Zawgyiျဖင့္ဖတ္ရန္

အိမ္ထဲမွာ ေဆးလိပ္ေသာက္ျခင္းကို တားျမစ္သည့္ ဥပေဒကို ၾသဂုတ္လ ၂၀ ရက္ (ယေန႔မွ) စတင္ကာ ထိုင္းနိုင္ငံတြင္ အသက္ဝင္ၿပီျဖစ္သည္။ အဆိုပါဥပေဒအရ အိမ္ထဲမွာ ေဆးလိပ္ေသာက္ဖို႔ မီးျခစ္လိုက္တာနဲ႔ အိမ္တြင္းအၾကမ္းဖက္မွုတစ္ခု က်ဴးလြန္သူအျဖစ္ Hotline ဖုန္းနံပါတ္ 1300 ကို ေခၚကာ တိုင္ၾကား တရားစြဲနိုင္ၿပီျဖစ္သည္။

ဥပေဒသစ္၏ ရည္ရြယ္ခ်က္မွာ ေဆးလိပ္ကိုယ္တိုင္ ေသာက္သုံးသူမ်ားေၾကာင့္ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ အမ်ားစုဟာ မိမိကိုယ္တိုင္ ေဆးလိပ္မေသာက္ပါပဲ တစ္ဆင့္ခံ ေဆးလိပ္ေသာက္သူေတြအျဖစ္ က်န္းမာေရး ျပႆနာမ်ားကို ရင္ဆိုင္ေနၾကရသည္။ ထိုအေျခအေနမ်ားကို အဆုံးသတ္ေစရန္ ဥပေဒခ်မွတ္ကာ တိတိက်က် ကာကြယ္ေပးလိုက္ျခင္း ျဖစ္သည္။

ေဆးရြက္ႀကီးသုေတသီျဖစ္တဲ့ Dr Ronachai Khongsakon ရဲ့ အဆိုအရ ၈၁% ေသာ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ့ ေနအိမ္မွာတင္ တစ္ဆင့္ခံေဆးလိပ္ေသာက္သူမ်ားအျဖစ္ ခံစားေနရေၾကာင္း သိရွိရသည္။ တစ္ကမၻာလုံးမွာ တစ္ဆင့္ခံေဆးလိပ္ေသာက္သူေတြအျဖစ္နဲ႔ ႏွစ္စဥ္လူေပါင္း ၄၃၀,၀၀၀ ဝန္းက်င္ေသဆုံးေနရၿပီး သူတို႔ထဲက သုံးေယာက္မွာ ႏွစ္ေယာက္က အမ်ိဳးသမီးေတြျဖစ္တယ္လို႔ ဆိုပါတယ္။

ထိုင္းနိုင္ငံတြင္ အိမ္ထဲမွာ ေဆးလိပ္ေသာက္မွုကို တိုင္ၾကားလိုပါက Hotline နံပါတ္ 1300 ကို ေခၚဆို တိုင္ၾကားနိုင္ၿပီး က်ဴးလြန္သူကို တရားစြဲဆို ဒဏ္ေငြရိုက္ခံရမွာျဖစ္ပါတယ္။ ထိုင္းအစိုးရရဲ့ ေဆးလိပ္နဲ႔ပက္သက္ၿပီး ေနာက္ဆုံးလွုပ္ရွားမွုတစ္ခုအျဖစ္ အမ်ားသူငါ သြားလာရာ Public Area ေတြမွာ ေဆးလိပ္ေသာက္ခြင့္ကို တားျမစ္ခဲ့ၿပီးေနာက္ ယခုတစ္ဖန္ အိမ္ထဲမွာ ေဆးလိပ္ေသာက္ျခင္းကိုပါ ဥပေဒနဲ႔ တားျမစ္လိုက္တာျဖစ္ပါတယ္။

ေလဆိပ္ေတြထဲမွာ ေဆးလိပ္ေသာက္ခြင့္ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက စတင္တားျမစ္ခဲ့ၿပီး က်ဴးလြန္ပါက ဒဏ္ေငြ ဘတ္ ၅,၀၀၀ ေပးေဆာင္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ယခင္က ေလဆိပ္အတြင္းထဲမွာ ရွိေနတဲ့ ေဆးလိပ္ေသာက္နိုင္တဲ့ အခန္းေတြမွာပါ ေဆးလိပ္ေသာက္ခြင့္မရွိေတာ့ပဲ ေလဆိပ္ရဲ့ အျပင္ဘက္မွာ ေဆးလိပ္ေသာက္ရန္ သီးသန႔္အခန္း ေဆာက္လုပ္ေပးထားပါတယ္။

ထိုင္းနိုင္ငံတြင္ တရားဝင္ ေဆးလိပ္ေသာက္ခြင့္ရသည့္ အရြယ္ကို အသက္ ၁၈ ႏွစ္ကေန အသက္ ၂၀ ထိ တိုးျမႇင့္ခဲ့ၿပီး ဥပေဒကိုခ်ိဳးေဖာက္ပါက ေထာင္ဒဏ္ ၃ လ ႏွင့္ ထိုင္းဘတ္ေငြ ၃၀,၀၀၀ နဲ႔အထက္ ခ်မွတ္ခံရမွာျဖစ္ပါတယ္။

ေဆးလိပ္ဝယ္ယူရာတြင္ မိမိ၏ မွတ္ပုံတင္ကတ္ျပား ျပနိုင္မွသာ ေရာင္းခ်ခြင့္ရွိၿပီး အသက္မျပည့္ေသးသူေတြကို ေရာင္းခ်ပါက ဒဏ္ေငြရိုက္ခံရမည့္အျပင္ ေဆးလိပ္ေရာင္းခြင့္ လိုင္စင္ကိုပါ ႐ုတ္သိမ္းမည္ျဖစ္သည္။

