Zawgyiဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

ဘွဲ့ရခဲ့တာ ဖခင်ဖြစ်သူ ဆိုက်ကားသမားကြောင့်ပါလို့ ဂုဏ်ယူစွာပြောဆိုနေတဲ့ မိန်းခလေး အကြောင်း
ပညာသာအမှန်တစ်ကယ်လိုချင်တယ်ဆိုရင် ချမ်းသာတာ ဆင်းရဲတာက အရေးမကြီးဘူးဆိုတာကို Sandra Estefani Ramos က သက်သေပြခဲ့ပါတယ်။

ချမ်းသာတဲ့လူတစ်ယောက်အဖြစ်မွေးဖွာလာဖို့ဆိုတာ လူတိုင်းမဖြစ်နိုင်ပါဘူး။ စာရင်းများအရကမ္ဘာပေါ်မှာကြီးပြင်းလာတဲ့သူများတွေ အများစုဟာ ဆင်းရဲတဲ့သူတွေဖြစ်ကြပြီး ကိုယ့်ဘဝရဲ့အောင်မြင်မှုအတွက် ကိုယ်တိုင်လမ်းဖောက်ကြပါတယ်။အဲဒီထဲကမှ ဖိလစ်ပိုင်နိုင်ငံသူလေးဟာ ဆင်းရဲတဲ့မိသားစုကနေ ပေါက်ဖွားလာခဲ့ပြီး လက်ရှိမှာနည်းပညာသိပ္ပံကျောင်းကနေ ဘွဲ့ရရှိထားပါတယ်။

သူမရဲ့ကျောင်းစရိတ်နဲ့ ဘွဲ့ရအောင်ကြိုးစားခဲ့တဲ့နေရာမှာ အရေးအကြီးဆုံးက သူမရဲ့ ဖခင်ဆိုက္ကားသမားဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောခဲ့ပါတယ်။ဖခင်ဆင်းရဲတာဟာ ရှက်စရာမဟုတ်တဲ့အကြောင်းနဲ့ ဖခင်ရဲ့ ဆိုက္ကားခကနေ ရဲတဲ့ငွေနဲ့ ခုလို ဘွဲ့ရအောင်တက်ခဲ့ရတာလို့လည်း သူမက ပြောပါတယ်။

လူချမ်းသာတာ ဆင်းရဲ့တာထက် စိတ်ဓာတ်ချမ်းသာဖို့က ပိုပြီးအရေကြီးပါတယ်…. ကိုယ့်မိဘဟာ ဘယ်လိုအခြေအနေပဲရောက်နေပါစေ..ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသခဲ့တဲ့ သူမရဲ့လုပ်ရပ်ကိုကမ္ဘာတစ်ဝှမ်းချီးကျူးနေကြပါတယ်။

Credit: Lucky Myanmar

Original Post:,Credit – Writer – SHN (Shwe Yaung Lan)