Zawgyiဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေရဲ့ အားပေးလက်ခံမှုတွေကို တဖြေးဖြေးနဲ့ ရယူလာနိုင်ခဲ့ပြီး ဇာတ်လမ်းတွဲမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ တက်သစ်စ သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ စိတ်ပူတတ်တဲ့အကျင့်တွေရှိတာကြောင့် ကလေးလုံးဝမယူတော့ဘူးလို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့အကြောင့် We Media ရဲ့အင်တာဗျူးမှာပြောသွားခဲ့ပါတယ်။

မြနှင်းရည်လွင်က “ကလေးကတော့ မယူဖြစ်ဘူးပေါ့နော် ဒါကတော့ 100 percent သေချာတယ်။ မယူဖြစ်ဘူးဆိုတာလည်း အစတုန်းက ဘယ်လိုခေါ်မလဲ ကိုမျိုးသွင်သွေးက O Negative ကြောင့်ပါ။ ဒါပေမဲ့လည်း အဲ့တာက အခုခေတ်မှာ မျိုးစုံလုပ်လို့ရနေပါပြီ။ ဒါပေမဲ့လည်း မြနှင်းကစိတ်ပူတတ်တဲ့ အကျင့်ရှိတော့ အဲ့အပူကြီးကို မယူချင်ဘူးပေါ့နော် မယူချင်တော့ နှစ်ယောက်စလုံးကလည်း ကလေးကို မရလည်း ဘာမှမဖြစ်ဘူး အရမ်းကြီးဒါကြီးကိုတွေးထားရင် စိတ်ပူရတယ်ပေါ့နော်။ အဲ့တော့ပေါ့ပေါ့ပဲ ထားထားလိုက်တာပေါ့နော်။ မယူဘူးဆိုရင်ရသွားလိုက်တာက ပျော်တာပေါ့။ မယူဘူးထားလိုက်တော့ အဲ့တာကို သိပ်မျှော်လင့်မနေရတေု့ဘူးပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

ကိုယ်တိုင်က မျက်ရည်လွယ်တဲ့သူလားလို့ မေးမြန်းရာ “မျက်ရည်ကတော့လွယ်တယ် တစ်ခုခုဆိုရင် အရမ်းခံစားရတာ အတွေးသမားကို တစ်ခုခုဆိုရင် အရမ်းတွေးချလိုက်ပြီ။ သိချင်းသံကြားရင်လည်း အဲ့ထဲကိုစီးမျောနေ တွေးနေ သီချင်းသံကို ခံစားတဲ့လူပေါ့နော် အရမ်းကို Crazy ဖြစ်တဲ့လူ။ မျက်ရည်လည်းလွယ်တယ် ပျော်ပျော်လည်းနေတယ်။ ကိုယ်က စိတ်လည်းပူတတ်တဲ့လူဆိုတော့ အများကြီးပဲ။”လို့ပြောသွားခဲ့ပါတယ်။

ခင်ပွန်းသည်ရဲ့ပံ့ပိုးမှုတွေကို ဘယ်လောက်အထိရခဲ့လဲ “သူကတော့ အနောက်ကတော့ တောက်လျှောက်ကတော့ Supporting ကောင်းကောင်းပေးတယ်။ စိတ်ခွန်အားပေါ့ သူကတော့ အားပေးတယ်။ Dialogue ဆိုကိုလည်း ကြိုဖတ်သွားမယ်ဆိုရင် ဟိုရောက်တော့မှဆိုရင် ကိုယ့်ကြောင့် နောက်ကျမှာကြောက်တော့ ကြိုကြိုတော့ဖတ်သွားလေ့ရှိတော့ သူနဲ့အပြန်အလှန် သူ့ကိုပြောခိုင်းထားကိုယ်က နားထောင်။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းသားနဲ့ပဲဖြစ်ဖြစ် ယောက်ျားလေးတွေနဲ့ ဘယ်လိုပဲတွဲရတွဲရ ဒါကြီးကို ပြဿနာရှာတဲ့လူလည်းမဟုတ်တော့။ အဲ့တာကြောင့်မို့လို့လည်း ဒီကာရိုက်တာတွေကို ပိုပြီးတော့ လုပ်နိုင်တယ်ဆိုတာက သူ့Stress မရှိဘူးပေါ့နော် အဲ့လိုမျိုး။ 100 percent Support လုပ်ပေးတယ်။”လို့ပြောသွားခဲ့ပါတယ်။

Credit: MMONLINE Media