Zawgyiျဖင့္ဖတ္ရန္

တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြက ထက္ျမတ္တဲ့ အမ်ိဳးသမီးမ်ိဳးကိုမွ ေ႐ြးခ်ယ္ခ်င္ၾကပါတယ္။ ဒါေပမယ့္လည္း ေမွ်ာ့္လင့္မထားတဲ့ ျပႆနာေတြကို ရင္ဆိုင္ရဖို႔ ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ထက္ျမတ္တဲ့ မိန္းမေတြမို႔လို႔ပါဘဲ။ဒီေတာ့ Auntymay ရဲ႕ ပရိသတ္ႀကီးအေနနဲ႔ ထက္ျမတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ခ်ဥ္းကပ္မယ္ဆိုရင္ ႀကိဳတင္သိထားသင့္တဲ့ အခ်က္ကေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အခ်က္အျပဳတ္ကိစၥ ျပႆနာတက္ႏိုင္တယ္

အခ်က္အျပဳတ္ပိုင္းကို ထက္ျမတ္တဲ့ အမ်ိဴးသမီးေတြက သိပ္ၿပီးစိတ္ဝင္စားေလ့မရွိပါဘူး။ ေနာက္က်မွ ဒီလိုအမ်ိဳးသမီးမ်ိဳးနဲ႔ လက္ထပ္ၿပီးကာမွ ထမင္းမခ်က္တတ္ဘူးလား၊ ဟင္းမခ်က္တတ္ရေကာင္းလားဆိုၿပီး အျပစ္တင္လို႔ မရပါဘူး။

သူတို႔တစ္ေတြဟာ ကိုယ္ပိုင္အရည္အခ်င္းေတြ ျပည့္စုံထားၿပီးသား ျဖစ္တဲ့အျပင္ အခ်က္အျပဳတ္ကိစၥကို သူတို႔နဲ႔ သက္ဆိုင္တယ္လို႔ မထင္ၾကပါဘူး။ တစ္ခုေတာ့ ရွိပါတယ္။ မထက္ျမတ္ေပမယ့္ အပ်င္းထူတဲ့ အမ်ိဳးသမီးဆိုရင္လည္း အခ်က္အျပဳတ္ ညံ့တတ္ပါတယ္။

(၂) သဝန္တိုတာေတြ ဇီဇာေၾကာင္တာေတြနားမလည္

ထက္ျမတ္တဲ့အမ်ိဳးသမီးေတြမွာ တစ္စုံတစ္ေယာက္ကို မနာလိုရေကာင္းမွန္း မသိပါဘူး။ ဒါေၾကာင့္ သူတို႔ကို ကိုယ္က သဝန္တိုေစခ်င္လို႔၊ ဇီဇာေၾကာင္ေစခ်င္လို႔ ဆိုတဲ့သေဘာနဲ႔ လူမႈေရးအရ မရႈွင္းမရွင္း သြားမလုပ္ပါနဲ႔။ သူတို႔မွာ အဲဒီ ကိစၥေတြကို မနာလို သဝန္တိုဖို႔ အခ်ိန္ ရွိတာ မဟုတ္ပါဘူး။

(၃) စိတ္ရႈပ္စရာနဲ႔ ေဝးေဝးမွာေနတယ္

ထက္ျမတ္တဲ့ အမ်ိဳုးသမီးေတြဟာ လြတ္လပ္စြာ ေနထိုင္ပါတယ္။ ဒီလို ေနထိုင္ဖို႔အတြက္ အရႈပ္ဇယားေတြနဲ႔ ကင္းကင္းေနပါတယ္။ သူတို႔ကို စိတ္ရႈပ္ေအာင္ လုပ္ၾကသူေတြကို ဘာမွျပန္ရွင္းမျပဘဲ ေဝးေဝးေရွာင္တတ္ပါတယ္။

သင္တို႔လက္ထပ္ၿပီးေနာက္ သူ သင့္ကို ေရွာင္ထြက္သြားျခင္းဟာ သင့္ရဲ႕ အရႈပ္ျပႆနာေတြေၾကာင့္ဆိုတာ ႀကိဳတင္ သေဘာေပါက္ထားဖို႔ လိုပါတယ္။

(၄) သူတို႔အတြက္ ေယာက္်ားဆိုတာ လိုအပ္ခ်က္မဟုတ္ဘူး

ထက္ျမတ္တဲ့ အမ်ိဳးသမီးေတြမွာ လိုအပ္ခ်က္ကို ကိုယ္တိုင္လုပ္ယူပါတယ္။ ဒီေတာ့ သူတို႔က အလိုလို Perfect ျဖစ္ၿပီးသားေတြပါဘဲ။ ဒီေတာ့ အမွီသဟဲ ကင္းကင္းနဲ႔ ရပ္တည္ႏိုင္ပါတယ္။ ဒါေၾကာင့္ သူတို႔မွာ အားကိုးစရာ ေယာက္်ား မလိုအပ္ပါဘူး။

သင္ကသာ သူတို႔ကို လိုအပ္လို႔ သြားၿပီး ခ်ဥ္းကပ္မိတာပါ။ ဒါေၾကာင့္ အေျခအေနအရ အဲဒီ အမ်ိဳးသမီးကလက္ခံလိုက္တဲ့အခါ ေနာက္ပိုင္းမွာ ငါ့ကို အခ်စ္နည္းလွခ်ည္ရဲ႕လို႔ ေတြးထင္လာစရာေတြ ရွိပါတယ္။ ဒါက အမ်ားဆုံး ႀကဳံေနရတဲ့ ျပႆနာေတြပါ။

