Zawgyiျဖင့္ဖတ္ရန္

ကမာၻတဝန္းက အစိုးရေတြအေနနဲ႔ တခါသုံး ပလတ္စတစ္ေတြရဲ႕ ကပ္အႏၲရာယ္ကို ေျဖရွင္းကိုင္တြယ္ရတာက ေခါင္းခဲေနရတဲ့ ျပႆနာႀကီးတစ္ရပ္ပါပဲ။ဒါေပမယ့္ အင္ဒိုနီးရွားႏိုင္ငံက ဘန္ဂန္းၿမိဳ႕ေနအတြက္ကေတာ့ အမႈိက္ဟာ အသျပာပါပဲ။

ၿမိဳ႕ေလးမွာ ေနထိုင္ၾကသူ သုံးပုံ ႏွစ္ပုံေလာက္က အမႈိက္ပုံဟာ သူတို႔အတြက္ ဘ႑ာသိုက္ျဖစ္ေနပါတယ္။ ဒီ ႏွစ္အေစာပိုင္းမွာ တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံျခားက အမႈိက္ေတြ တင္သြင္းတာကို တားျမစ္လိုက္တဲ့ေနာက္ပိုင္းမွာ အေရွ႕ေတာင္အာရွဆီ ျပည္ပက တင္ပို႔အမႈိက္ေတြ လမ္းေၾကာင္းေျပာင္းၿပီး ဝင္ေရာက္လာပါတယ္။

အဲဒါေၾကာင့္ ဘန္ဂန္းၿမိဳ႕သူၿမိဳ႕သားေတြအတြက္ ဝင္ေငြပိုေကာင္းေစပါေတာ့တယ္။ ေတာင္ပုံရာပုံ အမႈိက္ေတြထဲကေန စြန႔္ပစ္ပလတ္စတစ္ဘူးေတြ၊ ကတၱဴဘူးေတြနဲ႔ သံဘူးေတြကို ျပည္တြင္းကုမၸဏီေတြဆီ ျပန္သြင္းၿပီး ေငြစေဖာ္တဲ့ ဘန္ဂန္းၿမိဳ႕ေလးဟာ ဝင္ေငြပိုတိုးလာခဲ့ပါေတာ့တယ္။

“ကြၽန္ေတာ္မွာ သားသမီး သုံးဦး ရွိတယ္။ အားလုံးကို တကၠသိုလ္ ထားႏိုင္တယ္။ အမႈိက္ေတြထဲ ေရာင္းလို႔ ရမွာေတြကို ေမႊေႏွာက္ရွာေဖြၿပီး ဝင္ေငြရေအာင္ လုပ္ႏိုင္တာေၾကာင့္ အူစို႐ုံမက သားသမီးေတြကိုပါ တကၠသိုလ္ ထားႏိုင္တာျဖစ္တယ္။”လို႔ ဒူးေလာက္နစ္တဲ့ အမႈိက္ကြင္းျပင္ႀကီးနား ရပ္ရင္း အသက္ ၅၂ ႏွစ္အ႐ြယ္ ကီမန္းဆိုသူက ေျပာပါတယ္။

တစ္ခ်ိန္က ကမာၻမွာ ရီဆိုင္ကယ္အသုံးျပဳ ထုတ္လုပ္မႈ အႀကီးမားဆုံးျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံဟာ ျပည္ပက အမႈိက္ေတြကို ပိတ္ဆို႔လိုက္တာေၾကာင့္ လုပ္ငန္းေတြ ကေမာက္ကမျဖစ္ၿပီး အမႈိက္အစုလိုက္အပုံလိုက္ဟာ အေရွ႕ေတာင္အာရွဆီ တစ္ဆင့္ခံ စီးဝင္လာခဲ့ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံရဲ႕ အမႈိက္တင္သြင္းမႈဟာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္မွာ ထိုးတက္သြားခဲ့ၿပီး ၂၀၁၇ ေႏွာင္းပိုင္းက တလမွာ တန္ခ်ိန္ တေသာင္း တင္သြင္းခဲ့တာကေန ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ တန္ခ်ိန္ သုံးေသာင္းခြဲအထိ တင္သြင္းခဲ့ပါတယ္။

ဒီလို အေျခအေနမွာ လက္မႈိင္ခ်ရသူေတြကေတာ့ ပလတ္စတစ္ ကင္းစင္ေရး တက္ႂကြလႈပ္ရွားသူေတြျဖစ္ၿပီး Greenpeace Indonesia အဖြဲ႕က တ႐ုတ္ႏိုင္ငံက အမႈိက္တင္သြင္းတာ ပိတ္လိုက္ၿပီးေနာက္ပိုင္း အဆိုးဆုံး အေျခအေန ျဖစ္လာခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

