Zawgyiျဖင့္ဖတ္ရန္

နိုင္ငံေက်ာ္ အနုပညာရွင္နွစ္ေယာက္ျဖစ္တဲ့ ေရႊထူးနဲ့ ေရႊမႈံ ရတီက ၂၀၁၈ ခုနွစ္ နိုဝင္ဘာလ(၁၁) ရက္ေန့က လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ အနုပညာရွင္ နွစ္ေယာက္ လက္ထပ္သြားတဲ့အခါမွာ ပရိသတ္ေတြက စိတ္ဝင္တစား အားေပးလာၾကတာကို ေတြ့ရပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီကလည္း လက္ထပ္ျပီးတဲ့ေနာက္ပိုင္း အနုပညာအလုပ္ေတြကို တြဲဖက္လုပ္ကုိင္ေနတာ ျဖစ္ပါတယ္။

အိမ္ေထာင္သက္ (၉) လအတြင္း သံေယာဇဥ္ေတြ တိုးလာခဲ့တဲ့ ေရႊနွစ္ေရႊက ခဏေလး ေဝးကြာသြားတာေတာင္ မေနနိုင္ မထိုင္နိုင္ေအာင္ လြမ္းေနၾကတာကို ေတြ့ရပါတယ္။ ေရႊထူးက လက္ရိွမွာတာ့ ဒါရိုက္တာ ကိုေပါက္ရိုက္တဲ့ “စစ္ကား” ရုပ္ရွင္ဇာတ္ကားၾကီးကို ေရနံေခ်ာင္းျမိဳ့မွာ သြားေရာက္ ရိုက္ကူးေနတာ ျဖစ္ပါတယ္။

ေရႊမႈံရတီက လြန္ခဲ့တဲ့ နွစ္ရက္ကမွ ေရႊထူးရဲံ ရႈတင္ကို လိုက္သြားျပီး ရန္ကုန္ျပန္ေရာက္လာရာမွ အိမ္ျပန္လာေတာ့ ခင္ပြန္းျဖစ္သူ ေရႊထူး အနားမွာ မရိွေတာ့ ေရႊမႈံေလးလည္း ေတာ္ေတာ္ေလး လြမ္းေနတာပဲ ျဖစ္ပါတယ္။

ေရႊမႈံရတီက ” သူ႔ကို လြမ္း ေလ ပိန္ေလ ျဖစ္ေန ၿပီ” ဆိုျပီး ခင္ပြန္းျဖစ္သူ ေရႊထူးကို လြမ္းဆြတ္ေၾကာင္း ေျပာထားပါတယ္။ ေရႊထူးကလည္း ဇနီးေလးကို လြမ္းတာ စိတ္မခ်တာနဲ့ ရိုက္ကြင္းမွာ အလုပ္တစ္ဖက္နဲ့ တမ္းတေနတာကို ေတြ့ရပါတယ္။

ေရႊထူးနဲ့ ေရႊမႈံရတီကေတာ့ မေတြ့ရတဲ့ နွစ္ရက္အတြင္းမွာေတာင္ အလြမ္းေတြ ထိန္းခ်ဳပ္မရနိုင္ေအာင္ ခ်စ္ၾကတာပဲေနာ္။ ပရိသတ္ၾကီးလည္း တစ္ေယာက္နဲ့တစ္ေယာက္ အရမ္းခ်စ္ၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ အတြဲေလးကို အားက်ေနေလာက္ျပီ ထင္ပါတယ္ေနာ္။

Unicode ဖြင့်ဖတ်ရန်

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၁) ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင် နှစ်ယောက် လက်ထပ်သွားတဲ့အခါမှာ ပရိသတ်တွေက စိတ်ဝင်တစား အားပေးလာကြတာကို တွေ့ရပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကလည်း လက်ထပ်ပြီးတဲ့နောက်ပိုင်း အနုပညာအလုပ်တွေကို တွဲဖက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အိမ်ထောင်သက် (၉) လအတွင်း သံယောဇဉ်တွေ တိုးလာခဲ့တဲ့ ရွှေနှစ်ရွှေက ခဏလေး ဝေးကွာသွားတာတောင် မနေနိုင် မထိုင်နိုင်အောင် လွမ်းနေကြတာကို တွေ့ရပါတယ်။ ရွှေထူးက လက်ရှိမှာတာ့ ဒါရိုက်တာ ကိုပေါက်ရိုက်တဲ့ “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးကို ရေနံချောင်းမြို့မှာ သွားရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ရွှေမှုံရတီက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရွှေထူးရဲံ ရှုတင်ကို လိုက်သွားပြီး ရန်ကုန်ပြန်ရောက်လာရာမှ အိမ်ပြန်လာတော့ ခင်ပွန်းဖြစ်သူ ရွှေထူး အနားမှာ မရှိတော့ ရွှေမှုံလေးလည်း တော်တော်လေး လွမ်းနေတာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီက ” သူ့ကို လွမ်း လေ ပိန်လေ ဖြစ်နေ ပြီ” ဆိုပြီး ခင်ပွန်းဖြစ်သူ ရွှေထူးကို လွမ်းဆွတ်ကြောင်း ပြောထားပါတယ်။ ရွှေထူးကလည်း ဇနီးလေးကို လွမ်းတာ စိတ်မချတာနဲ့ ရိုက်ကွင်းမှာ အလုပ်တစ်ဖက်နဲ့ တမ်းတနေတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ မတွေ့ရတဲ့ နှစ်ရက်အတွင်းမှာတောင် အလွမ်းတွေ ထိန်းချုပ်မရနိုင်အောင် ချစ်ကြတာပဲနော်။ ပရိသတ်ကြီးလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အတွဲလေးကို အားကျနေလောက်ပြီ ထင်ပါတယ်နော်။

Source: Shwe Mhone Yati’s fb

ခရက္ဒစ္ မိုမိုေလး