Zawgyiျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံ မွာ ေဆးဝါးအျဖစ္ ေဆးေျခာက္ သုံးစြဲတာကို ဥပေဒအရ တရားဝင္အသိအမွတ္ျပဳၿပီးေနာက္မွာ ေနာက္ဆုံးအဆင့္ ကင္္ဆာေဝဒနာရွင္ေတြဆီ ဦးတည္ၿပီး ေဆးေျခာက္ေဆးဝါးကို စတင္္ျဖန္႔္ေဝၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ဒီဇင္ဘာမွာ ေဆးေျခာက္ကို ေဆးဝါးအျဖစ္ တရားဝင္ခြင့္ျပဳၿပီးေနာက္ အာဏာပိုင္ေတြက ေဆးေျခာက္ဆီ ပုလင္းေပါင္း ၄၀၀၀ ထုတ္လုပ္ထားတာျဖစ္ၿပီး ေဆး႐ုံေဆးခန္း ၂၁ ခုဆီ ကနဦး အစပ်ိဳး ျဖန႔္ေဝတာ ျဖစ္ပါတယ္။

“ျဖန႔္ေဝဖို႔အတြက္ ကြၽန္ေတာ္တို႔အဖြဲ႕သားေတြ အသင့္ပါပဲ။”လို႔ ေဆးေျခာက္ေဆးေပးခန္း ဖြင့္လွစ္ျခင္း အခမ္းအနားတစ္ရပ္မွာ ခြန္ကာရန္႐ုေဆး႐ုံအုပ္ႀကီးက သတင္းေထာက္ေတြကို ေျပာပါတယ္။

“ေဆးေျခာက္ကို ေဆးဝါးအျဖစ္ အသုံးျပဳဖို႔ ေလ့က်င့္သင္တန္းေပးထားတဲ့ ကြၽမ္းက်င္သူေတြရယ္၊ ဆရာဝန္ေျခာက္ဦးနဲ႔ ေဆးမႉးေတြရယ္ အသင့္ရွိေနၿပီ ျဖစ္ပါတယ္။”လို႔ ၎က ေျပာပါတယ္။

ေဆးေျခာက္ေဆးဝါး စီမံကိန္းအတြက္ အာဏာပိုင္ေတြဟာ ႏိုင္ငံတြင္းက အျခားေသာ ေဆး႐ုံေတြဆီလည္း ေဆးေျခာက္ဆီေတြ ျဖန႔္ေဝသြားမွာ ျဖစ္ပါတယ္။

ေဆးေျခာက္ဆီဟာ နာက်င္ကိုက္ခဲမႈ ေဝဒနာေတြကို သက္သာေစၿပီး ကင္ဆာေဆးသြင္းလို႔ ျဖစ္ေပၚတဲ့ ေဝဒနာေတြကိုလည္း ေလ်ာ့ပါးေစပါတယ္။

ေဆးေျခာက္၊ သံလြင္ဆီနဲ႔ အုန္းဆီေတြ ပါဝင္တဲ့ ထိုင္း႐ိုးရာတိုင္းရင္းေဆးေတြကိုပါ စက္တင္ဘာကစၿပီး ေဆး႐ုံေဆးေပးခန္းေတြကို ျဖန႔္ေဝျဖစ္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန သတင္းျပန္ၾကားေရး႐ုံးက ေျပာပါတယ္။

Unicode ဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံမှာ ဆေးဝါးအဖြစ် ဆေးခြောက်သုံးစွဲတာကို ဥပဒေအရ တရားဝင်အသိအမှတ်ပြုပြီးနောက်မှာ နောက်ဆုံးအဆင့် ကင်ဆာဝေဒနာရှင်တွေဆီ ဦးတည်ပြီး ဆေးခြောက်ဆေးဝါးကို စတင်ဖြန့်ဝေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင်ခွင့်ပြုပြီးနောက် အာဏာပိုင်တွေက ဆေးခြောက်ဆီ ပုလင်းပေါင်း ၄၀၀၀ ထုတ်လုပ်ထားတာဖြစ်ပြီး ဆေးရုံဆေးခန်း ၂၁ ခုဆီ ကနဦး အစပျိုး ဖြန့်ဝေတာ ဖြစ်ပါတယ်။

“ဖြန့်ဝေဖို့အတွက် ကျွန်တော်တို့အဖွဲ့သားတွေ အသင့်ပါပဲ။”လို့ ဆေးခြောက်ဆေးပေးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားတစ်ရပ်မှာ ခွန်ကာရန်ရုဆေးရုံအုပ်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

“ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ လေ့ကျင့်သင်တန်းပေးထားတဲ့ ကျွမ်းကျင်သူတွေရယ်၊ ဆရာဝန်ခြောက်ဦးနဲ့ ဆေးမှူးတွေရယ် အသင့်ရှိနေပြီ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဆေးခြောက်ဆေးဝါး စီမံကိန်းအတွက် အာဏာပိုင်တွေဟာ နိုင်ငံတွင်းက အခြားသော ဆေးရုံတွေဆီလည်း ဆေးခြောက်ဆီတွေ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

ဆေးခြောက်ဆီဟာ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို သက်သာစေပြီး ကင်ဆာဆေးသွင်းလို့ ဖြစ်ပေါ်တဲ့ ဝေဒနာတွေကိုလည်း လျော့ပါးစေပါတယ်။

ဆေးခြောက်၊ သံလွင်ဆီနဲ့ အုန်းဆီတွေ ပါဝင်တဲ့ ထိုင်းရိုးရာတိုင်းရင်းဆေးတွေကိုပါ စက်တင်ဘာကစပြီး ဆေးရုံဆေးပေးခန်းတွေကို ဖြန့်ဝေဖြစ်ဖို့ မျှော်လင့်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးရုံးက ပြောပါတယ်။

Credit:Mizzima