ထိုင္းနိုင္ငံမွာ ေဆးလိပ္ေသာက္သူ ၁၀ သန္းဝန္းက်င္ရွိၿပီး ေဆးလိပ္ေၾကာင့္ ေသဆုံးသူ ႏွစ္စဥ္ ၇၂,၀၀၀ ရွိေနေၾကာင္း ထိုင္းသတင္းတြင္ ေဖာ္ျပထားသည္။

Unicode ဖြင့်ဖတ်ရန်

အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်သည့် ဥပဒေကို သြဂုတ်လ ၂၀ ရက် (ယနေ့မှ) စတင်ကာ ထိုင်းနိုင်ငံတွင် အသက်ဝင်ပြီဖြစ်သည်။ အဆိုပါဥပဒေအရ အိမ်ထဲမှာ ဆေးလိပ်သောက်ဖို့ မီးခြစ်လိုက်တာနဲ့ အိမ်တွင်းအကြမ်းဖက်မှုတစ်ခု ကျူးလွန်သူအဖြစ် Hotline ဖုန်းနံပါတ် 1300 ကို ခေါ်ကာ တိုင်ကြား တရားစွဲနိုင်ပြီဖြစ်သည်။

ဥပဒေသစ်၏ ရည်ရွယ်ချက်မှာ ဆေးလိပ်ကိုယ်တိုင် သောက်သုံးသူများကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ် အများစုဟာ မိမိကိုယ်တိုင် ဆေးလိပ်မသောက်ပါပဲ တစ်ဆင့်ခံ ဆေးလိပ်သောက်သူတွေအဖြစ် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်နေကြရသည်။ ထိုအခြေအနေများကို အဆုံးသတ်စေရန် ဥပဒေချမှတ်ကာ တိတိကျကျ ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။

ဆေးရွက်ကြီးသုတေသီဖြစ်တဲ့ Dr Ronachai Khongsakon ရဲ့ အဆိုအရ ၈၁% သော အမျိုးသမီးတွေဟာ သူတို့ရဲ့ နေအိမ်မှာတင် တစ်ဆင့်ခံဆေးလိပ်သောက်သူများအဖြစ် ခံစားနေရကြောင်း သိရှိရသည်။ တစ်ကမ္ဘာလုံးမှာ တစ်ဆင့်ခံဆေးလိပ်သောက်သူတွေအဖြစ်နဲ့ နှစ်စဉ်လူပေါင်း ၄၃၀,၀၀၀ ဝန်းကျင်သေဆုံးနေရပြီး သူတို့ထဲက သုံးယောက်မှာ နှစ်ယောက်က အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတွင် အိမ်ထဲမှာ ဆေးလိပ်သောက်မှုကို တိုင်ကြားလိုပါက Hotline နံပါတ် 1300 ကို ခေါ်ဆို တိုင်ကြားနိုင်ပြီး ကျူးလွန်သူကို တရားစွဲဆို ဒဏ်ငွေရိုက်ခံရမှာဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့ ဆေးလိပ်နဲ့ပက်သက်ပြီး နောက်ဆုံးလှုပ်ရှားမှုတစ်ခုအဖြစ် အများသူငါ သွားလာရာ Public Area တွေမှာ ဆေးလိပ်သောက်ခွင့်ကို တားမြစ်ခဲ့ပြီးနောက် ယခုတစ်ဖန် အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်းကိုပါ ဥပဒေနဲ့ တားမြစ်လိုက်တာဖြစ်ပါတယ်။

လေဆိပ်တွေထဲမှာ ဆေးလိပ်သောက်ခွင့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်တားမြစ်ခဲ့ပြီး ကျူးလွန်ပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က လေဆိပ်အတွင်းထဲမှာ ရှိနေတဲ့ ဆေးလိပ်သောက်နိုင်တဲ့ အခန်းတွေမှာပါ ဆေးလိပ်သောက်ခွင့်မရှိတော့ပဲ လေဆိပ်ရဲ့ အပြင်ဘက်မှာ ဆေးလိပ်သောက်ရန် သီးသန့်အခန်း ဆောက်လုပ်ပေးထားပါတယ်။

ထိုင်းနိုင်ငံတွင် တရားဝင် ဆေးလိပ်သောက်ခွင့်ရသည့် အရွယ်ကို အသက် ၁၈ နှစ်ကနေ အသက် ၂၀ ထိ တိုးမြှင့်ခဲ့ပြီး ဥပဒေကိုချိုးဖောက်ပါက ထောင်ဒဏ် ၃ လ နှင့် ထိုင်းဘတ်ငွေ ၃၀,၀၀၀ နဲ့အထက် ချမှတ်ခံရမှာဖြစ်ပါတယ်။

ဆေးလိပ်ဝယ်ယူရာတွင် မိမိ၏ မှတ်ပုံတင်ကတ်ပြား ပြနိုင်မှသာ ရောင်းချခွင့်ရှိပြီး အသက်မပြည့်သေးသူတွေကို ရောင်းချပါက ဒဏ်ငွေရိုက်ခံရမည့်အပြင် ဆေးလိပ်ရောင်းခွင့် လိုင်စင်ကိုပါ ရုတ်သိမ်းမည်ဖြစ်သည်။

ထိုင်းနိုင်ငံမှာ ဆေးလိပ်သောက်သူ ၁၀ သန်းဝန်းကျင်ရှိပြီး ဆေးလိပ်ကြောင့် သေဆုံးသူ နှစ်စဉ် ၇၂,၀၀၀ ရှိနေကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

Credit: POPOLAY