Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ၊ နိုင်ငံဂုဏ်ဆောင်အလှမယ်တွေဆိုတာ နိုင်ငံကို ကိုယ်စားပြုုပြီး ဂုဏ်ဆောင်နိုင်ဖို့ အစဉ်ကြိုးစားနေကြသူတွေပါ ။ ဘာသာစကား ကျွမ်းကျင်မှုတွေအပြင် ၊ အခြားသောစွမ်းရည် တွေကိုလည်း လေ့ကျင့်ယူထားကြရပါတယ်။
မကြာသေးခင်ရက်ပိုင်း က မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်ရဲ့ ပြိုင်ပွဲဝင် ဗီဒီယိုတစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ တွင်တွင်ကျယ်ကျယ် ပျံ့နှံ့လာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ Miss Jewel of the World မှာ ပြိုင်ပွဲဝင်နေခဲ့တဲ့ နန်းချယ်ရီ ရဲ့ စင်မြင့်ထက်က ဗီဒီယို ဟာ မြန်မာတစ်နိုင်ငံလုံးအတွက် အရှက်ရစရာဖြစ်ခဲ့ပါတယ်။
နန်းချယ်ရီ ပြည်တွင်းပြိုင်ပွဲမှာ သရဖူကိုသိမ်းယူနိုင်ခဲ့ပေမယ့် ဆိုးရွားလှတဲ့ အင်္ဂလိပ်စာစကေားကြောင့် စင်မြင့်ပေါ်မှာ မြန်မာနိုင်ငံကို အရှက်ခွဲပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့် ပြည်တွင်းက အလှမယ် လောကမှာဂယက်ထခဲ့ပါတယ်။ အလှမယ်တွေအနေနဲ့လည်း ပြိုင်ပွဲမဝင်ခင် ရှိသင့်ရှိထိုက်တဲ့ စကေးတွေကို လေ့ကျင့်ထားရမယ်ဆိုတာ ကို နန်းချယ်ရီက သက်သေပြသွားခဲ့တာပါ ။ ပရိသတ်ကြီးရေ ဈေးကွက်ပျက်စ ပြုနေပြီဖြစ်တဲ့ အလှမယ် လောကအတွက် မှတ်ချက်ကနေအကြံလေးတွေပေးခဲ့ကြပါဦး ။
Source – Linn Latt Tun / Missology
Credit: Noe Noe May Ju Ju