Zawgyiဖြင့်ဖတ်ရန်





 

 

Unicode ဖြင့်ဖတ်ရန်

ပိုင်တံခွန်ရဲ့ ခြေထောက်ဒဏ်ရာအတွက် ပြင်းပြင်းထန်ထန် စိတ်ပူနေကြတဲ့ ထိုင်းပရိသတ်များထိုင်းနိုင်ငံမှာ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဒာကိုယ်၊ ယောကျာ်းပီသတဲ့ မျက်နှာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ကူးသန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတာပါ။ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ များစွာ ရရှိလာတဲ့ ပိုင်တံခွန်ကို ပရိသတ်တိုင်းကလည်း အားပေးချစ်ခင်ကြတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ လပိုင်းလောက်က ပိုင်တံခွန်က ရိုက်ကူးရေးတစ်ခုလုပ်ရင်း ခြေကျင်းဝတ်နာခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် ပိုင်တံခွန်က ဒဏ်ဖြစ်နေတဲ့ ခြေတောက်ဒဏ်ရာကို ဆေးကုသမှု စတင်ခံယူနေရတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ ခြေတောက်ဒဏ်ရာကို ထိုင်းပရိသတ်တွေက တော်တော်လေး စိတ်ပူနေခဲ့တာ ဖြစ်ပေမယ့် ပိုင်တံခွန်ရဲ့ ခြေတောက်ဒဏ်ရာက ဘာမှစိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

ပိုင်တံခွန်ရဲ့ ခြေကျင်းဝတ်က အရိုးကျိုးတာ၊ အက်တာမျိုးမရှိပဲ ပုံမှန်အတိုင်း ကောင်းမွန်နေတယ်လို့ သိရပါတယ်။ထိုင်းပရိသတ်တွေကတော့ ပိုင်တံခွန်အတွက် ပြင်းပြင်းထန်ထန် စိတ်ပူပေးနေကြပေမယ့် ပိုင်တံခွန်ကတော့ ကြီးကြီးမားမား ဘာမှမဖြစ်တာ တော်ပါသေးတယ်နော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တစ်ယောက် သက်သာဖို့ ဆုတောင်းပေးကြပါဦးနော်။

Credit:-Momolay