္ Ahn Jae Hyun ရဲ႕ ပုံရိပ္ကိုလည္း အႀကီးအက်ယ္ထိခုိက္မယ္ဆုိတာ ေျပာစရာေတာင္ လိုမယ္မထင္ပါဘူး။

အေစာပုိင္းကလည္း မင္းသမီးက ကြာရွင္းသတင္းကို သူမ မိခင္အား Ahn Jae Hyun ကိုယ္တုိင္ သြားေတြ႔ၿပီး ဖြင့္ေျပာဖုိ႔ တုိက္တြန္းတာနဲ႔ Ahn Jae Hyun က ျငင္းဆုိခဲ့တာကို ေဒါသတႀကီး အင္စတာဂရမ္မွာ တင္ၿပီး သူမ မိခင္ဟာ ဒီသတင္းကို ရုတ္တရက္သိလုိက္ရလုိ႔ က်န္းမာေရး ထိခုိက္ေနေၾကာင္း ေျပာခဲ့ေသးပါတယ္။ ဒါ့ေၾကာင့္ ဒီကြာရွင္းမႈမွာ ဘယ္သူက ပိုၿပီး စိတ္ပုိင္းဆုိင္ရာ အႏႈတ္သေဘာေဆာင္ေနရွာလဲ ဆုိတာေတာ့ ေလာေလာဆယ္ သူမရဲ႕ လုပ္ရပ္ေတြက သက္ေသခံေနတာပါပဲ။

Unicode ဖြင့်ဖတ်ရန်

ရေစက်ပါလို့ ယူကြပြီး ရေစက်ကုန်လို့ လမ်းခွဲရတဲ့အခါ အမုန်းနဲ့လမ်းခွဲကြရတာ များပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ သတင်းထွက်လာတဲ့ F4 မင်းသမီး Goo Hye Sun နဲ့ မင်းသား Ahn Jae Hyun တို့ရဲ့ ကွာရှင်းခြင်းကတော့ မင်းသမီးဘက်က မခံမရပ်နိုင်ထွက်လာတဲ့အသံတစ်ချို့ကြောင့် အစောပိုင်းမှာ ပြတ်စဲခဲ့ကြတဲ့ အွန်စော တို့လင်မယားထက် ပိုပြီးဆူညံနေခဲ့ပါတယ်။

ရုပ်သံစီးရီးတစ်ခု အတူရိုက်ရင်းပဲ ဖူးစာပါခဲ့ကြတဲ့ Ahn Jae Hyun နဲ့ Goo Hye Sun တို့ရဲ့ ကွာရှင်းဖို့ ကြိုးစားခြင်းဟာ ကိုရီးယားဖျော်ဖြေရေးလောကရဲ့ အရှုပ်ထွေးဆုံး Scandal တွေထဲက တစ်ခုလို့ အခုချိန်မှာ ပြောနေကြပြီး မင်းသမီးက သူတို့နှစ်ဦးကြား ပြောဆိုညှိနှိုင်းတာတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန်တင်ခဲ့လို့လည်း ပါပါတယ်။

အခုတစ်ခါလည်း သူမကပဲ Ahn Jae Hyun ကို ဘာလို့ကွာရှင်းချင်တာလဲလို့ မေးတဲ့အခါမှာ သူပြန်ဖြေခဲ့တဲ့ စကားကို တင်ခဲ့ပြီး ရှည်လျားအသေးစိတ်တဲ့ သူမရဲ့ ပြောစကားထဲမှာ အများအံ့သြတုန်လှုပ်စရာ အချက်တစ်ခု ပါခဲ့ပါတယ်။

သူမရေးထားတဲ့အထဲမှာ “ငါ့ဘက်က ဘာမှားတာရှိလို့လဲလို့ သူ့ကို ကျွန်မ မေးခဲ့တဲ့အချိန်မှာ သူက ကျွန်မက ဆက်စီ မကျဘူး၊ ကျွန်မရဲ့ သားမြတ်(ချိုသီး)ကလည်း ဆက်စီ မကျဘူး ဒါကြောင့် ကွာရှင်းချင်နေပြီလို့ ပြောပါတယ်” လို့ ပါဝင်လာတာပါ။

နာမည်ကျော်နှစ်ယောက်ရဲ့ သတင်းကို စောင့်ဖတ်နေတဲ့ အင်တာနက်လောကအတွက်တော့ အခုလို ထွက်ပေါ်လာတဲ့ စကားအပေါ် အံ့သြမှင်သက်ပြီး အမျိုးမျိုးတုံ့ပြန်ခဲ့ကြပါတယ်။ ဒါ့အပြင် Ahn Jae Hyun ရဲ့ ပုံရိပ်ကိုလည်း အကြီးအကျယ်ထိခိုက်မယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။

အစောပိုင်းကလည်း မင်းသမီးက ကွာရှင်းသတင်းကို သူမ မိခင်အား Ahn Jae Hyun ကိုယ်တိုင် သွားတွေ့ပြီး ဖွင့်ပြောဖို့ တိုက်တွန်းတာနဲ့ Ahn Jae Hyun က ငြင်းဆိုခဲ့တာကို ဒေါသတကြီး အင်စတာဂရမ်မှာ တင်ပြီး သူမ မိခင်ဟာ ဒီသတင်းကို ရုတ်တရက်သိလိုက်ရလို့ ကျန်းမာရေး ထိခိုက်နေကြောင်း ပြောခဲ့သေးပါတယ်။ ဒါ့ကြောင့် ဒီကွာရှင်းမှုမှာ ဘယ်သူက ပိုပြီး စိတ်ပိုင်းဆိုင်ရာ အနှုတ်သဘောဆောင်နေရှာလဲ ဆိုတာတော့ လောလောဆယ် သူမရဲ့ လုပ်ရပ်တွေက သက်သေခံနေတာပါပဲ။

Source;Can’t wait to say