Zawgyiဖြင့်ဖတ်ရန်





 



Unicode ဖြင့်ဖတ်ရန်

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေး ချမ်းချမ်းကတော့ သူမရဲ့အနုပညာကြောင့်ရော သူမရဲ့ပြတ်သားတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ကံမကောင်းတဲ့ ချမ်းချမ်းကတော့ လက်ရှိမှာ သူမရဲ့ဘဝဖြစ်တဲ့ သမီးလေးရယ်၊ သူမကို တကယ်ချစ်တဲ့သူရယ်နဲ့အတူ ဘဝအသစ်လေးကို ပြန်လည်စတင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချမ်းချမ်းက သူမဘဝအသစ်လေး ပြန်ဖြစ်လာမှ မနာလိုမှုတွေနဲ့ ထိုးနှက်လာတဲ့သူတစ်ချို့အကြောင်း ရင်ဖွင့်လာတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် သူမနာကျင်ခံစားရတဲ့ အချိန်တုန်းက စိတ်မကောင်းသလို ရှိနေခဲ့ပြီး၊ အခု သူမဘဝအသစ်ပြန်စတော့မှ မနာလိုမှုတွေနဲ့ အတင်းပြောကြတဲ့ သူတွေအကြောင်း ပြောလာတဲ့ ချမ်းချမ်းရဲ့ရင်ဖွင့်စကားသံတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ချမ်းချမ်းကတော့ “လူတိုင်းအလှဆုးံလူဖြစ်ချင်တယ်..အိမ်ထောင်မကျခင်ရော..ကျပီးချိန်ရော..ဒါပေမဲ့ ဘဝကိုရုန်းကန်ရတဲ့အမေနဲ့ သက်တောင့်သက်သာယောကျားရှာစာကိုထိုင်စားရတဲ့ အမေဆိုတာမတူပါဘူး..ကလေးအတွက်ပင်ပန်းတာခြင်းတူပေမဲ့ ပိုက်ဆံအတွက်မပူရလို့ သူတို့မျက်နှာဘေးတေက ကြည်ရွှင်နေတယ်…ကိုယ်တွေတော့ပိုက်ဆံထွက်ရှာပြီးမိသားစုကိုအချိန်ပြည့်မစောင့်ရှောက်နိုင်ခဲ့လို့..မိန်းမမြတ်မဖြစ်ခဲ့ဘူး မိန်မတိုင်းကိုယ့်မိသားစုကိုချစ်ကြတယ်..ကိုယ်မရှိရင်တောင်လင်နဲ့သားသမီးတေအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတတ်ကြတယ်…တယောက်နဲ့တယောက်ချစ်တတ်ပုံချင်း..ဂရုစိုက်ပုံခြင်းမတူကြဘူး…ဘယ်လိုပဲဖစ်ဖြစ်မိန်းမဆိုတာမိသားစုကလွဲရင်ကျန်တာစိတ်မဝင်စားတတ်ကြပါဘူး….

သူများမိသားစုတွေလိုပျော်ရွှင်စရာတွေရှိရင်မျှဝေ ကြ..စိတိညစ်စရာဆိုလဲဖေးမကြနဲ့ ..ကိုယ်လဲတဘဝလုးံစာရည်ရွယ်ခဲ့ပါတယိ…ကိုယ့်အလှည့်ကျဖြစ်မလာခဲ့ဘူး ဘယ်သူ့ကိုမှလဲအပြစ်မတင်တော့ပါဘူး…သမီးအတွက်..အကောင်းဆုးံကြိုးစားခဲ့ပေမဲ့..ရလဒ်မကောင်းခဲ့ဘူး ကိုယ့်ကို တိုက်ခိုက်ပြောဆိုနေတဲ့သူတွေကိုကြည့်လိုက်တော့ ကိုယ်နဲ့သိခဲ့တဲ့သူတွေ..ကိုယ်နာကျင်ခံစားရပြီးတယောက်ထဲ ကလေးတဖက်နဲ့ လမ်းပျောက်နေတုန်းက..ပျော်ရွှင်ဖေးမမှုတေနဲ့ အဝေးဆုးံမှာရှိနေခဲ့တုန်းက စိတ်မကောင်းသလိုရှိပေးခဲ့ကြတယ်..ကိုယ့်ဘဝလေးအသစ်ပြန်ဖြစ်လာပြီး..ကိုယ့်ကိုချစ်တဲ့သူတေနဘေးမှာရှိလာတော့…မနာလိုမှုတေနဲ့ကိုယ့်ကိုအတင်းတွေပြောလာတယ်…ထိုးနက်လာကြတယ်..အော်..လူတွေ လူတွေ…လိုက်ဂရုစိုက်နေလို့ကတော့ ကိုယ်ရေပဲသောက်သောက် ထမင်းပဲစားစား အပြစ်ပြောလို့ပြီးမှာမဟုတ်ဘူး..

အခုချိန်ကစလို့ ကိုယ်ပျော်ဖို့နဲ့စိတ်ချမ်းသာဖို့ပဲတွေးတော့မယ်..သူတပါးကိုမထိခိုက်သရွေ့ ကိုယ့်ဖာသာကိုယ်ချစ်ရမယ်..စိတ်ချမ်းသာအောင်နေရမယ်ဆိုတာ..သိလာတယ်..ဘာရယ်မဟုတ်ပါဘူး…ပြုံးမိတယ် ကိုယိ့ကိုတိုက်ခိုက်ဖို့ ..အတင်းပြောဖို့သူတို့လုပ်နေ..ရေးနေကြပီဆိုကတည်းက..ကိုယ်ကသူတို့ထက်သာနေပြီလေ..ကိုယ့်ကိုသူတို့ခေါင်းထဲကထုတ်မရလို့ပဲဆိုတာသိတော့..မေတ္တာပို့ပေးလိုက်တယ်…အကုသိုလ်တွေကင်းကြပါစေ..ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်ကြပါစေပေါ့..” ဆိုပြီး သူမခံစားရတဲ့ ခံစားချက်တွေကို ပြောပြထားတာပါ။

ချမ်းချမ်းကတော့ လတ်တလောမှာ သီချင်းအသစ်တွေလုပ်ရင်း၊ ခရီးတွေထွက်ပြီး ရှိုးတွေ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ သမီးလေးကိုလည်း အရမ်းချစ်တဲ့ ချမ်းချမ်းကတော့ သူမသွားလေရာခေါ်သွားပြီး ဂရုစိုက်တတ်သူတစ်ဦးပါ။ စိတ်ထားကောင်းသူတစ်ဦးဖြစ်တဲ့ ချမ်းချမ်းကတော့ မွန်ပြည်နယ် ရေဘေးသင့်ဒေသတွေအတွက်လည်း ကူညီမှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ဘဝအသစ်စတင်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ချမ်းချမ်းကို အားပေးစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။

Source;Chan Nyein’s Facebook

Credit: MOMOLAY