Zawgyiဖြင့်ဖတ်ရန်







   

ကိုယ်တိုင် အရင်ကပေါင်ကြောပြတ်ဖူးလို့ အိမ်မှာလုပ်ပီးအသုံးပြုနေတာ နှစ်နဲ့ချီနေပါပီနော် တကယ်လည်းကောင်းလို့ပြန်လည်မျှဝေပေးလိုက်တာပါ ပိုက်ဆံ မကုန်ပဲထိရောက်တဲ့ ဆေးလေးပါ

ကိုယ်ဝန်ဆောင် လို့ပဲ ဗိုက်ကြောပြတ်ပြတ် / ဝလာလို့ပဲပေါင်ကြောပြတ်ပြတ် ဘယ်လိုအကြောင်းရာကြောင့်ပေါင်ကြောပြတ်ပြတ် ဆေးကောင်းရှိပါတယ်နော် လုပ်ရတာလည်း မခက်ပဲ အရမ်းကို လွယ်ကူ ရိုးရှင်းပါတယ်

ရှားစောင်းလက်ပတ်အပင်ကြီးက အနှစ်တုံး ငါးခုခြောက်ခုခန့်နဲ့ အုန်းဆီ စစ်စစ် သံပုရာအနည်းငယ်ပဲလိုတာပါနော်း အုန်းဆီက M150 ပုလင်း တစ်ပုလင်းခွဲးလိုပါတယ်

သံအိုးတစ်ခုထဲမှာ ရှားစောင်းအနှစ်ချည်းထည့်ပါ အုန်းဆီလောင်းထည့်ပါ အဲ့ဒီအိုးကို မီးဖိုပေါ်တင်ပီး မီးခပ်အေးအေးလေးနဲ့သာ ပေးဆူထားပါ မိနစ် 30ခန့်တည်ပီး ရှားစောင်းတွေမဲတဲ့ထိ တည်ပီး မီးဖိုပေါ်မှချကာ ရှားစောင်းအမဲတွေကိုဖယ်ပါ ဆီရည်တွေကို ဖန်ဘူးတစ်ခုတည်း လောင်းထည့်ထားပါ

အကြေားပြတ်တဲ့နေရာတွေကို ထိုဆီရေဖြင့် အသားထဲစိမ့်ဝင်အောင် နေ့စဉ်တစ်ကြိမ်မှ နှစ်ကြိမ်လိမ်းပေးသွားရင်သိသိသာသာ တစ်ပတ်အတွင်း လျော့လာမှာပါ

ဂျွတ်တတ်နေတဲ့ နေရာတွေနဲ့ အမာရွတ်နေရာတွေကို သံပုရာရည်အနည်းငယ် ရောစပ်ကာ လိမ်းပေးနိုင်ပါတယ်နော်နှစ်ပတ်အတွင်း လျော့သွားမှာပါညအိပ်ခါနီးတိုင်း Bodyအနှံ့ လိမ်းပေးသွားရင်လည်းစိုပြေဝင်းလက် တင်းရင်းတဲ့ အသားအရည်ကို ရစေမှာပါနော်

Credit:MiMiSOE