Zawgyi ဖြင့်ဖတ်ရန်











သင်ကြားပေးတာပါ။


Unicodeဖြင့်ဖတ်ရန်

ဂျပန်နိုင်ငံ ဟာ ပညာရေး နဲ့ပတ်သတ်လာရင် အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပါ။ဒီလိုတိုးတက်ရတာဟာလည်း သူတို့ ပညာရေးစနစ် ဟာ အထူးကောင်းမွန်တဲ့အတွက်ကြောင့်ပါ။ သင်တောင်မထင်မှတ်ထားမိတဲ့လမ်းစဉ်တွေဟာ သူတို့ရဲ့ပညာရေးစနစ် ကိုတိုးတက်တတ်စေတာပါ။

(၁)ကျောင်းစတတ်ခါစ ၃ နှစ်အတွင်းစာမေးပွဲမဖြေဆိုရခြင်း။

အစဉ်အလာအရ ဂျပန်လူမျိုး တွေဟာ လူတစ်ယောက်ရဲ့ အပြုအမူ(manner)ကို အရမ်းတန်ဖိုးထားကြပါတယ်။ကလေးတွေကို စာသင်ရာမှာလည်း စာမေးပွဲဖြေဖို့၊ ကလေး တစ်ယောက် စာဘယ်လောက်တတ်လဲ အကဲဖြတ်ဖို့ဆိုတာထက် ကလေးတွေကို ဘယ်လိုပြုမူနေထိုင်ဆက်ဆံရမယ်ဆိုတာသင်ကြားဖို့ကိုအဓိကထားပါတယ်။အတန်းထဲမှာလည်းဆရာ၊ဆရာမတင်မကပဲ ကျောင်းသူ ကျောင်းသာ အချင်းချင်းပါ အပြန်အလှန်လေးစားတတ်စေဖို့သင်ကြားပေးတာပါ။စာမေးပွဲစစ်ဆေးတဲ့စနစ်ထက်စာရင် ဒီနည်းကသာ ကလေးငယ်တွေရဲ့ အကျင်
့စရိုက်ကို ပိုမိုကောင်းမွန်တိုးတက်စေနိုင်မယ်လို့ခံယူကြပါတယ်။

(၂)သန့်ရှင်းရေးသမားမထားရှိခြင်း။

ဂျပန်နိုင်ငံ က ကျောင်းတွေမှာ အခန်းနဲ့အိမ်သာသန့်ရှင်းရေးကို ကျောင်းသူကျောင်းသားအာလုံးအတူလုပ်ဆောင်ရပါတယ်။ဒီလိုလုပ်စေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ တာဝန်သိတတ်ခြင်း၊ စည်းကမ်းရှိခြင်း စတဲ့အပြုအမူများကို သင်ကြားပေးပါတယ်။အဖွဲ့လိုက်တာဝန်တွေကို အလှည့်ကျလုပ်ဆောင်စေပြီး၊အလုပ်တိုင်းကိုလုပ်တတ်အောင် သူများလုပ်ထားတာကိုလည်းတန်ဖိုးထားတတ်အောင်သင်ကြားပေးတာပါ။

(၃)ကျောင်းသူကျောင်းသားတိုင်းကို တူညီတဲ့၊ အာဟာရမျှတတဲ့အစားအစာကိုကျွေးခြင်း။

အစားအစာတချို့နဲ့ဓာတ်မတဲ့သူကလွဲရင် ကျန်တဲ့သူတွေကတူညီတဲ့၊အာဟာရပြည့်ဝတဲ့အစားအစားတွေကိုစားသုံးရပါတယ်။ဒီလိုစားသုံးစေခြင်းဖြင့်ကလေးတွေက အာဟာရပြည့်ဝတဲ့အစာတွေကဘာတွေဖြစ်တယ်၊ ဘယ်အစားအစာမှာဘာဓာတ်တွေရှိတယ၊် ကျန်းမာစေဖို့ဘာတွေစားသုံးရမယ်ဆိုတာ သင်ကြားပြီးသားဖြစ်သွားပါတယ်။နောက်ပြီး ဆရာ၊ဆရာမတွေကလည်းကျောင်းသူကျောင်းသားတွေနဲ့အတူ အတန်းထဲမှာပဲနေ့လည်စာစားကြပါတယ်။ဆရာ၊ဆရာမနဲ့ကျောင်းသူကျောင်းသားကြားက ဆက်နွယ်မှုကို ပိုမိုပွင့်လင်းစေပြီး၊ ရင်နှီးမှုရစေဖို့အတွက်ပဲဖြစ်ပါတယ်။

(၄)ဂျပန်အစိုးရကျောင်း တိုင်း ရိုးရာ အနုပညာ ကိုသင်ကြားပေးခြင်း။

ဂျပန်နိုင်ငံမှ ကျောင်းသူ ကျောင်းသား ငယ်တိုင်းဟာ Shodo (ဂျပန်စာ Kanji နဲ့ Kanna ကိုမင်တံဖြင့်ရေးနည်း)၊ Haiku(ဂျပန်လက်မှုပညာ) နဲ့ ကဗျာရေးစပ်နည်းတွေကို သင်ကြားရပါတယ်။ဒီလိုသင်ကြားခြင်းဖြင့်ကျောင်းသူ ကျောင်းသား များကို မိမိ ရိုးရာ ကိုသိရှိပြီး အလေးထားတတ်အောင်၊ ချစ်မြတ်နိုးအောင၊် ဂုဏ်ယူတတ်အောင်သင်ကြားပေးပါတယ်။

(၅) ကျောင်းသူ ကျောင်းသား တိုင်း တူညီဝတ်စုံဝတ်ဆင်ရခြင်း။

ဂျပန်နိုင်ငံ မှ ကျောင်းသူ ကျောင်းသား အားလုံးဟာ တူညီဝတ်စုံဝတ်ဆင်ရပါတယ်။ကျောင်းသားများအတွက်အမည်းရောင် တပ်သားဝတ်စုံဒီဇိုင်း နဲ့ ကျောင်းသူ များအတွက် Sailor Blouse နဲ့ စကတ် ဆိုပီးသတ်မှတ်ထားပါတယ်။တစ်ချို့စည်းကမ်းတင်းကြပ်တဲ့ကျောင်းတွေမှာဆိုရင် Make up၊ Accessories၊ လွယ်အိတ်ကအစသတ်မှတ်ထားတာတွေရှိပါတယ်။ဒီလိုတူညီဝတ်စုံ ဝတ်စေခြင်းဖြင့် အဖွဲ့အစည်း နဲ့တသားတည်းနေတတ်အောင်
သင်ကြားပေးတာပါ။

ဂျပန်နိုင်ငံ ရဲ့ အတန်းငယ်ပညာရေး ဟာ သင်ကြားအပ်တာတွေကို စာတွေ့သင၊် တတ်မတတ်သိစေဖို့စာမေးပွဲဖြေခိုင်းပြီး၊ စစ်ဆေးတာမျိုးမဟုတ်ပါဘူး။အမှန်တကယ်လက်တွေ့သင်ကြားပေးပြီး၊ ကျောင်းသူကျောင်းသားတွေကို စိတ်ဖိစီးမှုမရှိစေအောင်၊ လက်တွေ့မှာကျင့်သုံးတတ်အောင်၊ တကယ်တတ်မြောက်အောင်၊မှတ်မိအောင်သင်ကြားပေးတဲ့ ပညာရေးစနစ် တစ်ခုပဲဖြစ်ပါတယ်။

Credit : Shwemom