Zawgyi ျဖင့္ဖတ္ရန္

ဘီယာ ေသာက္သူေတြ မ်ားေသာအားျဖင့္ ဆိုင္ေတြမွာ ႀကဳံရတဲ့ ဂ်င္းျဖစ္ပါတယ္။ဘီယာေဈးေလးမ်ားတက္ၿပီဆိုရင္ ေျမပဲေလးတစ္ပြဲေလာက္ လက္ေဆာင္ေပးတတ္ပါတယ္။ဒါဟာ သူတို႔အတြက္ နစ္နာသြားစရာအေၾကာင္းမရွိသလို တခ်ိဳ႕ေသာက္သုံးသူေတြက ဒါေတြကို မက္တတ္ပါတယ္။

တခါတေလမွာ အသင့္ေသာက္ အေအးေတြက အသီးအႏွံပုံေတြဟာ စိုေျပဝင္းလက္ၿပီး ေသာက္ခ်င္ဖြယ္ စားခ်င္ဖြယ္ အေရာင္ေတြျဖစ္ပါတယ္။အဲ့အသီးလတ္လတ္ဆတ္ဆတ္ေတြေတာင္ အဲ့ေလာက္မလွတတ္ပါဘူး။သူတို႔ရဲ႕ သဘာဝအရည္ေတြလည္း အဲ့ေလာက္မေတာက္ၾကပါဘူး။

တခ်ိဳ႕ကေတာ့ မိမိတို႔ရဲက အစားအေသာက္ထုတ္ပိုးမႈ တည့္သြင္းမႈကို ေျပာင္းလဲထုတ္လုပ္တတ္ပါတယ္။တကယ္တမ္းျပန္ခ်ိန္ၾကည့္ရင္ အရင္က ပမာဏနဲ႔ ဘာမွကြာျခားျခင္းမရွိပဲ အဟန႔္ကို ေျပာင္းလဲလိုက္ၿပီး စားသုံးသူကို မက္လုံးေပးတာျဖစ္ပါတယ္။

တခ်ိဳ႕ပစၥည္းေတြက ေလ်ာ့ေတာ့ေလ်ာ့ပါတယ္။1000 တန္ ပစၥည္းက 999 က်ပ္ျဖစ္သြားတာမ်ိဳးပါ။ဒါကို တေလာက နာမည္ႀကီး ဖုန္းကုမၸဏီတခုကေတာင္ လုပ္လိုက္လို႔ သတိထားမိသူေတြေၾကာင့္ အရွက္ကြဲခဲ့ပါေသးတယ္။လူဟာ ဂဏန္းေျပာင္းရင္ ေလ်ာ့သြားၿပီလို႔ ထင္တတ္ၾကပါတယ္။

တကယ္ေတာ့ တခ်ိဳကထုတ္ကုန္ပစၥည္းေတြက တပတ္သက္တမ္းသာ ရွိပါတယ္။တခ်ိဳ႕ဆို ငါးရက္ သက္တမ္းသာ ရွိပါတယ္။တကယ္လို႔ သင္ဟာ မႈိလိုက္လြယ္တဲ့ ပစၥည္းဝယ္ရင္ သတိထားၿပီး ရက္စြဲစစ္ပါတယ္။တပတ္ထက္ေက်ာ္လြန္ေန႔တဲ့ ရက္စြဲေပးထားရင္ အဲ့ဒီကုမၸဏီဟာ သူ႔ပစၥည္းေရာင္းကုန္ေရးသာ ဦးတည္ၿပီး သုံးစြဲသူရဲ႕ က်န္းမာေရစးကို ထည့္မတြက္ေပးထားပါဘူး။

တခါတေလ ေဈးခ်ေပးလိုက္တယ္ဆိုတာ သက္တမ္းကုန္လြန္တဲ့ အစားအစာေတြျဖစ္ပါတယ္။ဒါမွမဟုတ္ ကုန္လုဆဲဆဲ စားေသာက္ကုန္ေတြျဖစ္ပါတယ္။ဒါေတြကို ေဈးပဲၾကည့္ၿပီး ဝယ္သူေတြဟာ အႏၲရာယ္ကို ဝယ္ယူသလိုပါပဲ။

တခ်ိဳကက နားလွည့္ပါး႐ိုက္လုပ္တတ္ပါတယ္။1000 တန္တဲ့ ပစၥည္းကို 1000 ပဲရွိေတာ့တယ္လို႔ ေရးတာမ်ိဴး၊1000 ဖိုးက်တာကို 1000 ပဲေပးပါ ေျပာတာမ်ိဳးရွိပါတယ္။ဒါကေတာ့ ေတာ္ေတာ္ေလး တြင္က်ယ္တဲ့ ေဈးသည္ေလာကရဲ႕ အသုံးအႏႈန္းျဖစ္ပါတယ္။