Credit AuntyMay

Unicode ဖြင့်ဖတ်ရန်

တစ်ချို့သော အမျိုးသားတွေက ထက်မြတ်တဲ့ အမျိုးသမီးမျိုးကိုမှ ရွေးချယ်ချင်ကြပါတယ်။ ဒါပေမယ့်လည်း မျှော့်လင့်မထားတဲ့ ပြဿနာတွေကို ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ထက်မြတ်တဲ့ မိန်းမတွေမို့လို့ပါဘဲ။ဒီတော့ Auntymay ရဲ့ ပရိသတ်ကြီးအနေနဲ့ ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်မယ်ဆိုရင် ကြိုတင်သိထားသင့်တဲ့ အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အချက်အပြုတ်ကိစ္စ ပြဿနာတက်နိုင်တယ်

အချက်အပြုတ်ပိုင်းကို ထက်မြတ်တဲ့ အမျိူးသမီးတွေက သိပ်ပြီးစိတ်ဝင်စားလေ့မရှိပါဘူး။ နောက်ကျမှ ဒီလိုအမျိုးသမီးမျိုးနဲ့ လက်ထပ်ပြီးကာမှ ထမင်းမချက်တတ်ဘူးလား၊ ဟင်းမချက်တတ်ရကောင်းလားဆိုပြီး အပြစ်တင်လို့ မရပါဘူး။

သူတို့တစ်တွေဟာ ကိုယ်ပိုင်အရည်အချင်းတွေ ပြည့်စုံထားပြီးသား ဖြစ်တဲ့အပြင် အချက်အပြုတ်ကိစ္စကို သူတို့နဲ့ သက်ဆိုင်တယ်လို့ မထင်ကြပါဘူး။ တစ်ခုတော့ ရှိပါတယ်။ မထက်မြတ်ပေမယ့် အပျင်းထူတဲ့ အမျိုးသမီးဆိုရင်လည်း အချက်အပြုတ် ညံ့တတ်ပါတယ်။

(၂) သဝန်တိုတာတွေ ဇီဇာကြောင်တာတွေနားမလည်

ထက်မြတ်တဲ့အမျိုးသမီးတွေမှာ တစ်စုံတစ်ယောက်ကို မနာလိုရကောင်းမှန်း မသိပါဘူး။ ဒါကြောင့် သူတို့ကို ကိုယ်က သဝန်တိုစေချင်လို့၊ ဇီဇာကြောင်စေချင်လို့ ဆိုတဲ့သဘောနဲ့ လူမှုရေးအရ မရှုှင်းမရှင်း သွားမလုပ်ပါနဲ့။ သူတို့မှာ အဲဒီ ကိစ္စတွေကို မနာလို သဝန်တိုဖို့ အချိန် ရှိတာ မဟုတ်ပါဘူး။

(၃) စိတ်ရှုပ်စရာနဲ့ ဝေးဝေးမှာနေတယ်

ထက်မြတ်တဲ့ အမျိုုးသမီးတွေဟာ လွတ်လပ်စွာ နေထိုင်ပါတယ်။ ဒီလို နေထိုင်ဖို့အတွက် အရှုပ်ဇယားတွေနဲ့ ကင်းကင်းနေပါတယ်။ သူတို့ကို စိတ်ရှုပ်အောင် လုပ်ကြသူတွေကို ဘာမှပြန်ရှင်းမပြဘဲ ဝေးဝေးရှောင်တတ်ပါတယ်။

သင်တို့လက်ထပ်ပြီးနောက် သူ သင့်ကို ရှောင်ထွက်သွားခြင်းဟာ သင့်ရဲ့ အရှုပ်ပြဿနာတွေကြောင့်ဆိုတာ ကြိုတင် သဘောပေါက်ထားဖို့ လိုပါတယ်။

(၄) သူတို့အတွက် ယောက်ျားဆိုတာ လိုအပ်ချက်မဟုတ်ဘူး

ထက်မြတ်တဲ့ အမျိုးသမီးတွေမှာ လိုအပ်ချက်ကို ကိုယ်တိုင်လုပ်ယူပါတယ်။ ဒီတော့ သူတို့က အလိုလို Perfect ဖြစ်ပြီးသားတွေပါဘဲ။ ဒီတော့ အမှီသဟဲ ကင်းကင်းနဲ့ ရပ်တည်နိုင်ပါတယ်။ ဒါကြောင့် သူတို့မှာ အားကိုးစရာ ယောက်ျား မလိုအပ်ပါဘူး။

သင်ကသာ သူတို့ကို လိုအပ်လို့ သွားပြီး ချဉ်းကပ်မိတာပါ။ ဒါကြောင့် အခြေအနေအရ အဲဒီ အမျိုးသမီးကလက်ခံလိုက်တဲ့အခါ နောက်ပိုင်းမှာ ငါ့ကို အချစ်နည်းလှချည်ရဲ့လို့ တွေးထင်လာစရာတွေ ရှိပါတယ်။ ဒါက အများဆုံး ကြုံနေရတဲ့ ပြဿနာတွေပါ။

Credit AuntyMay