Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ချမ်းချမ်းတစ်ယောက် မကြာသေးခင်ရက်ပိုင်း က သမီးလေးရှေ့မှာ ပထွေးဖြစ်လာမယ့် နိုင်ငံခြားသားချစ်သူအကြောင်းကို မီဒီယာတွေရှေ့မှာ ရဲရဲကြီး ဖြေဆိုသွားခဲ့တာပါ ။ ချမ်းချမ်းကတော့ ပွင့်လင်းသူမို့ အခုလို ပွင့်ပွင့်လင်းလင်းပြောတဲ့ အတွက် အမျိုးသမီးထုက ထောက်ခံခဲ့ကြတာပါ ။
ဒါပေမယ့် ဘုဏ်းသိုက် ကတော့ မီဒီယာတွေရှေ့မှာ ကလေးကို ဘေးချပြီး အခုလိုအင်တာဗျူးဖြေဆိုခဲ့တဲ့ အတွက်တုန့်ပြန်လိုက်ပါတယ် ။ဘုန်းသိုက် က “အာာာားးးးး ငါ ပြောနေတာ လူကြီးကို စိတ်ကိုမဝင်စားဘူးကွသူ ဒီလိုတွေ စကားတွေကို စည်းလွတ်ဝါးလွတ်ပြောနေတာ ရိုးနေပြီ။
ပြောချင်ရာသာ ပြော ။ဒါပေမယ့် တစ်ယောက်တည်းပြော။ အခုလို မီဒီယာရှေ့မှာ ကလေးကို ပွဲထုတ်သလို ပြောချင်ရင် ကလေးအတွက် support ဖြစ်မယ့်ဟာ ပြော။မပြောချင်ရင် ကလေးကို ဘယ် ကင်မရာရှေ့ကို မှ ခေါ်သွားစရာ မလိုဘူး။ ကလေး ကိုယ်တိုင်တောင် မကြိုက်တဲ့ စကားတွေနဲ့ ကလေးကို ကင်မရာရှေ့ခေါ်ပြတာက ကလေးရဲ့ အခွင့်ရေးကို ချိုးဖောက်တာ လို့ ပြောရင်းလည်း လာ ဦးမယ်။အခု ငါ ပြောနေတာ ငါ့သမီးမျက်နှာ ဘယ်လိုဖြစ်နေရင် သူ့ခံစားချက် ဘယ်လို ဖြစ်နေတယ် ဆိုတာ ငါ့ထက်ပဲ နင်တို့တွေက သိအုံးမလား စောက်ပိန်းတွေက တမှောင့် ဆိုပြီး မှတ်ချက်ကနေ ပြောပြခဲ့တာပါ။ဆက်လက်ပြီး “သူ အခု အိမ်ပေါ်ပါ ခေါ်တင်ထားတာ ကျနော် တခွန်းမပြောဘူး။ ဒါပေမယ့် အခုလို ကလေးနဲ့ပတ်သတ်တာကျ မပြောလို့ မရတော့ဘူး ကိုအဲဒို!စောက်ပိန်းတွေက ဘာမှ မသိဘဲဝင်ဝင်ဟောင်နေတာက တမျိုးဗျာ” ဆိုပြီး ပရိသတ်တစ်ယောက် အမေးကို ဖြေဆိုထားတာကိုလည်းတွေ့ရပါတယ်။
ကလေးငယ်ရှေ့မှာ ပထွေးဖြစ်လာမယ့်သူ နိုင်ငံခြားသားရဲ့ အကြောင်းကို အခုလိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားအမျိုးမျိုး ဖြစ်နေကြပါတယ်။ ပရိသတ်ကြီးရော ဘုန်းသိုက် တုန့်ပြန်လိုက်တဲ့ အပေါ် သဘောထားမှတ်ချက်လေး တွေပေးခဲ့ကြပါဦး ။
Source – Hpone Thaik,CRD-Search Myanmar