Unicode ဖြင့်ဖတ်ရန်

ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ တခါသုံး ပလတ်စတစ်တွေရဲ့ ကပ်အန္တရာယ်ကို ဖြေရှင်းကိုင်တွယ်ရတာက ခေါင်းခဲနေရတဲ့ ပြဿနာကြီးတစ်ရပ်ပါပဲ။ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံက ဘန်ဂန်းမြို့နေအတွက်ကတော့ အမှိုက်ဟာ အသပြာပါပဲ။

မြို့လေးမှာ နေထိုင်ကြသူ သုံးပုံ နှစ်ပုံလောက်က အမှိုက်ပုံဟာ သူတို့အတွက် ဘဏ္ဍာသိုက်ဖြစ်နေပါတယ်။ ဒီ နှစ်အစောပိုင်းမှာ တရုတ်နိုင်ငံဟာ နိုင်ငံခြားက အမှိုက်တွေ တင်သွင်းတာကို တားမြစ်လိုက်တဲ့နောက်ပိုင်းမှာ အရှေ့တောင်အာရှဆီ ပြည်ပက တင်ပို့အမှိုက်တွေ လမ်းကြောင်းပြောင်းပြီး ဝင်ရောက်လာပါတယ်။

အဲဒါကြောင့် ဘန်ဂန်းမြို့သူမြို့သားတွေအတွက် ဝင်ငွေပိုကောင်းစေပါတော့တယ်။ တောင်ပုံရာပုံ အမှိုက်တွေထဲကနေ စွန့်ပစ်ပလတ်စတစ်ဘူးတွေ၊ ကတ္တူဘူးတွေနဲ့ သံဘူးတွေကို ပြည်တွင်းကုမ္ပဏီတွေဆီ ပြန်သွင်းပြီး ငွေစဖော်တဲ့ ဘန်ဂန်းမြို့လေးဟာ ဝင်ငွေပိုတိုးလာခဲ့ပါတော့တယ်။

“ကျွန်တော်မှာ သားသမီး သုံးဦး ရှိတယ်။ အားလုံးကို တက္ကသိုလ် ထားနိုင်တယ်။ အမှိုက်တွေထဲ ရောင်းလို့ ရမှာတွေကို မွှေနှောက်ရှာဖွေပြီး ဝင်ငွေရအောင် လုပ်နိုင်တာကြောင့် အူစိုရုံမက သားသမီးတွေကိုပါ တက္ကသိုလ် ထားနိုင်တာဖြစ်တယ်။”လို့ ဒူးလောက်နစ်တဲ့ အမှိုက်ကွင်းပြင်ကြီးနား ရပ်ရင်း အသက် ၅၂ နှစ်အရွယ် ကီမန်းဆိုသူက ပြောပါတယ်။

တစ်ချိန်က ကမ္ဘာမှာ ရီဆိုင်ကယ်အသုံးပြု ထုတ်လုပ်မှု အကြီးမားဆုံးဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ပြည်ပက အမှိုက်တွေကို ပိတ်ဆို့လိုက်တာကြောင့် လုပ်ငန်းတွေ ကမောက်ကမဖြစ်ပြီး အမှိုက်အစုလိုက်အပုံလိုက်ဟာ အရှေ့တောင်အာရှဆီ တစ်ဆင့်ခံ စီးဝင်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အမှိုက်တင်သွင်းမှုဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ ထိုးတက်သွားခဲ့ပြီး ၂၀၁၇ နှောင်းပိုင်းက တလမှာ တန်ချိန် တသောင်း တင်သွင်းခဲ့တာကနေ ပြီးခဲ့တဲ့နှစ်မှာတော့ တန်ချိန် သုံးသောင်းခွဲအထိ တင်သွင်းခဲ့ပါတယ်။

ဒီလို အခြေအနေမှာ လက်မှိုင်ချရသူတွေကတော့ ပလတ်စတစ် ကင်းစင်ရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီး Greenpeace Indonesia အဖွဲ့က တရုတ်နိုင်ငံက အမှိုက်တင်သွင်းတာ ပိတ်လိုက်ပြီးနောက်ပိုင်း အဆိုးဆုံး အခြေအနေ ဖြစ်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Credit: Mizzima