တခါတေလ စက္ပစဥ္းေတြ ထုတ္လုပ္မႈမွာလည္း ဘယ္ေလာက္ျမန္ေၾကာင္း ဘယ္လို အႀကိမ္းခံေၾကာင္းေတြ ေျပာျပတတ္ပါတယ္။တကယ္တမ္းေတာ့ သူတို႔ေျပာသလို မဟုတ္ပါဘူး။တခ်ိဳ႕ဆို ေခါက္ဆြဲျပဳတ္ေၾကာ္ျငာေတြမွာ မပါတဲ့ ပင္လယ္စာေတြ ထည့္ျပထားပါတယ္။ဒါလည္း ဂ်င္းတမ်ိဳးပါပဲ။စားခ်င္ ဝယ္ထည့္ဆိုတာမ်ိဳးပါပဲ။

ကိုလာေတြမွာ ဒါမွမဟုတ္ စပ႐ိုက္ေတြမွာ zero ကယ္လိုရီဆိုၿပီး သီးသန႔္ထုတ္တဲ့ ဗူးေတြရွိပါတယ္။တကယ္ေတာ့ ဒီအေရေတြကို ဘယ္လို ထုတ္ထုတ္ ကယ္လိုရီ မပါ ပါဘူး။က်န္းမာေရး လိုက္စားတယ္ အထင္ခံခ်င္သူေတြသာ ဝယ္ေသာက္တာျဖစ္ၿပီး က်န္းမာေရးတကယ္လိုက္စားသူေတါကေတာ့ အေအးေတြ မေသာက္ပါဘူး။

တခ်ိဳ႕မ်ားဆို အေရအတြက္ အကန႔္အသတ္နဲ႔ အခ်ိန္အကန႔္အသတ္နဲ႔ေတာင္ ၿခိမ္းေျခာက္ေရာင္းလိုက္ပါေသးတယ္။ဒါက ပိုဆြဲေဆာင္စရာလို႔ ထင္ၿပီး ဝယ္သူကလည္း မရမွာစိုးတဲ့ စိတ္နဲ႔ အလုအယက္ဝယ္ပါတယ္။သူတို႔က အခု 100 ျပထားၿပီး အရံက 1 သိန္းေလာက္ ဝွက္ထားပါတယ္။မဝယ္ဘူးဆိုရင္ အေရအတြက္အကန႔္အသတ္မရွိျဖစ္သြားၿပီး ေဈးပါ က်သြားတတ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

ဘီယာ သောက်သူတွေ များသောအားဖြင့် ဆိုင်တွေမှာ ကြုံရတဲ့ ဂျင်းဖြစ်ပါတယ်။ဘီယာဈေးလေးများတက်ပြီဆိုရင် မြေပဲလေးတစ်ပွဲလောက် လက်ဆောင်ပေးတတ်ပါတယ်။ဒါဟာ သူတို့အတွက် နစ်နာသွားစရာအကြောင်းမရှိသလို တချို့သောက်သုံးသူတွေက ဒါတွေကို မက်တတ်ပါတယ်။

တခါတလေမှာ အသင့်သောက် အအေးတွေက အသီးအနှံပုံတွေဟာ စိုပြေဝင်းလက်ပြီး သောက်ချင်ဖွယ် စားချင်ဖွယ် အရောင်တွေဖြစ်ပါတယ်။အဲ့အသီးလတ်လတ်ဆတ်ဆတ်တွေတောင် အဲ့လောက်မလှတတ်ပါဘူး။သူတို့ရဲ့ သဘာဝအရည်တွေလည်း အဲ့လောက်မတောက်ကြပါဘူး။

တချို့ကတော့ မိမိတို့ရဲက အစားအသောက်ထုတ်ပိုးမှု တည့်သွင်းမှုကို ပြောင်းလဲထုတ်လုပ်တတ်ပါတယ်။တကယ်တမ်းပြန်ချိန်ကြည့်ရင် အရင်က ပမာဏနဲ့ ဘာမှကွာခြားခြင်းမရှိပဲ အဟန့်ကို ပြောင်းလဲလိုက်ပြီး စားသုံးသူကို မက်လုံးပေးတာဖြစ်ပါတယ်။

