Zawgyi ဖြင့်ဖတ်ရန်



Unicode ဖြင့်ဖတ်ရန်

မျက်မြင်တွေရဲ့ပြောပြချက်အရတော့ မင်္ဂလာပွဲကျင်းပနေချိန်မှာ အသေခံဗုံးခွဲသမားက ဗုံးကိုချိန်ကိုက် ဖောက်ခွဲခဲ့တာအာဖဂန်မြို့တော်၊ ကဘူးက မင်္ဂလာပွဲတစ်ခုရဲ့ခန်းမထဲမှာ အသေခံဗုံးခွဲသမားတဦးက ဗုံးခွဲခဲ့လို့ တက်ရောက်လာသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မျက်မြင်တွေရဲ့ပြောပြချက်အရတော့ မင်္ဂလာပွဲကျင်းပနေချိန်မှာ အသေခံဗုံးခွဲသမားက ဗုံးကိုချိန်ကိုက် ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုက ရှီအာမူဆလင်တွေအများဆုံးနေထိုင်တဲ့ ကဘူးမြို့တော်ထဲက နေရာတခုမှာ ဒေသစံ တော်ချိန် ည ၁၁နာရီလောက်ကဖြစ်ခဲ့တာပါ။အခုလိုအသေခံဗုံးခွဲတိုက်ခိုက်တာကိုတော့ ဘယ်လက်နက်ကိုင်အဖွဲ့ကမှာ သူတို့လုပ်တာလို့ ပြောဆိုတာမရှိသေးပါဘူး။တာလီဘန်နဲ့ အိုင်အက်စ် စစ်သွေးကြွတွေက အာဖဂန်နဲ့ ပါကစ္စတန်မှာရှိတဲ့ လူနည်းစု ရှီအာမူဆလင်တွေ အပေါ် အမြဲပစ်မှတ်ထားတိုက်ခိုက်တာတွေရှိပါတယ်။

Credit: BBC Burmese

https://www.bbc.com