Zawgyiဖြင့်ဖတ်ရန်





Video Link : https://www.youtube.com/watch?v=PuQQxY4koMI

Unicode ဖြင့်ဖတ်ရန်

နိုင်ငံကျော် မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေပြီ ဖြစ်တဲ့ နေခြည်ဦးက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလဲ နှစ်သက်အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦး ဖြစ်လို့နေပါပြီ။

လွန်ခဲ့တဲ့ ရက်ပိုင်းက ရည်းစားနဲ့ပျက်သွားခဲ့လို့ ပရိသတ်တွေ စိတ်ပူနေရတဲ့ နေခြည်ဦးကတော့ သူမလုပ်စရာရှိတဲ့ အလုပ်တွေကို အေးအေးဆေးဆေးသာ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ နေခြည်ဦးက ယောကျာ်းလေးတစ်ယောက်လို ဆေးလိပ်သောက်ပြီး အထာကျကျ သူမရဲ့ ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေခြည်ဦးရဲ့ အမိုက်စား ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

နေခြည်ကတော့ လက်ရှိမှာ အနုအညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး မကြာခင်မှာလည်း “အိမ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit:mmonlinemedia