တချို့ပစ္စည်းတွေက လျော့တော့လျော့ပါတယ်။1000 တန် ပစ္စည်းက 999 ကျပ်ဖြစ်သွားတာမျိုးပါ။ဒါကို တလောက နာမည်ကြီး ဖုန်းကုမ္ပဏီတခုကတောင် လုပ်လိုက်လို့ သတိထားမိသူတွေကြောင့် အရှက်ကွဲခဲ့ပါသေးတယ်။လူဟာ ဂဏန်းပြောင်းရင် လျော့သွားပြီလို့ ထင်တတ်ကြပါတယ်။

တကယ်တော့ တချိုကထုတ်ကုန်ပစ္စည်းတွေက တပတ်သက်တမ်းသာ ရှိပါတယ်။တချို့ဆို ငါးရက် သက်တမ်းသာ ရှိပါတယ်။တကယ်လို့ သင်ဟာ မှိုလိုက်လွယ်တဲ့ ပစ္စည်းဝယ်ရင် သတိထားပြီး ရက်စွဲစစ်ပါတယ်။တပတ်ထက်ကျော်လွန်နေ့တဲ့ ရက်စွဲပေးထားရင် အဲ့ဒီကုမ္ပဏီဟာ သူ့ပစ္စည်းရောင်းကုန်ရေးသာ ဦးတည်ပြီး သုံးစွဲသူရဲ့ ကျန်းမာရေစးကို ထည့်မတွက်ပေးထားပါဘူး။

တခါတလေ ဈေးချပေးလိုက်တယ်ဆိုတာ သက်တမ်းကုန်လွန်တဲ့ အစားအစာတွေဖြစ်ပါတယ်။ဒါမှမဟုတ် ကုန်လုဆဲဆဲ စားသောက်ကုန်တွေဖြစ်ပါတယ်။ဒါတွေကို ဈေးပဲကြည့်ပြီး ဝယ်သူတွေဟာ အန္တရာယ်ကို ဝယ်ယူသလိုပါပဲ။

တချိုကက နားလှည့်ပါးရိုက်လုပ်တတ်ပါတယ်။1000 တန်တဲ့ ပစ္စည်းကို 1000 ပဲရှိတော့တယ်လို့ ရေးတာမျိူး၊1000 ဖိုးကျတာကို 1000 ပဲပေးပါ ပြောတာမျိုးရှိပါတယ်။ဒါကတော့ တော်တော်လေး တွင်ကျယ်တဲ့ ဈေးသည်လောကရဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

တခါတလေ စက်ပစဉ်းတွေ ထုတ်လုပ်မှုမှာလည်း ဘယ်လောက်မြန်ကြောင်း ဘယ်လို အကြိမ်းခံကြောင်းတွေ ပြောပြတတ်ပါတယ်။တကယ်တမ်းတော့ သူတို့ပြောသလို မဟုတ်ပါဘူး။တချို့ဆို ခေါက်ဆွဲပြုတ်ကြော်ငြာတွေမှာ မပါတဲ့ ပင်လယ်စာတွေ ထည့်ပြထားပါတယ်။ဒါလည်း ဂျင်းတမျိုးပါပဲ။စားချင် ဝယ်ထည့်ဆိုတာမျိုးပါပဲ။

ကိုလာတွေမှာ ဒါမှမဟုတ် စပရိုက်တွေမှာ zero ကယ်လိုရီဆိုပြီး သီးသန့်ထုတ်တဲ့ ဗူးတွေရှိပါတယ်။တကယ်တော့ ဒီအရေတွေကို ဘယ်လို ထုတ်ထုတ် ကယ်လိုရီ မပါ ပါဘူး။ကျန်းမာရေး လိုက်စားတယ် အထင်ခံချင်သူတွေသာ ဝယ်သောက်တာဖြစ်ပြီး ကျန်းမာရေးတကယ်လိုက်စားသူတေါကတော့ အအေးတွေ မသောက်ပါဘူး။

တချို့များဆို အရေအတွက် အကန့်အသတ်နဲ့ အချိန်အကန့်အသတ်နဲ့တောင် ခြိမ်းခြောက်ရောင်းလိုက်ပါသေးတယ်။ဒါက ပိုဆွဲဆောင်စရာလို့ ထင်ပြီး ဝယ်သူကလည်း မရမှာစိုးတဲ့ စိတ်နဲ့ အလုအယက်ဝယ်ပါတယ်။သူတို့က အခု 100 ပြထားပြီး အရံက 1 သိန်းလောက် ဝှက်ထားပါတယ်။မဝယ်ဘူးဆိုရင် အရေအတွက်အကန့်အသတ်မရှိဖြစ်သွားပြီး ဈေးပါ ကျသွားတတ်ပါတယ်။